ပြီးခဲ့သည့် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းမှ တစ်စိတ်တစ်ပိုင်ပျက်နှင့် ပြိုပျ-က်အိမ်များ ထောက်ပံ့နိုင်ရေး ဟောင်ကောင် အစိုးရနှင့် ဟောင်ကောင် ကြက်ခြေနီတို သဘာဝဘေးရန်ပုံငွေဖြင့် ၂၀ ၂၅ ခုနှစ် ငလျင်ဘေးထောက်ပံ့ပစ္စည်းများကို ဒီဇင်ဘာလ (၆)ရက် နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် မြိုနယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်ကာ ဒီဇင်ဘာ (၆) ရက် နံနက်ပိုင်းက ဘုရင့်နောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဘုရင့်နောင်ရပ်ကွက်အတွင်း စာရင်းရှိ ပြိုပျ-က်အိမ်နှင့် တစ်စိတ်တစ်ပိုင်ပျက်အိမ် (၂၅၀) လုံးအတွက် စောင်၊ ခြင်ထော င်၊ မိုးကာ၊ ပလတ်စတစ်ပုံး၊ ရေဘူးတို့ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
