နေပြည်တော်၊ တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်ရှိ အောင်းကြီးရေကန်တွင် ဇွန်လ ၅ရက်၊ နေ့လည် ၁၂နာရီ ၂၂မိနစ်အချိန်တွင် ရေနစ်ခဲ့သည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တစ်ရက်အကြာတွင် ယင်းရေကန်၌ ပြန်တွေ့ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါရေကန်အတွင်း ရေနစ်ခဲ့သည့်အမျိုးသားကို မြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့ ဇွန်လ ၆ရက်နေ့ နံနက် ၁၀ နာရီ ၄၅မိနစ်အချိန်တွင် ရုပ်အလောင်းကို ပြန်တွေ့ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ရေနစ်သေဆုံးခဲ့သည့် အမျိုးသားရုပ်အလောင်းကို နေပြည်တော်၊ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။