မန္တလေးငလျင်ကြီးဒဏ်ကြောင့် ဆေးရုံအဆောက်အအုံများထိခိုက်ပျက်စီးခဲ့သဖြင့် ယာယီပြောင်းရွှေ့ဖွင့်လှစ် ခဲ့ရသော ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည် တော်နှင့် သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး -နေပြည်တော်တို့သည် လက်ရှိအချိန်၌ မူလဆေးရုံနေ ရာများ၌ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ကာကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကုသပေးနေမှုအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အောက်တိုဘာ ၃၁ ရက်ညနေပိုင်းကကြည့်ရှုစစ်ဆေး ၍ ဆေးရုံတက်ရောက်နေသည့် လူနာများနှင့် မိသားစုဝင်များ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကိုတွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လူနာများဘေးကင်းလုံခြုံရေး အလေးထားရန်၊ ပြင်ဆင်ရန်ကျန်ရှိသည်များကို ပြင်ဆင်ရာတွင်အရည် အသွေးကောင်းမွန်သော အဆောက်အဦများဖြစ်ပြီး လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများစိတ်အေးချမ်းစွာ ကုသမှုဆောင်ရွက်နိုင်ရေးအလေးထားရန်၊ ကျန်ရှိသော ပျက်စီးအဆောက်အဦများအား ပြင်ဆင်မှုအမြန်ပြီးစီးရေးနှင့် ကုသရေးလုပ်ငန်းများအတွက်မှာကြားခဲ့ကြောင်း သိရသည်။
