Tuesday, February 17, 2026

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ...

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်...

ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတ နှင့်...
HomeNewsLocal Newsနေပြည်တော်ရှိပို့ဆက် ဝန်ထမ်းများ ကိုဗစ်​ကြောင့်...

နေပြည်တော်ရှိပို့ဆက် ဝန်ထမ်းများ ကိုဗစ်​ကြောင့် (၂) ပတ်ရုံးတက်၍ (၂) ပတ် နေအိမ်မှရုံးလုပ်ငန်း လုပ်ဆောင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြား

နေပြည်တော်ရှိပို့ဆက် ဝန်ထမ်းများ ကိုဗစ်​ကြောင့် (၂) ပတ်ရုံးတက်၍ (၂) ပတ် နေအိမ်မှရုံးလုပ်ငန်း လုပ်ဆောင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြား

နေပြည်တော်၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ကိုဗစ်(၁၉)ရောဂါကူးစက်မှုနှင့်ဖြစ်ပွားမှုနှုန်းများလာသဖြင့် စက်တင်ဘာ ၁၂ ရက်မှစတင်ကာ အလှည့်ကျစနစ်ဖြင့် တစ်လလျင် ၂ ပတ်ရုံးတက်၍ ၂ ပတ်အားနေအိမ်တွင်နေ ထိုင်ကာ ရုံးလုပ်ငန်းများဆောင်ရွက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ခဲ့သည်။

နေပြည်တော်၌ ဩဂုတ်လကုန်မှစ၍ ကိုဗစ်(၁၉) ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းများလာကာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှဝန်ထမ်း ၄၈ ဦးတွင် ရောဂါပိုးတွေ့ရှိရသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ပုဗ္ဗသီရိမြို့နယ်ဆေးရုံကုတင်-၃၀၀ ၌ဆေးကုသမှုခံယူနေရသည်။

ထို့ကြောင့် ရောဂါဖြစ်ပွားမှုနှုန်းလျော့နည်းစေရန်နှင့်ဌာနအလိုက်လုပ်ငန်းတာဝန်များအား ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ၂ ပတ်ရုံးတက်၍ ၂ ပတ်နေအိမ်၌ ရုံးလုပ်ငန်းများဆောင်ရွက်ရန် အသိပေးထုတ်ပြန်ခဲ့သော်လည်း ဌာန၊အဖွဲ့အစည်းများ၌ ဒု-ညွှန်ကြားရေးမှူးနှင့်အထက်အဆင့်ဝန်ထမ်းများမှာမူ နေ့စဉ်ရုံးတက်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက်ဝန်ထမ်းအားလုံး၏တစ်ဝက်သည် ၂ ပတ်ရုံးတက်၍ ကျန်တစ်ဝက်သည် ၂ ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းများကို အလှည့်ကျဆောင်ရွက်ရမည်ဖြစ်သည်။

၂ ပတ်နေအိမ်၌ အလုပ်လုပ်ကိုင်ရန်အလှည့်ကျသည့် ဝန်ထမ်းများသည် နေထိုင်ရာ အဝန်းအ ဝိုင်း(အိမ်၊အဆောင်၊ရိပ်သာ၊အိမ်ရာ)အတွင်း၌ သာနေထိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ဈေးဝယ်ထွက်ခြင်းတို့မှလွဲ၍ ပြင်ပသို့ လုံးဝ (လုံးဝ)သွားလာခြင်းမပြုရဘဲ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေခရီးသွားရန်ရှိပါက တာဝန် ရှိသူအဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့်သာသွားလာရမည်ဖြစ်ကြောင်း သိရသည်။

အသိပေးထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိဘဲ မိမိတို့နေထိုင်သည့် အဝန်းအဝိုင်းနှင့်တိုင်း/ပြည်နယ်များသို့ ကျော်လွန်သွားလာကြောင်း တွေ့ရှိပါက သွားသည့်ဝန်ထမ်း၊ခရီးသွားလာကြောင်းသိလျက်နှင့်ဖုံးကွယ်ပေးသူနှင့်အကာအကွယ် ပေးသူတို့အား နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ပြစ်မှုအပေါ် မူတည်၍ ထိရောက်စွာအရေးယူသွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင် ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိ

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်စင်သည် ဘုရားလှစေတီတော်ကြီး၏ တနင်္ဂနွေထောင့် အရှေ့မြောက်ထောင့်တွင်တည်ရှိပြီး ပြီးခဲ့သည့် (၇) ရက်ခန့်ကစပြီး ခေါင်းလောင်းစင်အဆောက်အဦးကို အလှူရှင်တစ်ဦးက ပြန်လည်ပြုပြင်နေပြီး ကြေးခေါင်းလောင်းကြီးကိုလည်း ရောင်တော်ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ခေါင်းလောင်းပေါ်တွင်  "သက္ကရာဇ် ၁၃၀၀ ခု တပို့တွဲလဆုပ် (၁) ရက် (၄.၂.၃၉) စနေနေ့ ၊ မုံရွာမြို့မြို့မင်းကြီး ဦးဘိုးအို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန ဆွမ်းဆန် စိမ်းလောင်းလှူ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ကကြီးမှူးကျင်းပခြင်းဖြစ်ကာ သြဝါဒါစရိယဆရာတော်ကြီး(၇)ပါး၊ သာ သနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါး၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ဆရာတော်(၂)ပါး၊ ဇမ္ဗူသီရိမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဂန္ထဝါစ ကစာချဆရာတော်(၂၀)ပါး၊ ဓမ္မာစရိယသုံးကျမ်းပြီး သာသနဓဇဓမ္မာစရိယဘွဲ့ရ(၂၉)ပါး၊ (၂)ကျမ်းအောင် (၂၅)ပါး၊ (၁)ကျမ်းအောင်(၂၂)ပါး၊ ပထမကြီးတန်းအောင်(၁)ပါး၊ ပထမလတ်တန်းအောင်(၁၁)ပါး၊  ပထမငယ်တန်းအောင်(၄)ပါးနှင့် အခြေပြုမူလတန်းအောင် (၁၁)ပါးကြွရောက်တော်မူခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များအား တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဂုဏ်ပြုအလှူတော်ငွေများကို...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက် (၁၉)ရုံကို စမ်းသပ်လည်ပတ်ပြီးဖြစ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (၃)ကို မကြာမှီစမ်းသပ်လည်ပတ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ စက်ရုံရှိ အဓိကအလုပ်ရုံဖြစ်သည့် Romelt နည်းပညာအသုံးပြုသံရည်ကျိုအလုပ်ရုံတွင် တပ်ဆင်ထားသော စက်ပစ္စည်းများကိုလည်း ကျွမ်းကျင်ပညာရှင်များစစ်ဆေးပြီးသည့်အပြင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံကိုလည်း စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများအား စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ ဖေဖော်ဝါရီ ၁၆ ရက်က စက်ရုံသို့သွားရောက်ပြီး အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံတွင် စက်များစမ်းသပ်လည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071