နေပြည်တော်ရေပန်းဥယျာဉ်၌ ဒုတိယအကြိမ် ပန်းပွဲတော်ကို ပန်းအမျိုးအစား (၁၀) မျိုးဖြင့် ပြသနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပန်းပွဲတော်တွင် ယခုခင်းကျင်းပြသထားသည့် ပန်းအမျိုးအစား (၁၀) မျိုး၊ အပင်အရေအတွက် လေးသိန်းခြောက်သောင်းကျော်အပြင် ပြည်ပမှ အခြားမျိုးစေ့နှစ်သိန်းကျော် ထပ်မံမှာယူထားကြောင်း၊ ပန်းပွဲတော်အဆင့်မီပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ နေပြည်တော်ရေပန်းဥယျာဉ်၌ ပထမဆုံးပန်းပွဲတော်ကို ၂၀၁၉ ခုနှစ်က ကျင်းပခဲ့ကြောင်း သိရသည်။ ထို့ပြင်ခရစ္စမတ်ပွဲတော်နေ့တွင်လည်း နေပြည်တော်ရေပန်းဥယျာဉ်၌ လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေပန်းဥယျာဉ်၌ မာရီကိုး၊ ကညွန့်၊ ကြက်မောက်၊ Petunia၊ ကော်စမို၊ ပင်စိမ်းပြာ၊ ဗာဗိနာ၊ နေကြာ၊ ဇော်မွှားနှင့်ယိုးဒယား သစ်ခွပန်း ၁၀ မျိုး အပင်အရေအတွက် လေးသိန်းခြောက်သောင်းကျော်ဖြင့် အလှဆင်ကာ ခင်းကျင်းပြသထားသည်။
