သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့ပူး ပေါင်း၍ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲဧရိယာရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေကန်ရေဝေရေလဲဧရိယာရှိ အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောတို့အတွင်းသို့ ဇူလိုင် ၅ ရက်နံနက်ပိုင်းတွင် တပ်မ တော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး(၃)သိန်းကိုကြဲချခဲ့ကြကြောင်း သိရသည်။
ဆင်သေချောင်းရေဝေရေလဲဧရိယာအတွင်း လွှဘုံကြိုး ဝိုင်းအကွက်အမှတ်(၁၅)ရှိ ဧရိယာ(၂၀၀)ဧကတွင် ဒေ သနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား(၄)မျိုးဖြစ်သည့် ကုက္ကိုလ်၊ စစ်၊ မဲဇလီ၊ ဘောစကိုင်းသစ်စေ့များဖြင့်ပြုလုပ်ထားသော သစ်စေ့မြေလုံး(၁၀၀,၀၀၀)လုံးကိုကြဲချခဲ့ကြကြောင်း သိရသည်။
ထို့အတူ အင်းလေးကန်ရေဝေရေလဲဧရိယာအတွင်း အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောရှိ ဧရိယာ (၄၃၀)ဧကတွင်လည ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား(၄)မျိုးဖြစ်သည့် ကုက္ကိုလ်၊ ဘောစကိုင်း၊ မဲဇလီ၊ အော်ရီးရှားသစ်စေ့များဖြင့်ပြုလုပ်ထားသော သစ်စေ့မြေလုံး(၂၀၀,၀၀၀)လုံးကိုကြဲချခဲ့ကြကြောင်း သိရသည်။
သစ်စေ့မြေလုံးကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာကျယ်ဝန်းစွာစိုက်ပျိုးနိုင်ခြင်း၊ သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဉ်များဖြင့်ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့်စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန်အောင်မြင်မှုအထိုက်အ လျောက်ထိရောက်မှုရှိကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်းရေဝေရေလဲဒေသအတွင်းနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောအတွင်း သစ်စေ့ကြဲချခြင်းအောင်မြင်ရှင်သန်မှုအခြေအနေများကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ် ၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုးအလိုက် ပေါက်ရောက်မှု၊ ရှင်သန်နိုင်မှုတို့ကို စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
