Thursday, December 5, 2024

တရုတ်တက္ကသိုလ်များ၌ ချစ်မှုရေးရာသင်ခန်းစာများသင်ကြားရန်တောင်းဆို

နိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းနေမှုကို မြှင့်တင်နိုင်ရေးကြိုးပမ်းချက်အဖြစ် လက်ထပ်ထိမ်းမြားခြင်း၊ ချစ်ချင်းမေတ္တာ၊ မျိုးပွားခြင်း နှင့် မိသားစု တို့နှင့်ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သော အမြင်များကို အလေးပေးစေရေးအတွက် တက္ကသိုလ်၊...

အမေရိကအစိုးရသစ်ကနှစ်နိုင်ငံပြေလည်‌စေမည်ဟုယုံကြည်–ဝမ်ယိ

ပေကျင်း၊ဒီဇင်ဘာ ၄ နောက်တက်မည့်အမေရိကန်အစိုးရသစ်သည် တရုတ် - အမေရိကန်ဆက်ဆံရေးကို တည်ငြိမ်အောင် ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိသည် သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ...

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး နှုတ်ထွက်စာတင်

ဆိုးလ်၊ဒီဇင်ဘာ ၄ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်က နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး သမ္မတယွန်းထံ နုတ်ထွက်စာတင်ထားသည်ဟု ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနကဖော်ပြခဲ့သည်။ အာဏာရပါတီ၏ အဓိကအတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ်ပါတီက ကာကွယ်ရေး ဝန်ကြီးကို အရေးပေါ်...

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နစက ဥက္ကဋ္ဌမှ...
HomeNewsLocal Newsနေပြည်တော်နှင့်ရှမ်းပြည်နယ်အတွင်း ရဟတ် ယာဉ်ဖြင့်...

နေပြည်တော်နှင့်ရှမ်းပြည်နယ်အတွင်း ရဟတ် ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချ

နေပြည်တော်နှင့်ရှမ်းပြည်နယ်အတွင်း ရဟတ် ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချ

နေပြည်တော်နှင့်ရှမ်းပြည်နယ်တို့အတွင်းရှိ သစ်တောပြုန်းတီးနေရာ ၅ နေရာအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်ကာကွယ်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်း၍ ဇူလိုင် ၁၀ နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခဲ့ကြသည်။

ထိုသို့ ကြဲချရာတွင် တပ်ကုန်းမြို့နယ်၊ဆင်သေချောင်း၊ရေဝေရေလဲဧရိယာအတွင်းရှိ အထက်ဆင်သေကြိုးဝိုင်း၏ နေရာ ၃ နေရာ(ဧရိယာ ၈၈ ဒသမ ၉၆ ဧက)တွင် ဒေသနှင့်ကိုက်ညီသည့် သစ်ပင်အမျိုးအစား ၈ မျိုးအားကြဲချခဲ့သည်။

မြန်မာကုက္ကို၊သင်္ဘောကုက္ကို၊စစ်၊မဲဇလီ၊ဘောစ ကိုင်း၊ဘုံမဲဇာ၊မန်ဂျန်ရှားနှင့်ရေသကျည်းသစ်စေ့များ ပါဝင်သည့် သစ်စေ့မြေလုံးပေါင်းတစ်သိန်းအား ကြဲချခဲ့ခြင်းဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်၊အင်းလေးကန်ရေဝေရေလဲဧရိယာအတွင်းရှိ အင်းလေးအရှေ့ကြိုးဝိုင်းနှင့်အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောတွင်လည်း ဒေသနှင့်ကိုက်ညီသည့် သစ်ပင်အမျိုးအစားများဖြစ်သော မဲဇလီ၊ကုလားကုက္ကို၊ရင်းမာ၊ပျဉ်းမ၊ရေသကျည်း၊ဘောစကိုင်း၊သစ်စေ့များဖြင့် ပြုလုပ်ထားသည့် သစ်စေ့မြေလုံးပေါင်း နှစ်သိန်းအား ကြဲချခဲ့ကြသည်။

ထိုသို့ ကြဲချထားသည့် သစ်စေ့များအောင်မြင်ရှင်သန်မှုအခြေအနေအား ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာ လတွင် နမူနာကွက်များပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့်သစ်စေ့မျိုးအလိုက် ပေါက် ရောက်ရှင်သန်နိုင်မှု စာရင်းကိုကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

ယင်းသို့ ရဟတ်ယာဥ်ဖြင့်သစ်စေ့မျိုးလုံးများကြဲချခြင်းအား ၂၀၂၁ ခုနှစ် မိုးရာသီတွင်လည်း တပ်မတော်လေ ရဟတ်ယာဉ်ဖြင့် ရှမ်းပြည်နယ် အင်းလေးကန်ရေဝေရေလဲဧရိယာနှင့်နေပြည်တော်၊တပ်ကုန်းမြို့နယ်၊ဆင်သေချောင်း ရေဝေရေလဲဧရိယာတို့တွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်တက္ကသိုလ်များ၌ ချစ်မှုရေးရာသင်ခန်းစာများသင်ကြားရန်တောင်းဆို

နိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းနေမှုကို မြှင့်တင်နိုင်ရေးကြိုးပမ်းချက်အဖြစ် လက်ထပ်ထိမ်းမြားခြင်း၊ ချစ်ချင်းမေတ္တာ၊ မျိုးပွားခြင်း နှင့် မိသားစု တို့နှင့်ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သော အမြင်များကို အလေးပေးစေရေးအတွက် တက္ကသိုလ်၊ ကောလိပ်များတွင် ချစ်မှုရေးရာသင်ခန်းစာများ ကို ထည့်သွင်းသင်ကြားပေးရန် တရုတ်က တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ၂ နှစ်ဆက်တိုက် လူဦးရေကျဆင်းမှုကို ကြုံတွေ့ခဲ့ရပြီးနောက် ရင်သွေးယူကြရေးအတွက် လူငယ်ဇနီးမောင်နှံများကို ပိုမိုဆွဲဆောင်နိုင်ရန် ပေကျင်းက အစီအမံအမျိုးမျိုးကို ချမှတ်ဖော်ဆောင်နေခဲ့သည်။ တရုတ်နိုင်ငံသည် လူဦးရေ ၁ ဒဿမ ၄ ဘီလျံဖြင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်သော်လည်း သက်ကြီးရွယ်အိုဦးရေ...

အမေရိကအစိုးရသစ်ကနှစ်နိုင်ငံပြေလည်‌စေမည်ဟုယုံကြည်–ဝမ်ယိ

ပေကျင်း၊ဒီဇင်ဘာ ၄ နောက်တက်မည့်အမေရိကန်အစိုးရသစ်သည် တရုတ် - အမေရိကန်ဆက်ဆံရေးကို တည်ငြိမ်အောင် ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိသည် သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အမျိုးသားကော်မတီအမှုဆောင်အရာရှိချုပ် ဆူဆန်အေးလီးယက်ထ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်ယခု ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်လေးစား‌ရေး၊ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့်နှစ်ဘက်အကျိုးရှိစေမည့်ပူးပေါင်းဆောင်ရွက်မှုအခြေခံမူများနှင့်အညီ အမေရိကန်ပြည်ထောင်စုနှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် အမြဲဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။ တရုတ်၏ရည်ရွယ်ချက်ဖြစ်သည့် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်‌စေရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်‌ရေး သည် ဘိုင်ဒင်နှင့်ရှီတို့‌တွေ့ဆုံစဥ်ကတိပြုခဲ့သည့်အတိုင်းပြောင်းလဲသွားမည်မဟုတ်ကြောင်းလည်း ဝမ်ကထပ်လောင်းပြောကြားခဲ့သည်။ အလားတူပင် အမေရိကအနေဖြင့်လည်း အဆိုပါကတိကို မဖောက်ဖျက်ဘဲ ထိန်းသိမ်းစေလိုကြောင်းဝမ်ကပြောကြားခဲ့ပြီး လာမည့်အစိုးရသစ်သည်လည်း နှစ်နိုင်ငံဆက်ဆံ‌ရေးတည်ငြိမ်စေရန် ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး နှုတ်ထွက်စာတင်

ဆိုးလ်၊ဒီဇင်ဘာ ၄ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်က နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး သမ္မတယွန်းထံ နုတ်ထွက်စာတင်ထားသည်ဟု ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနကဖော်ပြခဲ့သည်။ အာဏာရပါတီ၏ အဓိကအတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ်ပါတီက ကာကွယ်ရေး ဝန်ကြီးကို အရေးပေါ် စစ်အုပ်ချုပ်ရေးကြောင့် မငြိမ်မသက်မှုများဖြစ်ခဲ့ရခြင်းနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်‌မှု အဆိုတင်သွင်းသဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ်ဟန်ဒက်ဆိုးနှင့် အာဏာရ People Power ပါတီ ခေါင်းဆောင်များသည် အတိုက်အခံပါတီက စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်းတင်ထားသဖြင့် တောင်ကိုရီးယားသမ္မတနှင့်တွေ့ဆုံရန်ရှိနေကြောင်းသိရသည်။ အင်္ဂါနေ့ညကထုတ်ပြန်လိုက်သည့် အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ဖြစ်ပေါ်လာသည့် နောက်ထပ်နိုင်ငံရေးမတည်ငြိမ်မှုများအတွက် တောင်ကိုရီးယားအတိုက်အခံပါတီက သမ္မတယွန်အားစွပ်စွဲပြစ်တင်‌ေရး အဆိုတင်ခဲ့ကြသည်။ တောင်ကိုရီးယားသမ္မတသည် အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေကို လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မှုများခဲ့သဖြင့်ဗုဒ္ဓဟူးနေ့အစောပိုင်းကရုပ်သိမ်းပေးခဲ့ရခြင်းဖြစ်သည်။ အဆိုပါပြဿနာ၏ နောက်ဆက်တွဲအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071