Tuesday, April 22, 2025

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု...

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ...

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ...

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း...

စစ်ကိုင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု(၁၁၁)စုအား ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်သူများအနက် အိမ်ထောင်စု(၁၁၁)စုအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ယနေ့ ဧပြီ ၂၂ ရက်နံနက်ပိုင်းက IBEC ဆရာတော်တည်...
HomeNewsLocal Newsနေပြည်တော်တွင် (၉)ရက်ကြာအထိ ပျောက်ဆုံးနေသည့်...

နေပြည်တော်တွင် (၉)ရက်ကြာအထိ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်၏ သတင်းအစအနပင် မရသေး၍ မိသားစုများ စိုးရိမ်နေ

နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်တစ်ဦး (၉) ရက်ကြာအထိ သတင်းအစအနပင်မရသေးသည့်အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ် ၊ မြတ်လေးလမ်းတွင် နေထိုင်သည့် အသက် (၁၉) နှစ်အရွယ်ရှိ မဇူးဇင်ထိုက်(ခ) ဇူးဇူး သည် ပြီးခဲ့သည့် ဇန်နဝါရီလ (၁) ရက် ညပိုင်းတွင် နေအိမ်မှ ရုတ်တရက် ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ သတင်းအစအနပင် မရသေးကြောင်း အစ်ကိုဖြစ်သူက ပေါ်ပြူလာနယူး (စ်) သို့ ပြောသည်။

” ဒီနေ့အထိ နေပြည်တော်ထဲမှာက ထူးခြားဖြစ်စဉ်ကို မရှိသေးဘူးဗျ။ ကျွန်တော်တို့လည်း ဖြစ်ဖြစ်ချင်းကတည်းက တိုင်ချက်လည်းဖွင့်ထားတယ်။ CCTV တွေ ကြည့်ခွင့်ရဖို့လည်း နေပြည်တော်ကောင်စီကို စာတင်ထားတယ်ဗျ။ ရဲကလည်း သီရိ (၅) မြို့နယ်ရော ၊ မြို့ဟောင်း (၃) မြို့နယ်ရော (၈) မြို့နယ်လုံးကို ဖြန့်ထားတယ်။ ဒါပေမဲ့ ဒီနေ့အထိ ဘာထူးခြားမှုမှ မရှိသေးဘူး” ဟု အစ်ကိုဖြစ်သူ ကိုအောင်သူဟိန်းက ပြောသည်။

ပျောက်ဆုံးနေသူ မဇူးဇင်ထိုက်(ခ) ဇူးဇူး သည် (၁) ရက်နေ့ ညပိုင်းက မိသားစုနှင့် အတူအိပ်ယာဝင်ခဲ့ရာမှ ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး ၎င်းပျောက်ဆုံးနေသည်ကို နံနက်အစောပိုင်းတွင် မိခင်ဖြစ်သူမှ စတင် သတိထားမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ သိရှိရသည့်အတွက် ဥတ္တရသီရိမြို့နယ်အတွင်း လူအင်အားသုံးကာ လိုက်လံရှာဖွေခဲ့ရာ ဟိုတယ်ဇုန်အတွင်း ရွှေဂုံတိုင်ဟိုတယ်အနီးရှိ လမ်းဘေးတွင် ပျောက်ဆုံးသူ မဇူးဇင်ထိုက်(ခ)ဇူးဇူး၏ စက်ဘီးအား သော့ခတ်လျက် တွေ့ရှိရကြောင်း သိရသည်။

” အဲဒီဟိုတယ်နဲ့ အနီးဆုံးနေရာမှာတွေ့တော့ ကျွန်တော်တို့ ဟိုတယ်ကို သွားပြီး စုံစမ်းလိုက်တော့ ညီလေး တစ်ယောက်ပဲ ထွက်ပြောတယ်ဗျ။ သူပြောတာက (၁၁) ခွဲ ဝန်းကျင်လောက်ကို ကောင်မလေးတစ်ယောက် စက်ဘီးလေးစီးပြီးလာတယ်ပေါ့။ ဦးထုပ်လေးလည်းဆောင်းလာတယ်ပေါ့။ ညီမလေး ညမှာဝတ်သွားတဲ့ အဝတ်အစားပုံစံမျိုး သူက ပြောပြတယ်ဗျ။ လာမေးတယ်ပေါ့နော် ၊ ဂိတ်တဲမှာ အိပ်လို့ရမရပေါ့။ ဂိတ်က လုံခြုံရေးတွေကလည်း ပြဿနာရှိမှာစိုးလို့ မရဘူးပေါ့နော် ။ အခန်းယူမလားလိုတော့ မေးတယ် ။သူမှာက အခန်းယူနိုင်တဲ့ ပုံစံလည်း မဟုတ်ဘူးပေါ့နော်။ အဲဒါနဲ့ လက်မခံလိုက်တော့ စက်ဘီးလေးကို ပြန်တွန်းသွားတာတဲ့ လမ်းမဖက်ကိုပဲတဲ့ ။ ကျွန်တော်တို့လည်း CCTV ကြည့်ဖို့အကူအညီတောင်းကြည့်လိုက်တော့ သူလာပြောတဲ့ နေရာမှာက CCTV က မရှိထားဘူးဗျ” ဟု ကိုအောင်သူဟိန်းက အခင်းဖြစ်စဉ်ကို ရှင်းပြသည်။

ပျောက်ဆုံးနေသည့် မဇူးဇင်ထိုက်(ခ)ဇူးဇူး သည် အသက်အားဖြင့် (၁၉) နှစ်အရွယ်ဖြစ်သော်လည်း ၎င်း၏ ဉာဏ်ရည်မှာချို့ယွင်းချက်ရှိသည့်အပြင် စိတ်မူမမှန်သည့် အခြေအနေမျိုးလည်း ရှိနေကြောင်း သိရသည်။

လက်ရှိတွင် မဇူးဇင်ထိုက်(ခ) ဇူးဇူး ပျောက်ဆုံးနေသည်မှာ (၉) ရက်ဝန်းကျင် ကြာမြင့်နေပြီဖြစ်ပြီး သတင်းအစအနပင် မရသေးသည့် အတွက် နေပြည်တော် ဧရိယာအတွင်း၌ မရှိတော့ဘဲ လူကုန်ကူးမှုခံရခြင်း ၊ မကောင်းသည့်နေရာတွင် ရောင်းစားခြင်း ခံရမည်ကို စိုးရိမ်နေကြောင်းလည်း အစ်ကိုက ဆိုသည်။

မ‌ဇူးဇင်ထိုက်(ခ)ဇူးဇူး ပျောက်ဆုံးပြီးနောက်ပိုင်း လူမှုကွ န်ရက်မှတဆင့် အကူညီတောင်းခံခြင်းများ ဝိုင်းဝန်းလုပ် ဆောင်ထားပြီး တွေ့ရှိပါက ဆက်သွယ်အကြောင်း ကြားကြရန် အကူညီတောင်း ခံထားသည့်အတွက် ဆက်သွယ်အကြောင်းကြားမှုများ ရှိသော်လည်း ပျောက်ဆုံးနေသည့် မဇူးဇင်ထိုက် မဟုတ်ဘဲ အခြားသူများသာ ဖြစ်နေကာ မဇူးဇင်ထိုက် (ခ)ဇူးဇူး၏ သတင်းမှာ စုံစမ်း၍ မရသေးကြောင်း သိရသည်။

ယင်းကဲ့သို့ သတင်းအစအနပင် မရသေးသည့်အတွက် မဇူးဇင်ထိုက်(ခ) ဇူးဇူး အား အကြောင်းအမျိုးမျိုးဖြင့် တွေ့ရှိ၊ ထိန်းသိမ်း ၊ စောင့်ရှောက်ထားပါက အစ်ကိုဖြစ်သူ ကိုအောင်သူဟိန်းထံ ဆက်သွယ်ရန် ဖုန်းနံပါတ် 09420713059 သို့ ဆက်သွယ် အကြောင်းကြားပေးကြရန်လည်း လူမှုကွန်ရက်မှတဆင့် အကူညီတောင်းခံထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု ဆောင်ရွက်နေဟုဆို

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက‌ ပေါ်ပြူလာနယူးစ်ကို ပြောသည်။ " မြို့တွင်းမှာအေးဆေးပါဘဲ၊ အခု (၆၂၆)ထောက်ပို့တပ်နဲ့ ခလရ (၄၁) တပ်တွေမှာ တပ်နေရာချထားတာတွေလုပ်နေတာတွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယနေ့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတွင် တပ်မိသားစုဝင်များ ပါဝင်လာသည်ကို တွေ့ရသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများပါဝင်လာသည်ကိုမတွေ့ရှိရကြောင်း ၎င်းက သူမြင်တွေ့ရသည်ကို ပြောကြားသည်။ လားရှိုးမြို့အုပ်ချုပ်ရေးဆိုင်ရာအတွက် တပ်မတော်နှင့်...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ တည်ဆောက်မှု လုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၂၄၀၀) တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ဧပြီ (၂၀)...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ယနေ့ ဧပြီ ၂၂ ရက်ကထုတ်ပြန်ခဲ့သည်။ မြန်မာ့တပ်မတော်မှ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင် ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကိုရှေးရှု၍ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန် ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071