(Unicode)
နေပြည်တော်စည်ပင်ကော်မတီဝင်ဟောင်း ဦးမင်းသူ ထောင်၂နှစ်ချမှတ်ခံရ
နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ အစိုးရဝန်ထမ်းတွေကို CDM မှာ ပါဝင်လာဖို့ လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွဲချက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ နေပြည်တော်စည်ပင်ကော်မတီဝင်(၂)ဟောင်း ဦးမင်းသူ ကို နေပြည်တော်အချုပ်ထောင်တရားရုံးက ထောင်၂နှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကသိရပါတယ်။
နေပြည်တော်ကော်စီနယ်မြေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမင်းသူဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် နေပြည်တော်အချုပ်ထောင်မှာ ထိန်းသိမ်းခံထားရတာပါ။
စွဲဆိုထားတဲ့ အမှုတွေ အနက်က ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ စွဲဆိုထားတဲ့ အမှုကို ဒီဇင်ဘာ၂၂ရက်မှာ အမိန့်ချလိုက်တာလည်းဖြစ်ပါတယ်။
ဦးမင်းသူဟာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့ အမှုကိုပါ ရင်ဆိုင်နေရတဲ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့လည်း တရားစွဲခံထားရတယ်လို့ သိရပါတယ်။
“အချုပ်ထောင်ကနေ ရမည်းသင်းထောင်ကို ပြောင်းမယ်လို့တော့ သတင်းတွေ ထွက်နေတယ်”လို့ နီးစပ်သူတစ်ဦးကပြောဆိုပါတယ်။
(Zawgyi)
ေနျပည္ေတာ္စည္ပင္ေကာ္မတီဝင္ေဟာင္း ဦးမင္းသူ ေထာင္၂ႏွစ္ခ်မွတ္ခံရ
ေနျပည္ေတာ္ ေကာင္စီနယ္ေျမအတြင္းမွာရွိတဲ့ အစိုးရဝန္ထမ္းေတြကို CDM မွာ ပါဝင္လာဖို႔ လႈံ႕ေဆာ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅ (က) နဲ႔ ေနျပည္ေတာ္စည္ပင္ေကာ္မတီဝင္(၂)ေဟာင္း ဦးမင္းသူ ကို ေနျပည္ေတာ္အခ်ဳပ္ေထာင္တရား႐ုံးက ေထာင္၂ႏွစ္ခ်မွတ္လိုက္တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းကသိရပါတယ္။
ေနျပည္ေတာ္ေကာ္စီနယ္ေျမ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဥကၠ႒လည္းျဖစ္တဲ့ ဦးမင္းသူဟာ ၂၀၂၁ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔ မနက္အေစာပိုင္းမွာ ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ ေနျပည္ေတာ္အခ်ဳပ္ေထာင္မွာ ထိန္းသိမ္းခံထားရတာပါ။
စြဲဆိုထားတဲ့ အမႈေတြ အနက္က ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅ (က) နဲ႔ စြဲဆိုထားတဲ့ အမႈကို ဒီဇင္ဘာ၂၂ရက္မွာ အမိန႔္ခ်လိုက္တာလည္းျဖစ္ပါတယ္။
ဦးမင္းသူဟာ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ နဲ႔ စြဲထားတဲ့ အမႈကိုပါ ရင္ဆိုင္ေနရတဲ့အျပင္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔လည္း တရားစြဲခံထားရတယ္လို႔ သိရပါတယ္။
“အခ်ဳပ္ေထာင္ကေန ရမည္းသင္းေထာင္ကို ေျပာင္းမယ္လို႔ေတာ့ သတင္းေတြ ထြက္ေနတယ္”လို႔ နီးစပ္သူတစ္ဦးကေျပာဆိုပါတယ္။