(Unicode)
နေပြည်တော်က ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
နေပြည်တော် အောက်တိုဘာ ၂၇
နေပြည်တော် ပုဗ္ပသီရိမြို့နယ် ဇီးကုန်းကျေးရွာက ရာအိမ်မှူး တစ်ဦးကို ယမန်နေ့ နေ့လည်ပိုင်းက သေနတ်နဲ့ လေးချက် ပစ်သတ် ခံလိုက်ရတယ်လို့သိရပါသည်။
သေဆုံးခဲ့တဲ့ရာအိမ်မှူး နာမည်က ဦးဌေးအောင်ဖြစ်ပြီး ကျည်တောင်ကန်ကျေးရွာကနေ ဇီးကုန်းရွာကိုဆိုင်ကယ် မောင်းနှင်ပြီး ပြန်လာစဉ် လမ်းမှာ နောက်ကလိုက်လာတဲ့ ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ လေးချက် ပစ်ခတ်ခံခဲ့ရတယ်လို့သိရပါသည်။
ရာအိမ်မှူးဦးဌေးအောင်က ပစ်ခံရတဲ့ သေနတ်ဒါဏ်ရာကြောင့် နေရာမှာဘဲ သေဆုံးခဲ့ပြီး လုံခြုံရေး အဖွဲ့ဝင်တွေအနေနဲ့ ပစ်ခတ်ခဲ့သူ တွေကို ဖမ်းဆီး ရမိဖို့အတွက် ပိတ်ဆို့စစ်ဆေး ရှာဖွေတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။
(Zawgyi)