ဝဲလ်လင်တန်၊ဇန်နဝါရီ ၂၅
ခရစ်ဟစ်ပ်ကင်းစ်သည် ပြီးခဲ့သည့်အပတ်က မမျှော်လင့်ဘဲနုတ်ထွက်သွားသည့် ဂျေဆင်ဒါ၏နေရာသို့ရောက်ရှိလာကာ နယူးဇီလန်၏ ၄၁ ယောက်မြောက် ၀န်ကြီးချုပ်အဖြစ် ဗုဒ္ဓဟူးနေ့၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်ဟုသိရသည်။
အသက် ၄၄ နှစ်အရွယ်ရှိ မစ္စတာဟစ်ပ်ကင်းစ် သည် ၎င်း၏လက်ထက်၌ နိုင်ငံ၏စီးပွားရေးကို အဓိက ထား ဆောင်ရွက်သွားမည်ဟုလည်းပြောကြားခဲ့သည်။
သို့သော်လက်ရှိအချိန်၌ အထွေထွေရွေးကောက်ပွဲကျင်းပရန် ကိုးလခန့်သာလိုတော့သဖြင့် ၎င်းသည်ဝန်ကြီးချုပ်အဖြစ် ကိုးလခန့်သာ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
၎င်းသည် ဝန်ကြီးချုပ်အာဒန်လက်ထက်တွင် ပညာရေးနှင့်ရဲဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ကိုဗစ်ကာလအတွင်း ၎င်း၏အကျပ်အတည်းကိုင်တွယ်ဖြေရှင်းမှုများကြောင့်လည်း ထင်ရှားလာခဲ့သူတစ်ဦးဖြစ်သည်။
Source : Nikkei Asia