အာရှယူ-၁၇ အမျိုးသားခြေစစ်ပွဲကို ယနေ့ နိုဝင်ဘာ (၂၄) ရက် ညနေ (၄) နာရီ အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ နီပေါ – မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ပထမပိုင်းပွဲချိန်တွင် သွင်းဂိုးတစ်ဂိုးသွင်းယူ၍ ဦးဆောင်နေပြီဖြစ်သည်။
မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ကျောနံပါတ် (၁၉) ရဲနိုင်အောင်က ပထမပိုင်းပွဲချိန် (၁၃) မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
နီပေါအသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲစဉ်အတွင်း ဆီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားစဉ်ထက် တည်တည်ငြိမ်ငြိမ်ကစားလာနိုင်သည်ကိုတွေ့ရပြီး ယနေ့ မြန်မာအသင်းကို ရှုံးနိမ့်ပါက ခြေစစ်ပွဲကို စွန့်ခွာရမည့် အလားလာရှိနေသည်။
မြန်မာအသင်းအနေဖြင့်လည်း ယနေ့ ပွဲစဉ် ထပ်မံအနိုင်ရရှိပါက သွင်းဂိုးပေါ်မူတည်၍ အုပ်စုတွင်း ပထမနေရာတွင် ရပ်တည်နိုင်မည့် အခြေအနေဖြစ်သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြင့် လက်ခံကျင်းပနေသည့် အဆိုပါ ခြေစစ်ပွဲတွင် မြန်မာ၊ အာဖဂန်နစ္စတန် ၊ အိုမန်၊ နီပေါ၊ တရုတ်နှင့် ဆီးရီးယားအသင်းတို့ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားနေကြခြင်းလည်း ဖြစ်သည်။
