Monday, December 8, 2025

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့...

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ဝါရှင်တန်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် အမေရိကန်ရောက်မြန်မာများ ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ (၆) ရက်နှင့် (၇)...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့မှ...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံး ပြုခဲ့၍ သိမ်းဆည်းရမိခဲ့သောပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရန် ဒီဇင်ဘာ ၇ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ကိုရီးယားရောက်မြန်မာများ ကြိုတင်မဲပေးနိုင်ရန် မဲရုံးဖွင့်လှစ်မည်ရက် တိုးမြှင့်သတ်မှတ်

ကိုရီယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံးဖွင့်လှစ်မည်နေ့ရက်ကို ဒီဇင်ဘာ (၁၂) ရက်ထိ တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ (၇) ရက်နေ့ ၌...
HomeNewsLocal Newsနီပေါ-ဆီးရီးယား အာရှယူ-၁၇ အမျိုး...

နီပေါ-ဆီးရီးယား အာရှယူ-၁၇ အမျိုး သား ခြေစစ်ပွဲ ဆီးရီးယားအသင်း (၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်

၂၀၂၆ အာရှယူ-၁၇ အမျိုးသား ခြေစစ်ပွဲ အုပ်စု အဖွင့်ပွဲစဉ်တွင် နီပေါနှင့် ဆီးရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဆီးရီးယားအသင်းက (၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြင့် လက်ခံကျင်းပနေသည့် အဆိုပါခြေစစ်ပွဲတွင် မြန်မာ၊ အာဖဂန်နစ္စတန် ၊ အိုမန်၊ နီပေါ၊ တရုတ်နှင့် ဆီးရီးယားအသင်းတို့အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယမန်နေ့က အုပ်စုအဖွင့်ပွဲစဥ်တွင် မြန်မာနှင့် အာဖဂန်နစ္စတန်တို့ ယှဉ်ပြိုင်ကြသလိုနီပေါနှင့် ဆီးရီးယားတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရမှတ်အခြေအနေကို အဖွဲ့ချုပ်က
မထုတ်ပြန်သေးပေ။

မြန်မာအသင်းအနေဖြင့် အာဖဂန်နစ္စတန်အသင်းကို အနိုင်ရခဲ့သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ကွင်းအတွင်း လာရောက်အားပေးစကားပြောကြားခဲ့သည်ကိုတွေ့ရသည်။

မြန်မာအသင်းအနေဖြင့် အိုမန်၊ နီပေါ၊ တရုတ်နှင့် ဆီးရီးယားအသင်းတို့ကိုအိမ်ရှင်အနေနဲ့ လက်ခံယှဉ်ပြိုင်ကစားသွားကြရဦးမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့ ကူးပြောင်းရန်သော့ချက်ဖြစ်

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကပြောသည်။ "မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် အသုံးချသုတေသနများ" ခေါင်းစဉ်ဖြင့် ကျင်းပသည့် အကြိမ် (၅၀) မြောက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့ ကူးပြောင်းရန်အတွက် သော့ချက်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်...

ဝါရှင်တန်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် အမေရိကန်ရောက်မြန်မာများ ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ (၆) ရက်နှင့် (၇) ရက်တို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မဲရုံကို နံနက် (၁၀) နာရီမှ ညနေ (၅) နာရီထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲဖြူက မဲရုံမှူးအဖြစ် ဆောင်ရွက်ကာ ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းများက မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့အတူ ၂၀၂၅ ခုနှစ်၊...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့မှ သိမ်း ဆည်းရမိပစ္စည်းများကိုမီးရှို့ဖျက်ဆီး

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံး ပြုခဲ့၍ သိမ်းဆည်းရမိခဲ့သောပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရန် ဒီဇင်ဘာ ၇ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင် KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အပိုင်း (၃)နယ်မြေမှ တရားမဝင်အဆောက်အအုံ(၁၂)လုံးကိုလည်းထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေရှိ တရားမဝင်အဆောက်အအုံ(၆၃၅)လုံးအနက် (၃၃၃) လုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ခဲ့သည့် အဆောက်အအုံ (၁၆၉)လုံးအားပြန်လည်အသုံးချမှုမရှိစေရေးအတွက် ချိပ်ပိတ်သိမ်းဆည်းမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက်အထိ (၁၆၁)လုံးကိုချိပ်ပိတ်သိမ်း ဆည်းပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071