Tuesday, December 9, 2025

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကြက်တောင်မယ်ကို ရှုံးနိမ့်

ဆီးဂိမ်းပြိုင်ပွဲဝင်‌ရောင်ယှဉ်ပြိုင်နေသည့်မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာမှာ အင်ဒိုနီးရှားကြက်တောင်မယ် Putri Kusuma WAR -DANI ကို သုံးပွဲကစား (၁)ပွဲနိုင် (၂)ပွဲရှုံးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ...

Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ်...

တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeekကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် "ရေနက်ပိုင်း ရေငုပ်သမား" (Deep diver)...

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’...

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင်...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ...
HomeNewsLocal Newsနိုဝင်ဘာလအတွင်း တိုင်းတာချက်များအရ တစ်နိုင်ငံလုံးတွင်လေထု...

နိုဝင်ဘာလအတွင်း တိုင်းတာချက်များအရ တစ်နိုင်ငံလုံးတွင်လေထု အရည်အသွေးကောင်းမွန်နေဆဲဟုဆို

၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၆) ရက်မှ (၃၀) ရက်အထိ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်၊ တိုင်းတာချက်များအရ တစ်နိုင်ငံလုံးတွင် လေထုအရည်အသွေး ကောင်းမွန်နေဆဲဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ဝန်းကျင်လေထုအရည်အသွေးအခြေ အနေအား လေ့လာဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ/တိုင်း ဒေသကြီး/ ပြည်နယ်များရှိ သတ်မှတ် Sampling Point နေရာများတွင် ဝန်းကျင်လေထု အရည်အသွေးကို Environmental Perimeter Air Station (EPAS) – Haz-Scanner၊ Air Quality Monitoring Station (AQM-65)၊ Scentroid (SL – 50 Scential)၊ Aeroqual (Series – 500 Portable Air Quality Monitor)၊ AQMesh (Dust Analyzer – 1941150)၊ (Gas Analyzer – 1940150)၊ Portable Beta Attenuation Mass Monitor (BAM 1022)၊ Air Quality Monitoring Station (AQMS) နှင့် Continuous Particulate Monitor များအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2) ၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter များကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိကြောင်း သိရသည်။

ထိုသို့တိုင်းတာချက်များအရ ပြည်နယ်တစ်ဝန်းရှိ မြို့နယ် (၂၇) မြို့နယ်တို့တွင် တိုင်းတာခဲ့ပြီး ရန်ကုန်မြို့တွင် ဗိုလ်တထောင်မြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဒဂုံမြို့နယ်တို့၌ တိုင်းတာခဲ့ကြောင်းနှင့် လေထုအရည်အသွေးမှာ ကောင်းမွန်သည့် အနေအထားတွင်ရှိနေကြောင်း သိရသည်။

အမှုန်အမွှားပါဝင်မှု ပမာဏအနေဖြင့်မူ ပုဗ္ဗသီရိမြို့နယ်၊အမရပူရမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ညောင်ဦးမြို့၊ ကျောက်ဆည်မြို့၊ ပြင်ဦးလွင်မြို့၊ မုံရွာမြို့၊ စစ်ကိုင်းမြို့၊ ကော့သောင်းမြို့၊ မော်လမြိုင်မြို့၊ သထုံမြို့၊ မုဒုံမြို့၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် အဝါရောင်အဆင့် (လက်ခံနိုင်သော လေထုအရည်အသွေးရှိသည့် အဆင့်) တွင် တည်ရှိလျက်ရှိကြောင်း သိရသည်။

လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထု အရည်အသွေးတိုင်းတာသည့်နေရာ အနီးဝန်းကျင် အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကြက်တောင်မယ်ကို ရှုံးနိမ့်

ဆီးဂိမ်းပြိုင်ပွဲဝင်‌ရောင်ယှဉ်ပြိုင်နေသည့်မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာမှာ အင်ဒိုနီးရှားကြက်တောင်မယ် Putri Kusuma WAR -DANI ကို သုံးပွဲကစား (၁)ပွဲနိုင် (၂)ပွဲရှုံးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်ပြီး ယနေ့ ဒီဇင်ဘာ (၉)ရက်တွင် စတင်ယှဉ်ပြိုင်ကစားကြခြင်းဖြစ် သည်။ သုံးပွဲကစားသည့်အနက် ပထမပွဲစဉ်တွင် (၁၃)မှတ် (၂၁)မှတ်၊ ဒုတိယပွဲစဉ်တွင် (၂၀)မှတ်(၂၂)မှတ်ဖြင့် ရှူံးနိမ့်ခဲ့ကာ တတိ ယပွဲစဉ်တွင် (၂၁)မှတ်(၁၇)မှတ်ဖြင့်အ နိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲများဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီး...

Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ် “Nature’s 10” စာရင်းတွင် တရုတ် ပညာရှင် နှစ်ဦး ပါဝင်

တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeekကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် "ရေနက်ပိုင်း ရေငုပ်သမား" (Deep diver) ဟုခေါ်သော တရုတ် ဘူမိသိပ္ပံပညာရှင် ဒူမင်ရန် (Du Mengran) တို့သည် ၂၀၂၅ ခုနှစ်၏ အကြီးမားဆုံး သိပ္ပံဖြစ်ရပ်အချို့၏ ဗဟိုချက်တွင်ရှိခဲ့သည့် လူပုဂ္ဂိုလ် ၁၀ ဦးကို မီးမောင်းထိုးပြသော လန်ဒန်မြို့အခြေစိုက် Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ် "Nature's 10" စာရင်း အတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးသည်...

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’ ဟု ထရမ့်ဆို

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ "မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ရွေ့လျားနေတယ်" လို့ သတိပေးပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်မှာ စိုက်ပျိုးရေးလုပ်ငန်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒီဒဏ်ငွေကိစ္စကို မေးမြန်းတဲ့အခါ ထရန့်က ဘရပ်ဆဲလ်ရဲ့ ဆုံးဖြတ်ချက်ကို "မကောင်းဆိုးဝါးဆန်တယ်" လို့ ပြောဆိုခဲ့ပြီး၊ "ဥရောပက အရမ်းသတိထားရလိမ့်မယ်" လို့လဲ ဖြည့်စွက်ပြောခဲ့ပါတယ်။ သူက EU နိုင်ငံတွေ လိုက်လျှောက်နေတဲ့ လက်ရှိနိုင်ငံရေး လမ်းကြောင်းအပေါ် စိုးရိမ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071