Friday, July 11, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeNewsLocal Newsနိုင်ငံ၏ မြစ်ချောင်းကွန်ရက်များအား ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရန်...

နိုင်ငံ၏ မြစ်ချောင်းကွန်ရက်များအား ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရန် ရေဝေရေလဲဒေသ သစ်တောများ ထိန်းသိမ်းရေးအား ထိရောက်စွာ ဆောင်ရွက်ရန်လိုအပ်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံ၏ မြစ်ချောင်းကွန်ရက်များအား ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရန် ရေဝေရေလဲဒေသ သစ်တောများ ထိန်းသိမ်းရေးအား ထိရောက်စွာ ဆောင်ရွက်ရန်လိုအပ်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌက နေပြည်တော်၊ဒက္ခိဏခရိုင်၊ဒက္ခိ ဏသီရိမြို့နယ်၊မာရဝိဇယဘုရားသွားလမ်း စံ ပယ်လမ်းဘေးဝဲယာ၌ သြဂုတ် ၁၁ ရက်(ယနေ့) နံနက်ပိုင်းကပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ မြစ်ကြီး ၄ သွယ် အပါအဝင် မြစ်ချောင်းကွန်ရက်များမှ နှစ်စဉ်ရေချို ဧကပေသန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ်ရေချိုပမာဏ ဧကပေ ၄၅ သန်းကျော်သာ အသုံးပြုလျက်ရှိ၍ နှစ်စဉ်စီးဆင်းနေသည့် ရေချိုပမာဏ၏ ၅ ရာခိုင်နှုန်းခန့်သာ သုံးစွဲနေသည်ဟုပြောသည်။

“နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေသယံဇာတဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရေအရင်းအမြစ်တွေကို အခြေခံတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလုပ်ဖို့ အလားအလာကောင်းတွေရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် နိုင်ငံ၏ မြစ်ချောင်းကွန်ရက်များအား ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရန် ရေဝေရေလဲဒေသ သစ်တောများထိန်းသိမ်းရေးအား ထိရောက်စွာဆောင်ရွက်ရန်လိုအပ်သည်ဟုပြော သည်။

အလားတူ ရေဝေရေလဲဒေသရှိ သစ်တောများ ပျက်စီးပြုန်းတီးပါက နုန်းအနည်အနှစ်များသည် ရေများ၊မြစ်ချောင်းများအတွင်း တိုက်ရိုက်စီးဆင်းခြင်း၊ရေစီးကြောင့်မြေပြိုတိုက်စားခြင်း၊ရေကြီးခြင်း၊မြေအောက်ရေထိန်းသိမ်းနိုင်မှုမရှိခြင်း၊မြစ်ချောင်းများတိမ်ကောစေခြင်း၊စိုက်ပျိုးမြေများရေတိုက်စားမှုကြောင့်ပျက်စီးခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည်ဟု ပြောသည်။

“ဒါ့အပြင် ရေသယံဇာတအခြေပြုဖွံ့ဖြိုးရေး လုပ် ငန်းတွေဖြစ်တဲ့ ရေအသုံးပြုရေး၊လျှပ်စစ်ထုတ် လုပ်ရေး၊ငါးနဲ့ရေထွက်ကုန် သယံဇာတထုတ်လုပ်ရေး၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုပါ ထိ ခိုက်နိုင်တာကြောင့် ရေဝေရေလဲ ဧရိယာအတွင်းက သစ်တောတွေထိန်းသိမ်းရေးကို ထိထိရောက်ရောက်ဆောင်ရွက်သွားကြဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ မြန်မာနိုင်ငံမိုးနည်းရပ်ဝန်းရှိ အပူပိုင်းဒေသသစ်တောများ ထိန်းသိမ်းရေးကိုလည်း အာရုံစိုက်ဆောင်ရွက်ရမည်ဟု ပြောသည်။

အပူပိုင်းဒေသသစ်တောများ ပြုန်းတီးပါက မိုးကွင်းကာ မိုးခေါင်ရေရှားခြင်း၊မြေအောက်ရေဆုံးရှုံးခြင်း၊ရေထွက်စိမ့်စမ်းများပျောက်ကွယ်ခြင်း၊ မြေဆီလွှာ အဆင့်အတန်း ကျဆင်းရာမှ သဲကန္တာရဖြစ်ထွန်းနိုင်ခြင်း အကျိုးဆက်များ ဖြစ်လာနိုင်သည်ဟုပြောသည်။

“စိုက်ပျိုးရေရရှိရေးကိုလည်း ထိခိုက်စေသလို ဒေသခံပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကိုလည်း ထိခိုက်စေပါတယ် အပူပိုင်းဒေသရဲ့ အိုအေစစ်ဖြစ်တဲ့ ပုပ္ပါးတောင်စိမ်း လန်းစိုပြည်ရေးလုပ်ငန်းများကို ၁၉၉၀ ပြည့်နှစ်ကစပြီး ထိထိရောက်ရောက် ဆောင်ရွက်ခဲ့တာကြောင့် ရေထွက်စိမ့်စမ်းများ ပြန်လည်ပေါ်ထွက်လာပြီး ရာသီဥတုမှန်လာတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ အရင်ကထက် ပိုမိုဆောင်ရွက်လာနိုင်သလို စိမ်းလန်းစိုပြည်သာယာလှပပြီး ဖွံ့ဖြိုးလာတာကို တွေ့ရှိရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက် တာဝန်လွှဲပြောင်းပွဲနှင့် အာဆီယံ-ဗီယင်နာကော်မတီ၏ (၅၃)ကြိမ်မြောက်အစည်းအဝေးတို့အား ဇူလိုင် ၈ ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ကျင်းပရာ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကော်မတီ၏လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌတာဝန်အား တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာသွားသည့် လာအိုသံအမတ်ကြီး(ကိုယ်စား)လာအိုသံရုံးယာယီတာဝန်ခံက မြန်မာသံအမတ်ကြီးထံလွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုသို့ လွှဲပြောင်းလက်ခံပြီးနောက် အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌသစ် မြန်မာသံအမတ်ကြီးက လာမည့်(၆)လတာကာလအတွင်း ကော်မတီ၏လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်သစ်များကို အဆိုပြုဆွေးနွေးပြီးအတည်ပြုခဲ့ကြသည်။

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု ဒေသတွင်းယာဉ်မောင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယင်းအတွက် ဒေသတွင်းခရီးသွားများအနေဖြင့် လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား-ပင်လုံ-တောင်ကြီး-ရွာငံ-မန္တလေးလမ်းပိုင်းမှ ပတ်၍သွားလာနေကြရကြောင်း ဆိုသည်။ ထို့အပြင် အခြားလမ်းပိုင်းတစ်ခုဖြစ်သည့် နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံ-တောင်ကြိး-မန္တလေးလမ်းပိုင်းများမှလည်း သွားလာနေကြရပြီး၊ ယခုလမ်းပိုင်းမှာလည်း မိုးရွာသွန်းမှုကြောင့် လမ်းများပျ-က်စီးနေသဖြင့် ထွန်စက်များဖြင့် ဆွဲနေရကြောင်း သိရသည်။ " တောင်ကြီးဘက်နဲ့ မိုးကုတ်ဘက် နှစ်လမ်းရှိတာပေါ့။ လမ်းအခြေအနေအရကတော့ ညအိပ်ရင်လည်း အိပ်ရနိုင်တယ်။ လမ်းကောင်းတယ် တိုက်ပွဲမရှိရင်တော့ နေ့ချင်းပေါက်နိုင်ပါတယ်"ဟု ရှင်းပြသည်။ ယနေ့...

အသက် (၁၉)နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးဟု ဖခင်ဖြစ်သူ ဦးညီညီထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် ဒဂုံမြိုးသစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် လူပျေ-ာက်တိုင်ချက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ "ကျွန်တော် (၈) ရက်နေ့မှာ ရဲစခန်းကို သွားပြီး အမှုဖွင့်ထားတယ်။ အခုလည်းလိုက်ရှာနေတုန်းပါ။ လက်လှမ်းမှီရာ တွေလည်းဖုန်းဆက်မေးထားတာ မတွေ့ဘူး၊ မလာဘူးဘဲပြောနေကြတယ်"ဟု ၎င်းက ဆိုသည်။ ဖခင်၏ ပြောဆိုချက်အရ ကနဦးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071