Monday, August 17, 2026

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊...

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး...

ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အင်အား...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အင်အားနှင့် ပမာဏကို သိသိသာသာလျှော့ချရန် ပင်တဂွန်ကို အမိန့်ပေးထားကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ...

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆...

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁...

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက...
HomeInternationalနိုင်ငံ၏မတည်ငြိမ်မှုများကြောင့် ထိုင်း PTT...

နိုင်ငံ၏မတည်ငြိမ်မှုများကြောင့် ထိုင်း PTT ကုမ္ပဏီက မြန်မာရှိစက်သုံးဆီသိုလှောင်ရေးစီမံကိန်းအားရပ်ဆိုင်း

ဘန်ကောက်၊ဒီဇင်ဘာ ၂၄

ထိုင်းနိုင်ငံ၏အစိုးရပိုင်စွမ်းအင်ကုမ္ပဏီ PTT လက်အောက်ရှိ ကုမ္ပဏီခွဲတစ်ခုသည် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုနှင့်မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံရှိရေနံသယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးလုပ်ငန်းများအား ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကုမ္ပဏီကကြေငြာခဲ့သည်။

အဆိုပါကုမ္ပဏီခွဲသည် မြန်မာနိုင်ငံကမ္ဘောဇအုပ်စုလက်အောက်ရှိ ယူနစ်တစ်ခုနှင့် ၂၀၁၉ ခုနှစ်တွင်ဖွဲ့စည်းခဲ့သည့် ဖက်စပ်လုပ်ငန်းဖြစ်သော Bright Energy ၌ ရှယ်ယာ ၃၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားကြောင်းသိရှိရသည်။

ယခုကဲ့သို့ရပ်ဆိုင်းလိုက်ခြင်းသည် နော်ဝေအစိုးရ၏ Pension Fund Global မှ PTT နှင့်မြန်မာရှိ PTT လက်အောက်ခံကုမ္ပဏီနှစ်ခုလုံးအား ၎င်း၏ရင်းနှီးမြှုပ်နှံမှုအစုမှ ဖယ်ရှားလိုက်ကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ကြေငြာလိုက်မှုကြောင့်ဖြစ်သည်ဟုလည်းသိရှိရသည်။

“လူ့အခွင့်အရေးကိုလေးစားခြင်းသည် PTT Group ၏ အခြေခံအကျဆုံး ကျင့်ထုံးများထဲမှတစ်ခုဖြစ်ပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင်းရှိအခြေအနေများနှင့်ပတ်သက်၍ အလွန်စိုးရိမ်မိသည်” ဟုလည်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

PTT ကုမ္ပဏီသည် မြန်မာနိုင်ငံရှိသဘာဝဓာတ်ငွေ့နယ်ပယ်အများစု၏ အကျိုးစီးပွားများကို ထိန်းချုပ်ထားပြီး ထုတ်ကုန်များအား ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိသည်။ထိုင်းနိုင်ငံသဘာဝဓာတ်ငွေ့သုံးစွဲမှု၏ ၁၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ဖြစ်သည်ဟုလည်း သိရှိရသည်။

မတ်လကပြင်သစ်၏ Total Energies က မြန်မာ့ရတနာဓာတ်ငွေ့လုပ်ကွက်မှ နှုတ်ထွက်သွားပြီးနောက် မြန်မာ၏ရေရှည်စွမ်းအင်ဖူလုံရေးအတွက် Total ၏ အစုရှယ်ယာအချို့အား PTTEP ကတာဝန်ယူမည်ဟုကြေငြာခဲ့သည်။

သို့သော်လည်း PTTEP သည် မြန်မာ့ရဲတံခွန်သဘာဝဓာတ်ငွေ့ပရောဂျက်အား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဧပြီလကပြောကြားခဲ့သည်။အဆိုပါရဲတံခွန်ပရောဂျက်သည် နိုင်ငံတကာဝေဖန်မှုများကြောင့် ဆက်လက်အကောင်အထည်ဖော်ရန်မဖြစ်နိုင်တော့ဟုလည်းသိရှိရသည်။

Source : Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊ သုံးဦးဒ-ဏ်ရာရ

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြေကြီးများက အဆောက်အအုံ၏ ပထမထပ်အထိ ဖုံးလွှမ်းခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။ ဖြစ်စဉ်အတွင်း အဆောက်အအုံထဲမှ လူသုံးဦးကို ကယ်ဆယ်ရေးလုပ်သားများက ကယ်ထုတ်နိုင်ခဲ့သော်လည်း ၎င်းတို့အနက် တစ်ဦးမှာ နောက်ပိုင်းတွင် ဆေးရုံ၌ ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်ပိုင်းဒေသတွင် စနေနေ့မှစတင်၍ မိုးကြိုးမုန်တိုင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့ဒေသများ၌ မိုးရေချိန် ၈၀၀ မီလီမီတာအထိ ရှိခဲ့သည်။...

ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အင်အား သိသိသာသာလျှော့ချရန် အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အင်အားနှင့် ပမာဏကို သိသိသာသာလျှော့ချရန် ပင်တဂွန်ကို အမိန့်ပေးထားကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ကုန်ကျစရိတ်များပြားသည့်အပြင် မြောက်ကိုရီးယားအပေါ် ရန်လိုမှုကို ပြသရာရောက်ကြောင်း ထရမ့်ပ်က ၎င်း၏ Truth Social လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် မိမိအကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိနေချိန်တွင် အမေရိကန်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် စိတ်မချမ်းမြေ့ကြောင်းလည်း ၎င်းက ဆိုသည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုံးဝဖျက်သိမ်းရန်မှာ နောက်ကျလွန်းနေပြီဖြစ်သဖြင့် လေ့ကျင့်မှုအရွယ်အစားကို...

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆ မြို့တွင် မြေနိမ့်ပိုင်းနေပြည်သူများ ကြိုတင်ရွှေ့ပြောင်းရန် နှိုးဆော်

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပြောင်းရွှေ့နိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားသည်။ မိုးဇလဌာန၏ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီ တိုင်းထွာချက်များအရ မြစ်ကြီးငါးစင်း၏ မြစ်ရေများမှာ မြို့ ၇ မြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၃၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071