Friday, July 11, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeNewsLocal Newsနိုင်ငံ့အင်အားစုဖြစ်သည့်အလုပ် သမားများအတွက် လူမူဖူလုံ​ရေး...

နိုင်ငံ့အင်အားစုဖြစ်သည့်အလုပ် သမားများအတွက် လူမူဖူလုံ​ရေး ဝန်​ဆောင်မူများအဖြစ် ကျန်းမာ​ရေး​စောင့်​ရှောက်မူ့နှင့်​ငွေ​ကြေးခံစားခွင့်တို့ကို လုပ်​ပေးလျှက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

အလုပ်သမားများ အားလုံးသည် နိုင်ငံအတွက် မရှိမဖြစ် အရေးပါသည့် အဓိကအင်အားစု တစ်ရပ်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ မေလ(၁)ရက်နေ့တွင် ကျရောက်သည့် ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် အစိုးရအနေဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို အလေးထား အားပေးမြှင့်တင်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ရာတွင် ကာယ၊ ဉာဏစွမ်းအားဖြင့် စီးပွားရေးကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုလျက်ရှိသည့် နိုင်ငံတော်၏ အရေးပါသည့် အင်အားစုကြီးဖြစ်သော အလုပ်သမားကြီးများအား အသိအမှတ်ပြု ဂုဏ်ပြုကြောင်းလည်း ၎င်းကဆိုသည်။

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများဖြစ်သည့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး MSME လုပ်ငန်းများအတွက် အဓိကလို အပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်လုပ်သားများရရှိရန်လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့ကြောင့်လည်း နိုင်ငံတွင်း၌သာမက ပြည်ပနိုင်ငံများနှင့်ပါ
ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများ တည်ထောင်၍ ကျွမ်းကျင်မှု သင်တန်းများဖွင့် လှစ်ပို့ချခြင်း၊ ပုဂ္ဂလိကသင်တန်းကျောင်းများ တည်ထောင်နိုင်ရေး အားပေးကူညီခြင်း၊ ကျွမ်းကျင်မှု အဆင့်အလိုက် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်း၊
Labour များရရှိရန် ပညာရေးကို အားပေးမြှင့်တင်ခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း​ပြောကြားခဲ့သည်။

မြန်မာလုပ်သားများ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန်နှင့် ပြည်ပမှရရှိလာသော အတွေ့အကြုံ၊ အသိပညာနှင့် အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျအသုံးချနိုင်ရန် ပြည်ပနိုင်ငံများနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး၍ အလုပ်သမားများကို စေလွှတ်ပေးလျက်ရှိ ကြောင်း သိရသည်။

ထိုကဲ့သို့ အလုပ်သမားအများစု သွားရောက်လုပ်ကိုင်သည့်
နိုင်ငံများတွင် အလုပ်သမားသံအရာရှိများ ခန့်အပ်တာဝန်ပေး၍ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိ ကြောင်းလည်း ထည့်သွင်း​ပြောကြားခဲ့သည်။

အလုပ်သမားကြီးများ၏ လူမှုစီးပွားဘဝလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေနိုင်ခြင်း၊စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့် လည်ပတ်နိုင်ခြင်းတို့ဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်ပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍများတွင်ပါ တပြိုင်တည်းတိုးတက်လာနိုင်မည်ဟု ဆိုလည်း ဆိုသည်။

၎င်းရည်ရွယ်ချက်ဖြင့် အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ လူမှုဖူလုံရေး ဆေးခန်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၆၀)၊ တိုင်းရင်းဆေးခန်း (၁)ခန်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်း (၆၄)ခန်း၊ ရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit)(၂)စီးတို့ဖြင့် အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ဒေသတွင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိရာ ၂၀၀၀ ပြည့်နှစ်မှ စတင်၍ အာဆီယံလုပ် ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN Occupational Safety and Health Network -ASEANOSHNET) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကာပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရသည်။

ထို့ပြင် နိုင်ငံ့စီးပွား မြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာအလုပ်သမားထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်၍ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာတွင် အလုပ်သမားများ အနေဖြင့် နိုင်ငံတော် အစိုးရနှင့်အတူ ပါဝင်ကြိုးပမ်း အားထုတ်ကြရန်လည်း နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားသွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက် တာဝန်လွှဲပြောင်းပွဲနှင့် အာဆီယံ-ဗီယင်နာကော်မတီ၏ (၅၃)ကြိမ်မြောက်အစည်းအဝေးတို့အား ဇူလိုင် ၈ ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ကျင်းပရာ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကော်မတီ၏လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌတာဝန်အား တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာသွားသည့် လာအိုသံအမတ်ကြီး(ကိုယ်စား)လာအိုသံရုံးယာယီတာဝန်ခံက မြန်မာသံအမတ်ကြီးထံလွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုသို့ လွှဲပြောင်းလက်ခံပြီးနောက် အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌသစ် မြန်မာသံအမတ်ကြီးက လာမည့်(၆)လတာကာလအတွင်း ကော်မတီ၏လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်သစ်များကို အဆိုပြုဆွေးနွေးပြီးအတည်ပြုခဲ့ကြသည်။

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု ဒေသတွင်းယာဉ်မောင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယင်းအတွက် ဒေသတွင်းခရီးသွားများအနေဖြင့် လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား-ပင်လုံ-တောင်ကြီး-ရွာငံ-မန္တလေးလမ်းပိုင်းမှ ပတ်၍သွားလာနေကြရကြောင်း ဆိုသည်။ ထို့အပြင် အခြားလမ်းပိုင်းတစ်ခုဖြစ်သည့် နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံ-တောင်ကြိး-မန္တလေးလမ်းပိုင်းများမှလည်း သွားလာနေကြရပြီး၊ ယခုလမ်းပိုင်းမှာလည်း မိုးရွာသွန်းမှုကြောင့် လမ်းများပျ-က်စီးနေသဖြင့် ထွန်စက်များဖြင့် ဆွဲနေရကြောင်း သိရသည်။ " တောင်ကြီးဘက်နဲ့ မိုးကုတ်ဘက် နှစ်လမ်းရှိတာပေါ့။ လမ်းအခြေအနေအရကတော့ ညအိပ်ရင်လည်း အိပ်ရနိုင်တယ်။ လမ်းကောင်းတယ် တိုက်ပွဲမရှိရင်တော့ နေ့ချင်းပေါက်နိုင်ပါတယ်"ဟု ရှင်းပြသည်။ ယနေ့...

အသက် (၁၉)နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးဟု ဖခင်ဖြစ်သူ ဦးညီညီထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် ဒဂုံမြိုးသစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် လူပျေ-ာက်တိုင်ချက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ "ကျွန်တော် (၈) ရက်နေ့မှာ ရဲစခန်းကို သွားပြီး အမှုဖွင့်ထားတယ်။ အခုလည်းလိုက်ရှာနေတုန်းပါ။ လက်လှမ်းမှီရာ တွေလည်းဖုန်းဆက်မေးထားတာ မတွေ့ဘူး၊ မလာဘူးဘဲပြောနေကြတယ်"ဟု ၎င်းက ဆိုသည်။ ဖခင်၏ ပြောဆိုချက်အရ ကနဦးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071