Tuesday, February 18, 2025

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဈေးသစ်မကြာမီဖွင့်လှစ်ရန် အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေ

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများနှင့် ပတ်ဝန်းကျင်၌ နေထိုင်သူများအတွက် အဆင်ပြေစေရန် ဈေးသစ်ကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ဈေးသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏...

အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်နိုင်ရေး အာဆီယံ-ကိုင်ရို...

(၂၇၇)ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ သံရုံးအကြီး အကဲများအစည်းအဝေး၌ အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ...

နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများကို...

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) စနစ်ဖြင့် ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြရန်...

တယ်လီကွန်းလိ-မ်လည်မှုများပြင်းထန်စွာနှိမ်နင်းရန်အရေးကြီး–တရုတ်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၇ တရုတ်နှင့်မြန်မာကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် တယ်လီကွန်းနှင့်အွန်လိုင်းလိ-မ်လည်မှု၊လူကုန်ကူးမှုတို့ကဲ့သို့သော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန်သဘောတူခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ အွန်လိုင်းလေ-ာင်းကစားနှင့် တယ်လီကွန်းလိ-မ်လည်မှုကဲ့သို့သော တရားမဝင်ရာဇဝတ်မှုများအား...
HomeNewsLocal Newsနိုင်ငံ့လက်ရွေးစင်များပေါ်ထွက်လာစေရန်ရည်ရွယ်ကျင်းပသည့် (၄)ကြိမ်မြောက် ပိုင်အိုးနီးယား...

နိုင်ငံ့လက်ရွေးစင်များပေါ်ထွက်လာစေရန်ရည်ရွယ်ကျင်းပသည့် (၄)ကြိမ်မြောက် ပိုင်အိုးနီးယား စားပွဲတင်တင်းနစ် ကလပ်ပေါင်းစုံဖိတ်ခေါ်ပြိုင်ပွဲ

နိုင်ငံ့လက်ရွေးစင်များပေါ်ထွက်လာစေရန်ရည်ရွယ်ကျင်းပသည့် (၄)ကြိမ်မြောက် ပိုင်အိုးနီးယား စားပွဲတင်တင်းနစ် ကလပ်ပေါင်းစုံဖိတ်ခေါ်ပြိုင်ပွဲအား ပဲခူးတိုင်း၊ ဖြူးမြို့၊ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၏ ၁၁၅ မိုင်ယာဉ်ရပ် နားဝင်းအတွင်းရှိ ပိုင်အိုးနီးယား စားသောက်ဆိုင်အပေါ်ဆုံးထပ်ခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲအား ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် နံနက်ပိုင်းမှ ညပိုင်းအထိကျင်းပခဲ့ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စားပွဲတင်တင်းနစ်ကလပ်ပေါင်း(၃၃)ခုမှ သက်တမ်းအလိုက် နိုင်ငံ့လက်ရွေးစင်ကစားသမားများအပါအဝင် ပြိုင်ပွဲဝင်အားကစားသမား(၁၃၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

” အဓိက ဒီပြိုင်ပွဲကိုကျင်းပရေးရတဲ့ရည်ရွက်ချက်က လူငယ်တွေအားကစားကိုစိတ်ဝင်စားလာဖို့နဲ့ တစ်ဖက်တစ်လမ်းကနေ နိုင်ငံ့လက်ရွေးစင်တွေပေါ်ထွက်လာစေဖို့အတွက် လူငယ်တွေကို မြေတောင်မြှောက်ပေးတဲ့သဘောပါ။ ဒီပွဲမှာ လက်ရှိ နိုင်ငံ့လက်ရွေးစင်နဲ့ လက်ရွေးစင် (ဟောင်း)က (၇)ယောက်၊ နိုင်ငံ့လက်ရွေးစင်လူ ငယ်ကစားသမား(၅)ယောက်၊ တက္ကသိုလ်လက်ရွေးစင်(၁)ယောက်ပါဝင်ပါတယ်”ဟု စားပွဲတင် တင်းနစ်ပြိုင်ပွဲအား ဦးစီးကျင်းပပေးသည့် ပဲခူး တိုင်း စားပွဲတင်တင်းနစ်အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လှမြင့်က ပြောသည်။

ပြိုင်ပွဲတွင် ကလပ်အသင်းပေါင်း(၃၃)သင်းမှ ကစားသမား(၁၃၇)ဦးအနက် အသက်အကြီးဆုံးကစားသမားအဖြစ် အသက်(၇၂)နှစ်အရွယ်တစ်ဦးနှင့် အသက်အငယ်ဆုံးကစားသမားအဖြစ် အသက်(၉)နှစ်တို့လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပိုင်အိုးနီးယား စားပွဲတင်တင်းနစ် ကလပ်ပေါင်းစုံဖိတ်ခေါ်ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည့် Bounce-1 အသင်းအား တံခွန်စိုက်ဆုဖလားနှင့်ဆုငွေကျပ်(၁၀)သိန်း၊ ဆုတံဆိပ်တို့ကို ပဲခူးတိုင်း စားပွဲတင်တင်းနစ်အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လှမြင့်နှင့်ဇနီးတို့ကချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့ပြင် ဒုတိယဆုရရှိခဲ့သည့် Bounce-2 အသင်း အား ဆုငွေကျပ်(၇)သိန်းနှင့် ဆုတံဆိပ်ဆွဲပြား၊ ပူးတွဲတတိယဆုရရှိသူ ရွှေလီအသင်းနှင့်ကချင်လေးအသင်းတို့အား ဆုငွေကျပ်(၂)သိန်းခွဲစီနှင့်ဆုတံဆိပ်ဆွဲပြားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဈေးသစ်မကြာမီဖွင့်လှစ်ရန် အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေ

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများနှင့် ပတ်ဝန်းကျင်၌ နေထိုင်သူများအတွက် အဆင်ပြေစေရန် ဈေးသစ်ကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ဈေးသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၂၄ ခုနှစ်၊မေလကစတင်တည်ဆောက်ခဲ့ပြီး မကြာမီဖွင့်လှစ်နိုင်ရန် အချောသပ်လုပ်ငန်းမျာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းအနီးတို့တွင် တည်ရှိပြီး သုခဒဂုံဈေးသစ်ကြီးကို အမှတ်(၂)လမ်းမကြီးနှင့် မနီးမဝေးတွင် တည်ဆောက်ပေးထားခြင်းဖြစ်သည်။ သုခဒဂုံဈေးရုံတွင် ဈေးရုံခုနစ်ရုံပါဝင်ကာ ၎င်းဈေးရုံများအတွင်း (၆) ပေပတ်လည်အကျယ်ရှိ ဈေးဆိုင်ခန်း စုစုပေါင်း (၃၉၂) ဆိုင် ဖွင့်လှစ်ရောင်းချနိုင်ရန် တည်ဆောက်ထားရှိကြောင်း...

အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်နိုင်ရေး အာဆီယံ-ကိုင်ရို ကော်မတီ သံရုံးအကြီးအကဲများ ဆွေးနွေး

(၂၇၇)ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ သံရုံးအကြီး အကဲများအစည်းအဝေး၌ အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (၂၇၇) ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများအဆင့် အစည်းအဝေးကို ကိုင်ရိုမြို့၊ အင်ဒိုနီးရှား သံအမတ်ကြီး နေအိမ်တွင် ဖေဖော်ဝါရီ (၁၆)ရက်ကကျင်းပခဲ့ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်က တက်ရောက်၍ ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ အစည်းအဝေး၌ အာဆီယံ-ကိုင်ရို ကော်မတီ၏ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များ အပေါ် ပြန်လည် သုံးသပ်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ...

နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများကို တင်ဒါခေါ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) စနစ်ဖြင့် ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြရန် ဖိတ်ခေါ်ထားသည်။ ယင်းအဆိုပြုလွှာကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပုဂ္ဂလိက ဆေးရုံများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော်ရေး ကော်မတီက ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။ ဖိတ်ခေါ်ချက်တွင် ယင်းနိုင်ငံတော်ပိုင်မြေ၌ မျက်စိရောဂါကုသမှု၊ ကင်ဆာရောဂါကုသမှု၊ ဆီးနှင့်ကျောက်ကပ်ရောဂါကုသမှုနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု၊ အထွေထွေရောဂါ အထူးကုသမှုစသည်တို့ကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကျန်းမာရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူလူထုအတွက် လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများ အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်ချက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။ စိတ်ဝင်စားသော နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071