ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) ရွှေတံဆိပ် ဆွတ်ခူးရရှိမှု ဇယားတွင် မြန်မာက အဆင့် ငါးနေရာတွင် ရပ်တည်နေသည်။
မြန်မာအသင်းက ရွှေ(၂)ခု၊ ငွေ (၃)ခု၊ ကြေး (၁) စုစုပေါင်း (၆)ခု ရရှိထားသည်။
မြန်မာအသင်းအတွက် ရွှေတံဆိပ်ဆုကိုမူ ရိုးရာခြင်းလုံး အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲမှ မြန်မာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းက ဆွတ်ခူးထားခြင်း ဖြစ်သည်။
နိုင်ငံအလိုက် ရွှေတံဆိပ်ရရှိမှုတွင် အိမ်ရှင် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗိယက်နမ်၊မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် လာအိုတို့ အစဥ်လိုက် ရပ်တည်နေသည်။
