Tuesday, January 13, 2026

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...
HomeNewsLocal Newsနိုင်ငံအတွင်းရှိ ဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်ရန်...

နိုင်ငံအတွင်းရှိ ဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်ရန် မတည်ငွေရင်း ကျပ်ဘီလျံ (၅၀) ရရှိထား

ပြည်တွင်း စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်ရန်အတွက် မတည်ငွေရင်း ကျပ်ဘီလျံ (၅၀)ရရှိထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ဦးဆောင်ညွှန်ကြားရေးမှူးက နိုင်ငံပိုင်သတင်းဌာနသို့ ပြောကြားခဲ့သည်။

‘‘ပြည်တွင်းမှာရှိတဲ့ ဆီစက်တွေကို အဆင့်မြင့်စက်ပစ္စည်းတွေ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီ ဆီစက်အသစ်တွေ ထပ်မံတည်ဆောက်ခြင်း၊ လက်ရှိ ဆီစက်တွေ အဆင့်မြှင့်တင်ခြင်းအတွက် ကနဦး မတည်ရင်းနှီးငွေ ကျပ် ၅၀ ဘီလျံ လိုအပ်မယ်လို့ တွက်ဆထားပါတယ်’’ဟု ၎င်းကဆိုသည်။

လက်ရှိတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရယူသုံးစွဲရန် နစကဘက်က ခွင့်ပြုပေးထားပြီး သက်သာသည့်အတိုးနှုန်း တစ်နှစ်လျှင် (၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးရန် သတ်မှတ်ထားကြောင်း သိရသည်။

ဇူလိုင်လ (၇) ရက်အထိ ပထမဆုံး အဆိုပြုလွှာများအနက်မှ သတ်မှတ်စည်းမျဉ်းစံနှုန်းများနှင့်အညီ ကိုက်ညီသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၅) ခုရှိ ဆီစက်လုပ်ငန်းရှင် (၈) ဦးကို ကျပ်သိန်းပေါင်း (၈၀၀၀) နီးပါး ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

‘‘မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အနေနဲ့ စံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းရှင်တွေကို အမြန်ဆုံးထုတ်ချေးနိုင်ဖို့ ဆက်လက် စိစစ်လျက်ရှိပါတယ်။ ဒါကြောင့်လည်း မကြာခင်မှာ ချေးငွေအသစ်တွေ ထပ်မံပြီး ထုတ်ချေးပေးသွားမှာပါ’’ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေထဲမှ ထုတ်ယူချေးပေးခြင်းဖြစ်သည့်အတွက် ပျောက်ပျက်သွား၍ မရခြင်းကြောင့် ထုတ်ချေးငွေရရှိသည့် လုပ်ငန်းရှင်များအနေဖြင့် မူလအဆိုပြုထားသည့်အတိုင်း လုပ်ကိုင်ရမည်ဖြစ်ပြီး သတ်မှတ်ကာလအလိုက် အရင်း၊ အတိုးမှန်ကန်စွာ ပြန်လည်ပေးဆပ်ကြရန် အသိပေးနှိုးဆော်ထားသည်။

Photo-မြို့တော်သတင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ ၁၃ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကင်ညာနိုင်ငံသား(၅၉)ဦး၊ ယူဂန်ဒါနိုင်ငံသား(၂၀)ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား(၁၃)ဦး၊ ကင်မရွန်းနိုင်ငံသား(၃) ဦး၊ ဂါနာနိုင်ငံသား(၃)ဦး၊ ဆီရီရာလီယွန်နိုင်ငံသား(၂) ဦး၊ လိုင်ဘေးရီးယားနိုင်ငံသား(၁)ဦး၊ မာလာဝီနိုင်ငံ သား(၁)ဦးနှင့် ဘူရွန်ဒီနိုင်ငံသား(၁)ဦးတို့အား မြန်မာ- ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ 

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် လူငယ်ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝအတွက် အခြေခံအကျဆုံးဖြစ်ကာ တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အနှုတ်လက္ခဏာဆောင်ပြီး နိုင်ငံတည်ငြိမ်မှုကိုထိခိုက်စေနိုင်သဖြင့် မငြိမ်းချမ်းပါက ဆိုးကျိုးများနှင့်သာတွေ့ကြုံရမည်ကိုသိထားရကြမည်ဟု ပြောသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား သာသနာပြုလုပ်ငန်းများအတွက်ရည်စူးကာ သီတဂူဆရာတော်ကြီးထံသို့ လှူဒါန်းခြင်းဖြစ်ကာ အင်းစိန်ရွာမဆရာတော်ကြီး (ကိုယ်စား) ဆရာတော်ကြီး၏တပည့်များမှ သီတဂူဆ ရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071