Friday, January 17, 2025

ယနေ့ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး...

ယနေ့ ဇန်နဝါရီ (၁၇)ရက် ညနေ (၅)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း...

သံရည်ကျိုရုံ (၃)ရုံ လည်ပတ်နိုင်ရန် ဆောင်ရွက်နေ

တောင်ကြီးမြို့၌ရှိသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) တွင် သံစိမ်းထုတ်လုပ်နိုင်ရန်အတွက် အထောက်ကူပေးမည့် သံရည်ကျို အလုပ်ရုံကြီး(၃)ရုံကို လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်း သံရည်ကျို အလုပ်ရုံကြီး...

ငွေလိမ်ဂိုဏ်းများ၏သားကောင်များကိုကယ်တင်မည်–တရုတ်

မြန်မာနိုင်ငံအပါအဝင်နိုင်ငံများရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် ဖြားယောင်းသိမ်းသွင်းခံခဲ့ရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရန် တရုတ်နိုင်ငံက အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက် နေ့အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ ပြည်ပငွေလိမ်ဂိုဏ်းများသည်...

မြန်မာနေရှင်နယ်လိဂ် -၂ သို့ တန်းတက်ကစားခွင့်ရရှိမည့်...

မြန်မာနေရှင်နယ်လိဂ် -၂ သို့ တန်းတက်ကစားခွင့်ရရှိမည့် MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်လိဂ်ကော်မတီထံမှ သိရသည်။ ပြိုင်ပွဲကို...
HomeNewsLocal Newsနိုင်ငံအတွက် လက်တွေ့ကျသည့် ဖြေရှင်းမှုမျိုးဖြစ်အောင်...

နိုင်ငံအတွက် လက်တွေ့ကျသည့် ဖြေရှင်းမှုမျိုးဖြစ်အောင် ကြိုးစားခွင့်​ပေးရန် နှင့် နားလည်မှုထားကာ ထောက်ခံအားပေးကြရန် ဦးကိုကိုကြီး တောင်းဆို

လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံရေး အကျပ်အတည်းများ၊ တင်းမာမှုများနှင့် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက သုံးသပ်သည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်း နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းနှင့် တင်းမာမှုများ၊ ပဋိပက္ခများ ၊ အရပ်သားပြည်သူ ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်၍ ၎င်း၏ အမြင်ကို မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” လက်ရှိဖြစ်ပျက်နေတာတွေ မတွေ့ဘူးလားဆိုတော့ တွေ့တာပေါ့ဗျာ။ ဒီခေတ်မှာ ဆိုရှယ်မီဒီယာခေတ်မှာ။ ကျွန်တော်တို့လည်း ဘယ်လိုလုပ် စိတ်ကောင်းမလဲ။ မြင်နေရ ကြားနေရတာတွေကို။ ဒါတွေကို ချုပ်ငြိမ်းဖို့ဆိုတာ နိုင်ငံရေး နည်းလမ်း ၊ နိုင်ငံရေး မျှော်လင့်ချက် ပြန်ပေါ်လာဖို့လိုတယ်။ကျွန်တော်တို့က နစက ကိုလည်း တစ်လျှောက်လုံးတိုက်တွန်းနေတာက ပြည်သူတွေကြားထဲမှာ နိုင်ငံရေး နည်းလမ်း ၊ နိုင်ငံရေး မျှော်လင့်ချက် ပြန်ပေါ်လာအောင် လုပ်ပါ၊ ဆောင်ရွက်ပါ ဆိုတာကို ထပ်ခါတလဲလဲ တိုက်တွန်းနေရတာ ဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

တိုင်းပြည်၏ အာဏာ (၃) ရပ်အား နစက မှ ထိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်းမှ စတင်ကာ တိုင်းပြည်အတွင်း၌ ပဋိပက္ခများ ဖြစ်ပွားနေရပြီး စစ်ရေးတင်းမာမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ အမြောက်အများမှာ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး ဆုံးရှုံးနေရသလို ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေများကို လက်ရှိအချိန်ထိ ရင်ဆိုင်နေရဆဲဖြစ်သည်။

“စစ်ပွဲဖြစ်လာပြီဆိုရင် နောက်ဆက်တွဲ အနိဌာရုံတွေ၊ သေကျေပျက်စီးတာတွေ ၊ အိုးအိမ်ပျက်စီးတာတွေ ၊ စစ်ဘေးရှောင်ရတာတွေ ၊ အဲဒီဒေသတွေမှာ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး အကုန်ပျက်စီးသွားတာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က အကြမ်းမဖက်နိုင်ငံရေး နည်းလမ်းကို ပြန်ရောက်ဖို့ အနာခံပြီးတော့ အမုန်းခံပြီးတော့ ပြောနေရတာပါ” ဟု ဦးကိုကိုကြီးက ပြောသည်။

ယခု ၂နှစ် အတွင်းဆူပူအကြမ်းဖက်မှုများ ၊ လုပ်ကြံသတ်ဖြတ်မှုများ ၊ ပစ်ခတ်တိုက်ခိုက်မှုများစသည့် အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်ဆက်နွယ်မှုရှိသူ အမြောက်အများကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုဖွင့် တရားစွဲဆိုမှုများ လုပ်ဆောင်နေဆဲဖြစ်သည်။

တစ်ဖက်တွင်လည်း အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ စစ်တပ်ထောက်ခံသူများအား လုပ်ကြံသတ်ဖြတ်မှုများ ၊ အသက်အန္တရာယ် ရန်ရှာခြိမ်းခြောက်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျှက်ရှိနေဆဲဖြစ်သည်။

ထို့အပြင် ပြည်တွင်းရှိ နိုင်ငံရေး ခံယူချက် ၊ နိုင်ငံရေးယုံကြည်ချက် ကွဲပြားစွာ ရပ်တည်လှုပ်ရှားနေသည့် နိုင်ငံရေးသမားများ၊ ပါတီဝင်များနှင့် အစိုးရထောက်ခံသူများကို အကြမ်းဖက်သတ်ဖြတ်မှုများ၊ စွပ်စွဲပြစ်တင်မှုများမှာ လက်ရှိအချိန်အထိ အရှိန်အဟုန်မြင့်တက်နေဆဲပင် ဖြစ်သည်။

အဆိုပါ အဖြစ်အပျက်များ ချုပ်ငြိမ်းလျှော့ပါးလာစေရန် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ပြီး ယင်းသို့ ဖြေရှင်းနိုင်ရန် ပြည်သူလူထုကြား၌ နိုင်ငံရေးမျှော်လင့်ချက် ပြန်လည်ပေါ်ပေါက်လာရန်လိုအပ်နေကြောင်း ဦးကိုကိုကြီးက သုံးသပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းကဲ့သို့ ပြည်သူလူထုကြားတွင် နိုင်ငံရေး မျှော်လင့်ချက် ပြန်လည်ပေါ်ပေါက်လာရေး နစက အား အစဉ်တစိုက် တိုက်တွန်းလျက်ရှိနေပြီး နိုင်ငံအတွက် လက်တွေ့ကျသည့် ဖြေရှင်းမှုမျိုးဖြင့် ဖြေရှင်းနိုင်ရေး ကြိုးစားခွင့်ပေးရန်အတွက်လည်း ဦးကိုကိုကြီးက တောင်းဆိုထားသည်။

” နိုင်ငံအတွက် လက်တွေ့ကျတဲ့ ဖြေရှင်းမှုမျိုးဖြစ်အောင် ကျွန်တော်တို့ကို ကြိုးစားခွင့်ပေးပါ။ အတတ်နိုင်ဆုံး နားလည်မှုထားပြီးတော့ ထောက်ခံအားပေးကြပါလို့ ကျွန်တော်ကတော့ တိုက်တွန်းချင်ပါတယ်” ၎င်းက ဆိုသည်။

လက်ရှိတွင် တိုင်းပြည်၏ အကျပ်အတည်းအား အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းရေးထက် လက်နက်ကိုင်တိုက်ခိုက်ရေး အယူအဆမှာ ပိုမိုအင်အားကြီးနေသည့်အတွက် အဆိုပါ လှိုင်းလုံးအား ဆန်တက်နေရသည်မှာ ယခင်က နိုင်ငံရေးလှုပ်ရှားမှုများထက် ပိုမိုခက်ခဲကြမ်းတမ်းသော်လည်း အောင်မြင်သည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြော

ယနေ့ ဇန်နဝါရီ (၁၇)ရက် ညနေ (၅)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြောကြားသည်။ "အများကြီး မျှော်မှန်းထားတယ်။ ဒီပွဲအောင်မှလည်း ကျွန်တော်တို့ အဆင်ပြေမှာပေါ့နော်။ အောင်မြင်မယ်လို့လည်းယုံကြည်ပါတယ်။ နောက်ပွဲတွေကို အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီလို (ဗီယက်နမ်ပွဲစဉ်)ဖြစ်သွားတဲ့အတွက်လည်း အားနာပါတယ်။ နောက်ပွဲတွေဆက်လက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် "ဟု မြန်မာအမျိုးသမီးဖူဆယ်အသင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင်က ပြောသည်။ မြန်မာလက်ရွှေးစင် အမျိုးသမီး ဖူဆယ်အသင်းအနေဖြင့် ဇန်နဝါရီ (၁၅)ရက်က ဗီယက်နမ်အသင်းဖြင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားကြရာ၌...

သံရည်ကျိုရုံ (၃)ရုံ လည်ပတ်နိုင်ရန် ဆောင်ရွက်နေ

တောင်ကြီးမြို့၌ရှိသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) တွင် သံစိမ်းထုတ်လုပ်နိုင်ရန်အတွက် အထောက်ကူပေးမည့် သံရည်ကျို အလုပ်ရုံကြီး(၃)ရုံကို လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်း သံရည်ကျို အလုပ်ရုံကြီး (၃)ရုံကို လည်ပတ်နိုင်ရန်လည်း ပြည်ပနိုင်ငံများနှင့် စာချုပ်ချုပ်ဖို့ ညှိနှိုင်းနေကြောင်းလည်း သိရသည်။ လက်ရှိတွင် အမှတ်(၂)သံမဏိ စက်ရုံ (ပင်းပက်)၌ သံရည်ကျို မည့်စက်ရုံအပါအဝင် အလုပ်ရုံခွဲ (၂၂) ရုံရှိနေပြီး ယင်းအနက် အလုပ်ရုံ (၁၉)ရုံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့ကပင် စမ်းသပ်လည်ပတ်နေကြောင်း သိရသည်။ ကျန်ရှိသည့် သံရည်ကျို(၃)ရုံသာ လည်ပတ်နိုင်ပါက...

ငွေလိမ်ဂိုဏ်းများ၏သားကောင်များကိုကယ်တင်မည်–တရုတ်

မြန်မာနိုင်ငံအပါအဝင်နိုင်ငံများရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် ဖြားယောင်းသိမ်းသွင်းခံခဲ့ရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရန် တရုတ်နိုင်ငံက အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက် နေ့အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ ပြည်ပငွေလိမ်ဂိုဏ်းများသည် မြင့်မားသောလစာ၊ အစားအစာ၊ နေရာထိုင်ခင်းနှင့် လေယာဉ်လက်မှတ်များ စီစဉ်ပေးမည်ဆိုသော ကတိကဝတ်များဖြင့် တရုတ်နိုင်ငံသားများကို လိမ်ညာလှည့်ဖြားကာ ထိုင်းနိုင်ငံနှင့် နယ်စပ် မြန်မာနိုင်ငံ မြဝတီမြို့ကဲ့သို့ မြို့များရှိ တယ်လီကွန်အလိမ်အညာလုပ်ငန်းများတွင် ၎င်းတို့ကို ပိတ်မိနေစေခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ စီစီတီဗီက ဖော်ပြခဲ့သော သတင်းထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားထားသည်။ ဇန်နဝါရီလအစောပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် ပြန်လည်တွေ့ရှိကယ်တင်နိုင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071