Monday, March 17, 2025

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...

ပူတင် နှင့် ထရမ့် နက်ဖြန်...

အင်္ဂါနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ စကားပြောဆို‌ဆွေးနွေးရန်အတွက် ပြင်ဆင်နေကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ယနေ့...
HomeNewsLocal Newsနိုင်ငံအတွက်အမှန်တကယ်အကျိုးရှိမည့် ပြည် တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို...

နိုင်ငံအတွက်အမှန်တကယ်အကျိုးရှိမည့် ပြည် တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီးအားပေးဆောင်ရွက်ရမည်ဟု နစက ဥက္ကဌပြော

နိုင်ငံအတွက်အမှန်တကယ်အကျိုးရှိမည့် ပြည် တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီးအားပေးဆောင်ရွက်ရမည်ဟု နစက ဥက္ကဌပြော

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သြဂုတ် ၂၂ ရက်က နေ ပြည်တော်၌ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအ ဖွဲ့အစည်းအဝေး(၆/၂၀၂၂)သို့ တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကိုဗစ်(၁၉)ရောဂါဖြစ်ပွားလို့ စီးပွားရေးကျဆင်းမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် စီးပွားရေးပြန် လည် အားကောင်းအောင် ဆောင်ရွက်ပေးဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

စီးပွားရေးတွင် ထုတ်လုပ်မှု၊ကုန်သွယ်မှု၊ဘဏ္ဍာ ရေးစနစ်နှင့်ဘဏ်စနစ်များကောင်းမွန်ရန်လိုကာ ကုန်ထုတ်လုပ်မှုရှိမှသာ ကုန်သွယ်မှုများဆောင် ရွက်နိုင်မည်ဖြစ်ပြီး လုပ်အားခများလည်းရရှိမည်ဖြစ်ကာ ငွေကြေးလည်ပတ်မှုများရှိလာမည်ဟု ပြောသည်။

ထို့ကြောင့် လုပ်ငန်းများ မှန်မှန်ကန်ကန်လည်ပတ် နိုင်စေရန် ဘဏ္ဍာရေးစနစ်များ မှန်ကန်ရန်လို၍ မိမိတို့စတင်တာဝန်ယူချိန်တွင် ဘဏ်စနစ်များ ပြိုလဲမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး ဘဏ်များအပေါ် ပြည်သူများယုံကြည်မှုရှိရန်လိုအပ်သည်ဟု ပြောသည်။

ထို့ပြင် ကိုဗစ်ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ အသုံးပြုရန် ၂၀၂၀ ပြည့်နှစ်မှစတင်စုဆောင်းခဲ့သည့် ငွေကျပ်ဘီလီယံပေါင်း ၄၀၀ ကျော်ခန့်ရှိကာ ကိုဗစ်ရောဂါ ကုသရေး၊ကာကွယ်ရေးတို့အတွက် အသုံးစရိတ်များပေးအပ်ခဲ့သည်ဟု ပြောသည်။

အဆိုပါ ရန်ပုံငွေသည် နိုင်ငံတော်က ပေးရသည့်ငွေဖြစ်၍ မပျောက်ပျက်ရန်လိုအပ်ပြီး ယင်းငွေ ကြေးများ မပျောက်ပျက်သွားရန် ငွေကြေးများပြန်လည်ဝင်ရောက်ရန် အစိုးရသို့ တိုက်ရိုက်ဝင်တာရှိသည်ဟု ပြောသည်။

ထို့ကြောင့် စိုက်ပျိုးရေးဖြင့်လုပ်သည့် နိုင်ငံတော်အားပြန်၍ အထောက်အကူရမည့်လုပ်ငန်းဖြစ်သော နွေစပါးနှင့်ပဲတီစိမ်း နှစ်မျိုးအားဆောင်ရွက် ခြင်းဖြစ်ကာ တိုင်းနှင့်ပြည်နယ်အကုန်လုံး အ ထောက်အကူရသည်ဟု ပြောသည်။

“ပြည်နယ်နဲ့တိုင်းတွေ တင်ပြချက်မှာတော့ ပြည် နယ်နဲ့တိုင်းအားလုံးနီးပါးလောက် တိုင်းအားလုံးပေါ့ တိုင်းကြီးတွေ အားလုံးလောက် ဒါအကုန်လုံး အထောက်အကူရတာကို တွေ့တယ် အနည်းနဲ့အများတော့ ကွာပါလိမ့်မယ် တိုင်းကြီးတွေ အား လုံးက အထောက်အကူရတယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေကိုလည်း ပေးလိုက်တယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အဆိုပါ ရရှိသည့် ရန်ပုံငွေများဖြင့် တောင်သူများ ၏ ဘဝမြှင့်တင်ရေးအား များစွာအထောက်အကူပြုသော လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနနှင့်သမဝါယမဝန်ကြီးဌာနတို့မှ အကောင်အထည် ဖော်သည့် မြစိမ်းရောင်လုပ်ငန်း ပြုလုပ်ရန်ဖြစ်သည်ဟု ပြောသည်။

အလားတူ ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန် အ သေးစား၊အလတ်စား စီးပွားရေးလုပ်ငန်း(SME) များကိုလည်း အားပေးသွားမည်ဖြစ်ကာ ဆန် စက်၊ဆီစက်နှင့်ပဲခွဲစက် လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်သွားမည်ဟုပြောသည်။

“အဲဒီလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင်ဆောင် ရွက်တဲ့အတွက် လုပ်ငန်းတွေနဲ့ဆက်စပ်နေတဲ့ တောင်သူတွေ အလုပ်အကိုင်ဆောင်ရွက်ကြသူတွေလည်း လူမှုစီးပွားဘဝတိုးတက်လာမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ မြို့ပေါ်နေပြည်သူများ အလုပ်အကိုင်ရရှိရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်ရန်လိုပြီး နိုင်ငံအတွက် အမှန်တ ကယ် အကျိုးရှိမည့်ရင်းနှီးမြှုပ်နှံမှုများကို အား ပေးဆောင်ရွက်သွားရမည်ဟု ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ (၃၅၆) ဦးရှိ

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း သိရသည်။ ယနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမရက်၌ မြန်မာစာဘာသာဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၄၁) ဦး၊ ကျောင်းသူ (၂၁၅) ဦး စုစုပေါင်း (၃၅၆) ဦး၊ ပျက်ကွက် ကျောင်းသား (၃) ဦး၊ ကျောင်းသူ (၄) ဦး စုစုပေါင်း (၇) ဦး ရာခိုင်နှုန်းအားဖြင့် (၉၈.၀၇)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071