Monday, December 8, 2025

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...
HomeNewsLocal Newsနိုင်ငံသားတိုင်း နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိ၍ အခြေခံစစ်ပညာရပ်များကိုသင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်

နိုင်ငံသားတိုင်း နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိ၍ အခြေခံစစ်ပညာရပ်များကိုသင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်

နိုင်ငံသားတိုင်း နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန်တာ ဝန်ရှိ၍ အခြေခံစစ်ပညာရပ်များကိုသင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်သည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင် ဘာ ၁ ရက်နံနက်ပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)အားကြည့်ရှုစစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ယာယီသမ္မတမှ ဝန်ကြီးဌာနအားလုံးရှိ နိုင်ငံ့ဝန်ထမ်းများအားလုံး ပုံစံတကျဖြစ်စေရန် နိုင်ငံ့ဝန် ထမ်းတက္ကသိုလ်များကိုဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနေမှု၊ နိုင်ငံသားတိုင်း နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ၍ နိုင်ငံတော်ကာကွယ်ရေးအတွက် အထောက် အကူပြုနိုင်ရန် အခြေခံစစ်ပညာရပ်များကိုသင်ကြားလေ့ကျင့်ပေးနေမှုတို့ကို ပြောကြားခဲ့သည်။

” အခြေခံစစ်ပညာပညာရပ်တွေ ထည့်သွင်းသင်ကြားပေးတာကြောင့် နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အမိန့်နာခံ တတ်မှု၊ စည်းကမ်းစနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်မှု၊ အစုအဖွဲ့စနစ်နဲ့ စုစည်းညီညွတ်တဲ့‌စိတ်ဓာတ်နဲ့ လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေရှိလာမှာဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြော သည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ရုံးလုပ်ငန်းစည်းမျဉ်း စည်းကမ်းများ၊ အုပ်ချုပ်မှုလုပ်ငန်းလုပ်ငန်းများ စနစ် တကျဖြစ်စေရေးအတွက် အမှုထမ်းများ၊ အရာထမ်းများအား ဘာသာရပ်များအလိုက်သင်ကြားလေ့ကျင့်ပေးရာတွင် ထိရောက်သည့်သင်ကြားလေ့ကျင့်မှုများဖြစ်ရန်လိုပြီး ဝန်ထမ်းများစိတ်ဓာတ်စည်းကမ်းကောင်း မွန်စေရေး၊ ပါတီနိုင်ငံရေးကင်းရှင်းသည့်ဝန်ထမ်းများ၊ နိုင်ငံကိုချစ်မြတ်နိုးသည့်စိတ်ရှိသည့် ဝန်ထမ်းကောင်းများဖြစ်အောင်လေ့ကျင့်ပေးရမည်ဟု ပြောသည်။

” သင်ကြားပေးတဲ့ဘာသာရပ်တွေ ထိရောက်အကျိုးရှိစေဖို့ဆောင်ရွက်ပေးရပါမယ်။ သင်ရိုးညွှန်းတမ်းတွေကလည်း မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေဖြစ်ဖို့လိုပါတယ်။ ဥပဒေနှင့်ပတ်သက်ရင် မိမိတို့ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းနေတာကြောင့် ဥပဒေကိုသိရှိနားလည်ဖို့ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းအားလုံး ဥပဒေကိုသိရှိနားလည်ကြဖို့လိုတာကြောင့် အခြေခံပညာအဆင့်ကစပြီး ဥပဒေအသိပညာတွေကို သင်ကြားပေးနေပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

နိုင်ငံ့ဝန်ထမ်းများအားလုံးသည် အသက်(၁၈)နှစ်ပြည့်ပြီးသူများဖြစ်၍ ဥပဒေကိုသိရှိနားလည်ရန်လိုအပ်ပြီး သင်တန်းများဖွင့်လှစ်သင်ကြားရာ၌ ဥပဒေပညာရပ်များကိုထည့်သွင်းသင်ကြားပေးရမည်ဖြစ်ကာ ဝန်ကြီး ဌာနများအားလုံး၊ တိုင်းနှင့် ပြည်နယ်အားလုံးရှိ ရုံးလုပ် ငန်းစည်းမျဉ်းများစနစ်တကျရှိစေရေးအတွက် နိုင်ငံ့ဝန် ထမ်းတက္ကသိုလ်မှစတင်ပြီူ အခြေခံရရှိအောင်ဆောင် ရွက်ရမည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်အတွင်း၊ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နီလာခန်းမနှင့် မဟောသဓခန်းမ၊ ခ တ္တာဆောင်ရှိ သင်တန်းသူအိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ (၈) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်တွင် ကျင်းပသည့် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် ပေါ်ပြူလာနယူးစ်သတင်းဌာနမှ "ကျားဖြူပါတီက အမတ်များအနေဖြင့် လွှတ်တော်ထဲရောက်ရင် ပြည်သူတွေအတွက် ဘာတွေအဓိကထားလုပ်ပေးမလဲ" ဆိုသည့်မေးခွန်းအပေါ် ပြန်လည်‌ဖြေကြားခဲ့ခြင်းဖြစ်သည်။ "လွှတ်တော်ထဲရောက်ရင် ပြည်သူတွေအတွက် အလုပ်လုပ်မယ်။ ကျွန်တော်တို့ပါတီက ကိုယ်ကျိုးရှာတဲ့ ပါတီမဟုတ်ဘူး။ ပြည်သူကိုချစ်တဲ့ပါတီ။ ပြည်သူအတွက်အလုပ်လုပ်မယ်။...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် မြို့နယ်အောင်နိုင်ရေးအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး လူထုတွေ့ဆုံပွဲသို့ ဒေသခံမဲဆန္ဒရှင်ပြည်သူ (၃၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မော်လမြိုင်မြို့မှ လွှဲ၍ အခြားမြို့နယ်များတွင် လုံခြုံရေးအခြေအနေအရ မဲဆွယ်စည်းရုံးရေးလု ပ်ငန်းစဉ်များကို အကျဉ်းချုံးသာ လုပ်ဆောင်နေချိန်လည်းဖြစ်သည်။ မွန်ပြည်နယ်တွင် တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများဖြစ်သည့် ကြံခိုင်ရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) ၊...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးကို အဆင်ပြေစွာဆောင်ရွက်ပေးရန် လဝက ဝန်ကြီးမှာကြား

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို စစ်ဆေးခဲ့စဉ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071