(Unicode)
နိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လွှတ်ပေးဖို့ အမေရိကန်နှင့်အင်ဒိုနီးရှား သမ္မတတို့ ပူးတွဲ တောင်းဆို
မြန်မာတွင် ဒီမိုကရေစီကို အမြန်ပြန်လည်ကျင့်သုံးနိုင်ရေး ဆောင်ရွက်ဖို့ အမေရိကန်နှင့်အင်ဒိုနီးရှား သမ္မတတို့က ပူးတွဲ တောင်းဆိုခဲ့ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၁ရက်မှာ ကြေညာချက်ထုတ်ခဲ့သည်။
မြန်မာ စစ်တပ်ဘက်က အကြမ်းဖက်မှု အားလုံး ရပ်တန့်၊ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ရန်လည်း အမေရိကန် သမ္မတ Joe Biden နှင့် အင်ဒိုနီးရှား သမ္မတ Joko Widodo တို့ က သီးခြားတွေ့ဆုံဆွေးနွေးကြစဉ် သဘောတူခဲ့ကြောင်း အိမ်ဖြူတော်၏ ကြေညာချက်က ဖော်ပြသည်။
ထို့အပြင် မြန်မာ့ နိုင်ငံရေး အကြပ်အတည်း ဖြေရှင်းရေး အတွက် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် မြန်မာ စစ်တပ်ဘက်က တာဝန်ယူရန်နှင့် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုကိုလည်း ထောက်ခံကြောင်း အမေရိကန် သမ္မတ Biden က ပြောဆိုခဲ့သေးသည်။
(Zawgyi)