Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeInternationalနိုင်ငံရေးသမား ၁၀ ဦးကို...

နိုင်ငံရေးသမား ၁၀ ဦးကို ကျားဖြန့်၊ လောင်းကစား၊ မူးယစ်နှင့် ဆက်နွှယ်မှုဖြင့် ထိုင်းရဲစုံစမ်းစစ်ဆေးနေ

ဘန်ကောက်၊ ဇန်နဝါရီလ ၉

ကျားဖြန့်လုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားကွန်ရက်များနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိရသော ထိုင်းနိုင်ငံရေးသမားများနှင့် အမတ်ဟောင်း ၁၀ ဦးထက်မနည်းကို စုံစမ်းစစ်ဆေးနေပြီး မကြာမီ ဖမ်းဆီးနိုင်ဖွယ်ရှိကြောင်း တရားရေးဝန်ကြီး ဒုတိယရဲဗိုလ်ချုပ်ကြီး ရုထာဖုန်း နဝရတ် က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ယခင် ပြည်သူ့ပါတီ (ပီပီ) အမတ်ဟောင်း ရန်စီမန်ရုန်း၏ အစိုးရသည် ကျားဖြန့်ဂိုဏ်းများနှင့် တရားမဝင်လောင်းကစားကွန်ရက်များကို နှိမ်နင်းရန် ပျ-က်ကွက်နေပြီး “အမှောင်စီးပွားရေးလုပ်ငန်းများ” ကို နိုင်ငံရေးသြဇာလွှမ်းမိုးလာအောင် ခွင့်ပြုထားသည်ဟူသော စွပ်စွဲချက်ကို ဝန်ကြီးက တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယရဲဗိုလ်ချုပ်ကြီး ရုထာဖုန်းက ဆိုက်ဘာရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနများသည် အဆိုပါတရားမဝင်လုပ်ငန်းများကို အစဉ်တစိုက် စုံစမ်းစစ်ဆေးလျက်ရှိပြီး ဆက်နွှယ်မှုရှိသည့် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများနှင့် အမတ်ဟောင်းများကို ပူးပေါင်းစစ်ဆင်ရေးများဖြင့် မကြာမီ အရေးယူသွားမည်ဟု ဆိုသည်။

“ရရှိထားတဲ့ အချက်အလက်တွေအရ နိုင်ငံရေးသမား ၁၀ ဦးခန့်ဟာ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်တွေနဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ပတ်သက်နေတာ တွေ့ရပါတယ်” ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

အများပြည်သူထံ တိတိကျကျဖြင့် အခြေအနေတိုးတက်မှုကို တင်ပြနိုင်ရန်အတွက် ဆိုက်ဘာရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (ဒီအက်စ်အိုင်) တို့မှ အချက်အလက်များကို ပေါင်းစပ်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးသွားမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ယခင်ဆွေးနွေးပွဲတွင် ဤကဲ့သို့သော အမှုတွဲများမရှိဟု ငြင်းဆိုသည့်သဘောမျိုး အထင်မှားစေခဲ့သည့် ၎င်း၏ ပြောကြားချက်နှင့်ပတ်သက်၍လည်း ဝန်ကြီးက ရှင်းပြခဲ့ပါသည်။

လတ်တလော ဆိုက်ဘာရဲတပ်ဖွဲ့အစည်းအဝေးတွင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော နိုင်ငံရေးသမားများအကြောင်း ဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် မူဝါဒပိုင်းကိုသာ အဓိကဆွေးနွေးခဲ့သဖြင့် ယခုကိစ္စကို ထည့်သွင်းမပြောခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

“ဒါကြောင့် ကျွန်တော်က နိုင်ငံရေးသမားတွေဟာ မူးယစ်ဆေးဝါး ဒါမှမဟုတ် အွန်လိုင်းလောင်းကစားမှာ မပတ်သက်ဘူးလို့ ပြောနေသလိုမျိုး အထင်အမြင်တွေ ဖြစ်သွားခဲ့ပုံရပါတယ်၊ တကယ်တော့ အဲ့ဒီလိုမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ဝန်ကြီး၏ ပြောကြားချက်များနှင့် ပတ်သက်၍ ရန်စီမန်ရုန်းက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ရေးသားရာ၌ ဝန်ကြီး၏ မှတ်ချက်များသည် အစိုးရ၏ အုပ်ချုပ်ရေးညံ့ဖျင်းမှုနှင့် ရာဇဝတ်ဂိုဏ်းနှင့် ဂိုဏ်းသားများ နိုင်ငံရေးအတွင်းသို့ ထိုးဖေ-ာက်ဝင်ရောက်လာမှုကို မတားဆီးနိုင်ခြင်းကို ထင်ဟပ်နေကြောင်း ပြန်လည်ဝေဖန်ခဲ့သည်။

Ref: ဗန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071