ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတစ်ရပ်ကို ယနေ့ ဇန်နဝါရီ (၂၆) ရက် ရက်စွဲဖြင့် ပြဌာန်းလိုက်ကြောင်း သိရသည်။
အဆိုပါ ဥပဒေကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခင် နအဖ အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ယခု ဥပဒေဖြင့် ပယ်ဖျက်ကြောင်း ထည့်သွင်း ပြဌာန်းထားသည်။
အဆိုပါ ပါတီမှတ်ပုံတင် ဥပဒေသစ်အရ ယခင် နအဖ အစိုးရ လက်ထက် ပါတီမှတ်ပုံတင်ခြင်း ဥပဒေဖြင့် မှတ်ပုံ တင်ထားသည့် နိုင်ငံရေးပါတီများသည် နိုင်ငံရေး ပါတီအဖြစ် ဆက်လက်ရပ်တည်
လိုပါက ရက်ပေါင်း (၆၀) အတွင်း ပြန်လည် မှတ်ပုံတင်ရန် လိုအပ်ကြောင်း ထည့်သွင်း ပြဌာန်းထားသည်။
အကယ်၍ ပြန်လည်လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ကြောင်းလည်း ယနေ့ ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ သိရသည်။
ယနေ့ ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အများပြည်သူအနေဖြင့် လေ့လာမှတ်သားနိုင်ရန် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။



















