Wednesday, July 16, 2025

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ်(၂၀၀)ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း...

ကမ္ဘာ့ဖလား‌ဘောလုံးပွဲလက်မှတ်များစက်တင်ဘာ၁၀ရက်တွင်စရောင်းမည်

မက္ကဆီကို၊ အမေရိကနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များဝယ်ယူရမည့် လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၀...

အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကိုအမြစ်ဖြတ်ရန် ဟွန်မာနက်အမိန့်ထုတ်

နိုင်ငံတစ်ဝန်းရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းများကို အမြစ်ပြတ်ရှင်းလင်းရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အာဏာပိုင်များကို အမိန့်ထုတ်လိုက်ပြီး နှိမ်နင်းရေးလုပ်ငန်းစဉ်များကို တားဆီးသည့် မည်သည့်အရာရှိမဆို အလုပ်ထုတ်ခံရမည်ဟု သတိပေးခဲ့သည်။ တနင်္လာနေ့(ဇူလိုင်လ ၁၄ရက်နေ့)...

ပအိုဝ်းအမျိုးသား ညီညွတ်ရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထား

ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ယမန်နေ့ ဇူလိုင်လ(၁၅)ရက်ကလျှောက်ထားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် လျှောက်ထားသည့် ပါတီ (၁၉) ပါတီ ရှိနေကြောင်း...
HomeNewsLocal Newsနိုင်ငံရေးပါတီများအနေဖြင့် ပြည်ပအဖွဲ့အစည်များနှင့် တွေ့ဆုံမည်ဆိုပါက...

နိုင်ငံရေးပါတီများအနေဖြင့် ပြည်ပအဖွဲ့အစည်များနှင့် တွေ့ဆုံမည်ဆိုပါက UEC ၏ ခွင့်ပြုချက်ရယူရန် ညွှန်ကြား

နိုင်ငံရေးပါတီများအနေဖြင့် ပြည်ပအဖွဲ့အစည်များနှင့် တွေ့ဆုံမည်ဆိုပါက UEC ၏ ခွင့်ပြုချက်ရယူရန် ညွှန်ကြား

ပြည်တွင်းရှိ နိုင်ငံရေး ပါတီများအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဆိုပါက ရွေး ကောက်ပွဲကော်မရှင်သို့ ကြိုတင်အကြောင်းကြားပြီး ခွင့် ပြုချက်ရယူရန် ညွှန်ကြားလိုက်ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လက်မှတ်ရေးထိုးကာ ဩဂုတ်လ (၁ ၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၇(ဂ)၊ ပုဒ်မ ၄၀၈ နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆(စ) ပါ ပြဌာန်းချက်များအရ နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အ ခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း ၊ အခြားအ‌ေထာက်အပံ့တစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ ဩဇာခံယူခြင်း မပြုရေးကို လိုက် နာရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်မည်ဟု အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။

အကယ်၍ နိုင်ငံရေး ပါတီများအနေဖြင့် UEC ၏ ခွင့်ပြု ချက် မယူဘဲ ပြည်ပအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို တွေ့ဆုံမည်ဆိုပါက အထက်ပါ ဥပဒေပါ ပြဌာန်း ကန့် သတ်ချက်များနှင့် ငြိစွန်းနိုင်သည့်အတွက် UEC မှ သင့် တော်သလို စီမံခွင့်ပြုပေးမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဒစရင်း မှားယွင်းမှု ၊ မဲမသာမှုများနှင့် တရားမဲ့ ပြုကျင့်မှု ဖြစ်စဉ်များတွင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးများ၊ NGO များနှင့် ၎င်းတို့၏ အထောက်အပံ့ရယူထားသည့် ပြည်တွင်းလူမှုအဖွဲ့အစည်းများ၏ ဝင်ရောက် စွက် ဖက်မှုများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ပြည်ထော င်စု ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီ (၉၂) ပါတီကို ပြည်ထော င်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားပြီး လူမျိုးစုပါ တီ (၁၉) ပါတီ၊ ဒေသအလိုက် ဖြစ်ပေါ်လာသည့် ပါတီ (၃ ၀) ပါတီနှင့် ပြည်မပါတီ (၄၃) ပါတီ ရှိကြောင်း UEC ၏ စရင်များအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ်(၂၀၀)ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း စာပို့တံဆိပ်ခေါင်းသစ်ကို မြန်မာ့စာတိုက်လုပ်ငန်းမှ ဇူလိုင် ၂၀ ရက်နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းနှင့် ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ၌ အထူးအစီအစဉ်အဖြစ် နေ ပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇူလိုင် ၂၀ ရက်၌ ဝယ်ယူသော...

ကမ္ဘာ့ဖလား‌ဘောလုံးပွဲလက်မှတ်များစက်တင်ဘာ၁၀ရက်တွင်စရောင်းမည်

မက္ကဆီကို၊ အမေရိကနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များဝယ်ယူရမည့် လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဖီဖာက ကြေညာခဲ့ပြီး ပရိသတ်များအနေဖြင့် ကြည့်ရှုလိုသည့် ပွဲစဉ်များအတွက် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် တရားဝင်စာရင်းပေးသွင်းကြရန် တိုက်တွန်းခဲ့သည်။ အမေရိကတွင် ကျင်းပခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး တစ်ရက်အကြာ အင်္ဂါနေ့တွင် အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်က ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်သည်။ “သမိုင်းတလျှောက် အကြီးကျယ် အခမ်းနားဆုံးဖြစ်လာမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကတို့က လက်ခံကျင်းပမှာဖြစ်တာကြောင့်...

အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကိုအမြစ်ဖြတ်ရန် ဟွန်မာနက်အမိန့်ထုတ်

နိုင်ငံတစ်ဝန်းရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းများကို အမြစ်ပြတ်ရှင်းလင်းရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အာဏာပိုင်များကို အမိန့်ထုတ်လိုက်ပြီး နှိမ်နင်းရေးလုပ်ငန်းစဉ်များကို တားဆီးသည့် မည်သည့်အရာရှိမဆို အလုပ်ထုတ်ခံရမည်ဟု သတိပေးခဲ့သည်။ တနင်္လာနေ့(ဇူလိုင်လ ၁၄ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကာ အင်္ဂါနေ့ညပိုင်းတွင် လူသိရှင်ကြားထုတ်ပြန်လိုက်သော အမိန့်၌ နိုင်ငံခြားသား ရာဇဝတ်ဂိုဏ်းအချို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် အခြေစိုက်ကာ ၎င်းတို့၏ အွန်လိုင်းလိ-မ်ညာမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ဟွန်မာနက်က ပြောသည်။ ရဲတပ်ဖွဲ့အပြင် မြို့ကြီးများနှင့် ပြည်နယ်များဆိုင်ရာ ခေါင်းဆောင်များသည် ၎င်းတို့၏ အပိုင်နယ်မြေနှင့် တရားစီရင်ရေးနယ်နိမိတ်အတွင်းရှိ အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို တရားဥပဒေနှင့်အညီ ရှင်းလင်းသုတ်သင်ရန် တာဝန်ယူရမည်ဟု ၎င်းက ပြောကြားခဲ့သည်။ လက်နက်ကိုင်အဖွဲ့များအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071