ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် နိုင်ငံရေးပါတီထက် နိုင်ငံ့အရေးပါတီသာဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောကြားသည်။
ယနေ့ ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။
ပါတီသည် နိုင်ငံ့အရေးလုပ်လိုသူများအတွက် အသုံးပြုနိုင်မည့် Platform တခုသာ ဖြစ်ပြီး တည်ဆောက်ရေး၊ စေ့စပ်ဆွေးနွေး ညှိနှိုင်းရေးကိုသာ ယုံကြည်သည့်ပါတီ ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
“ကျွန်မပါရသည် မပါရသည်ဖြစ်စေ ပါတီကနေ နိုင်ငံသားဘယ်နှစ်ယောက်ကို လွှတ်တော်ထဲပို့လိုက်နိုင်လဲ၊ နိုင်ငံသားဘယ်နှစ်ယောက်ကို တိုင်းပြည်အကျိုးဆောင်ရွက်အောင်လုပ်ပေးနိုင်လဲဆိုတဲ့ နိုင်ငံရေးစကြင်္န်ပေါ်အောင်မြင်မှုကိုပဲ တိုင်းတာချင်တယ်” ဟုလည်း ပါတီဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ပါတီသက်တမ်းခြောက်နှစ်တာကာလအတွင်း စီးပွါးရေးနှင့် ပါတီသည် ရောထွေးခြင်းမရှိဘဲ ပါတီကိုဘဏ္ဏာရေး ဆိုင်ရာကိစ္စရပ်များကအစ ရှင်းရှင်းလင်းလင်း စီစဉ်ထားသည်ဟုလည်း ၎င်းကဆိုသည်။
“နှစ်တိုင်းပဲ ပါတီကို စာရင်းစစ်အစစ်ဆေးခံတယ်၊ အစီရင်ခံစာကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အမြဲတင်ပြပါတယ်” ဟု ဆိုသည်။
ကိုယ်တိုင်မယှဉ်ပြိုင်ရသော်လည်း ပါတီ၏ မူဝါဒများကိုကြိုက်နှစ်သက်သော ပြည်သူများအနေဖြင့် မဲပေးနိုင်ကြော င်းလည်း ဆိုသည်။
