Tuesday, December 9, 2025

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’...

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင်...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ...

ပေ (၁၀၀၀) နက်သည့် ချောက်တွင်...

ရှမ်းပြည်နယ်မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေး ရွာအုပ်စု၊ နောင်ပြစ်ကျေးရွာအနီးရှိ ပေ (၁၀၀၀)နက်သော နမ့်ဆောင်ဟောင် ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျကာ (၆) ရက်ကြာ ပိတ်မိနေသူကို...

နောင်ချိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများ ဆောင်ရွက်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများကို ဒေသအာဏာပိုင်များက ဆောင်ရွက်နေသည်။ နောင်ချိုမြို့နယ် မြို့မဈေးနှင့်နောင်ချို-ကံကြီး လမ်းမကြီးပေါ်ရှိ ဈေးရောင်းချနေသော ဈေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊...
HomeNewsLocal Newsနိုင်ငံတွင်းရှိ အာမခံစျေးကွက်တွင် အာမခံကုမ္ပဏီ...

နိုင်ငံတွင်းရှိ အာမခံစျေးကွက်တွင် အာမခံကုမ္ပဏီ (၂၇)ခုမှဝန်ဆောင်မှုပေးနေ

မြန်မာနိုင်ငံတွင်းရှိ အာမခံစျေးကွက်တွင် ရာနှုန်းပြည့် နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီများ အပါအဝင် အာမခံကုမ္ပဏီ (၂၇)ခုမှ အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေကြောင်း မြန်မာ့အာမခံလုပ်ငန်း၏ အချက်အလက်အရ သိရသည်။

မြန်မာနိုင်ငံ၏ အာမခံစျေးကွက်တွင် ရာနှုန်းပြည့် နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ငါးခု၊ ဖက်စပ် အသက်အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင် အသက်အာမခံကုမ္ပဏီ ကိုးခု၊ ဖက်စပ် အထွေထွေ အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင် အထွေထွေအာမခံကုမ္ပဏီ ခြောက်ခုနှင့် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုမှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိ ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ အာမခံအမျိုးအစား (၄၂) မျိုးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်းနှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် အာမခံကုမ္ပဏီများက အဆိုပြုတင်ပြလာကြသော အသက်အာမခံနှင့် အထွေထွေအာမခံ အမျိုးအစားသစ်များကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ပုံမှန်အစည်းအဝေးများကျင်းပ၍ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အာမခံအမျိုးအစားသစ်များ လုပ်ကိုင်ခွင့်ပြုခြင်း၊ အာမခံကိုယ်စားလှယ် လုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုပေးခြင်းအပြင် အထွေထွေအာမခံကုမ္ပဏီများအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဖြစ်ပွားမှုကြောင့် မီးအာမခံနှင့် မော်တော်ကား အာမခံများအတွက် အာမခံလျော်ကြေး ပေးချေမှုများလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တောင်သူလယ်သမားများအတွက် လိုအပ်သည့် သီးနှံအာမခံ ထားရှိနိုင်ရေးအတွက် မြန်မာ့အာမခံလုပ်ငန်းက ဆောင်းစပါးသီးနှံအမီ ပေါ်လစီရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံများကြိတ်ခွဲပြီး သယ်ယူသည့်အခါတွင်လည်းကောင်း၊ သိုလှောင်သည့်အခါတွင်လည်းကောင်း လိုအပ်သည့် အာမခံအကာအကွယ်များဖြစ်သည့် မီးအာမခံ၊ သယ်ယူပို့ဆောင်ရေးနှင့် သက်ဆိုင်သည့် အာမခံအကာအကွယ်များကိုလည်း အာမခံကုမ္ပဏီများမှ ရောင်းချပေးလျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

Photo Credit- MOPF

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’ ဟု ထရမ့်ဆို

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ "မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ရွေ့လျားနေတယ်" လို့ သတိပေးပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်မှာ စိုက်ပျိုးရေးလုပ်ငန်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒီဒဏ်ငွေကိစ္စကို မေးမြန်းတဲ့အခါ ထရန့်က ဘရပ်ဆဲလ်ရဲ့ ဆုံးဖြတ်ချက်ကို "မကောင်းဆိုးဝါးဆန်တယ်" လို့ ပြောဆိုခဲ့ပြီး၊ "ဥရောပက အရမ်းသတိထားရလိမ့်မယ်" လို့လဲ ဖြည့်စွက်ပြောခဲ့ပါတယ်။ သူက EU နိုင်ငံတွေ လိုက်လျှောက်နေတဲ့ လက်ရှိနိုင်ငံရေး လမ်းကြောင်းအပေါ် စိုးရိမ်ကြောင်း...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ လက်ဝှေ့အဖွဲ့ချုပ်အဖြစ် လာရောက်ပူးပေါင်းနေပြီဖြစ်သည်ဟု သိရသည်။ ယနေ့ နံနက်ပိုင်းတွင် နော်ဥမ္မာစိုးအပါအဝင် လက်ဝှေ့ကစားသမားအချို့ ရွှေတိဂုံဘုရားသို့ လာရောက် လည်ပတ်ဖူးမျှော်ကြသည်ကို သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားမျှဝေထားသည်ကိုတွေ့ရသည်။ ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလက်ဝှေ့အားကစားသမားများမှာ ရိုးရာလက်ဝှေ့ကျော် ရာမာန်၊ သွေးလင်းထက်၊ ထွန်းမင်းအောင်၊ ထွန်းမင်းနိုင်၊ ဆလိုင်းထန်ခွီးရှိန်တို့ ပါဝင်ကြောင်း သိရသည်။ ဆီးဂိမ်းလက်ဝှေ့ပွဲစဉ်များကို ဒီဇင်ဘာ (၁၃)ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ပြီး၊ ONE ပွဲစဉ်များ...

ပေ (၁၀၀၀) နက်သည့် ချောက်တွင် (၆)ရက်ကြာ ပိတ်မိနေသူကို အသက်ရှင်လျက် ကယ်ထုတ်

ရှမ်းပြည်နယ်မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေး ရွာအုပ်စု၊ နောင်ပြစ်ကျေးရွာအနီးရှိ ပေ (၁၀၀၀)နက်သော နမ့်ဆောင်ဟောင် ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျကာ (၆) ရက်ကြာ ပိတ်မိနေသူကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ပြုတ်ကျသူသည် နောင်ပြစ်ကျေးရွာသား အိုက်မုန်း အသ က် (၂၉) နှစ်ဖြစ်ပြီး ကျောက်မဲခရိုင် မီးသတ်တပ်ဖွဲ့မှ ဒီဇင် ဘာ (၈)ရက်၊ မွန်းလွဲ (၂) နာရီအချိန်တွင် ခက်ခက်ခဲခဲ အသ က်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ‌ဒီဇင်ဘာ (၃) ရက် နံနက်ပိုင်းက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071