Thursday, January 16, 2025

တရားမဝင် ‌နိုင်ငံခြား‌ငွေရောင်းဝယ်သူများကို အရေးယူမှုများ လုပ်ဆောင်နေချိန်...

ဗဟိုဘဏ်အနေဖြင့် ယခုရက်ပိုင်းအတွင်း တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူများကို စိစစ်အရေးယူမှုများလုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ပြီးနောက် ပြည်တွင်းဈေးကွက်၌ ဒေါ်လာဈေးနှုန်း မြင့်တက်လာသည်ကို တွေ့ရသည်။ တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊...

ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ပြည့်ဖြိုးအောင် အသင်းဖြင့်...

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂိုးသမားပြည့်ဖြိုးအောင်တို့ ယခုလ ဇန်နဝါရီ (၁၃) ရက်မှစတင်၍ နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က တရားဝင် အသိပေးထုတ်ပြန်ထားသည်။ ၎င်းအနေဖြင့် ရန်ကုန်အသင်းဖြင့် ယခုဘောလုံးရာသီကုန်သည်အထိ...

မကာအိုအသင်းကို (၁၈) ဂိုး ဂိုးမရှိဖြင့်...

ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC...

ထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ မကြံစည်ခဲ့–...

အီရန်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ခရမ့်ပ်ကို သတ်ဖြတ်ရန် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်းမရှိဟု အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အင်န်ဘီစီသတင်းဌာနနှင့် ဇန်နဝါရီ ၁၄ ရက်က...
HomeNewsLocal Newsနိုင်ငံတွင်းရှိ အာမခံစျေးကွက်တွင် အာမခံကုမ္ပဏီ...

နိုင်ငံတွင်းရှိ အာမခံစျေးကွက်တွင် အာမခံကုမ္ပဏီ (၂၇)ခုမှဝန်ဆောင်မှုပေးနေ

မြန်မာနိုင်ငံတွင်းရှိ အာမခံစျေးကွက်တွင် ရာနှုန်းပြည့် နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီများ အပါအဝင် အာမခံကုမ္ပဏီ (၂၇)ခုမှ အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေကြောင်း မြန်မာ့အာမခံလုပ်ငန်း၏ အချက်အလက်အရ သိရသည်။

မြန်မာနိုင်ငံ၏ အာမခံစျေးကွက်တွင် ရာနှုန်းပြည့် နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ငါးခု၊ ဖက်စပ် အသက်အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင် အသက်အာမခံကုမ္ပဏီ ကိုးခု၊ ဖက်စပ် အထွေထွေ အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင် အထွေထွေအာမခံကုမ္ပဏီ ခြောက်ခုနှင့် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုမှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိ ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ အာမခံအမျိုးအစား (၄၂) မျိုးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်းနှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် အာမခံကုမ္ပဏီများက အဆိုပြုတင်ပြလာကြသော အသက်အာမခံနှင့် အထွေထွေအာမခံ အမျိုးအစားသစ်များကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ပုံမှန်အစည်းအဝေးများကျင်းပ၍ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အာမခံအမျိုးအစားသစ်များ လုပ်ကိုင်ခွင့်ပြုခြင်း၊ အာမခံကိုယ်စားလှယ် လုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုပေးခြင်းအပြင် အထွေထွေအာမခံကုမ္ပဏီများအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဖြစ်ပွားမှုကြောင့် မီးအာမခံနှင့် မော်တော်ကား အာမခံများအတွက် အာမခံလျော်ကြေး ပေးချေမှုများလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တောင်သူလယ်သမားများအတွက် လိုအပ်သည့် သီးနှံအာမခံ ထားရှိနိုင်ရေးအတွက် မြန်မာ့အာမခံလုပ်ငန်းက ဆောင်းစပါးသီးနှံအမီ ပေါ်လစီရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံများကြိတ်ခွဲပြီး သယ်ယူသည့်အခါတွင်လည်းကောင်း၊ သိုလှောင်သည့်အခါတွင်လည်းကောင်း လိုအပ်သည့် အာမခံအကာအကွယ်များဖြစ်သည့် မီးအာမခံ၊ သယ်ယူပို့ဆောင်ရေးနှင့် သက်ဆိုင်သည့် အာမခံအကာအကွယ်များကိုလည်း အာမခံကုမ္ပဏီများမှ ရောင်းချပေးလျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

Photo Credit- MOPF

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရားမဝင် ‌နိုင်ငံခြား‌ငွေရောင်းဝယ်သူများကို အရေးယူမှုများ လုပ်ဆောင်နေချိန် ဒေါ်လာဈေးမြင့်တက်လာ

ဗဟိုဘဏ်အနေဖြင့် ယခုရက်ပိုင်းအတွင်း တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူများကို စိစစ်အရေးယူမှုများလုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ပြီးနောက် ပြည်တွင်းဈေးကွက်၌ ဒေါ်လာဈေးနှုန်း မြင့်တက်လာသည်ကို တွေ့ရသည်။ တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် (၂၆) ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ပြီး လူပုဂ္ဂိုလ် (၉) ဦးအား အမှုဖွင့် အရေးယူထားပြီးဖြစ်သလို (၆) ဦးကို တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ ယင်းသို့ ထုတ်ပြန်ပြီးနောက် ယနေ့ ဇန်နဝါရီ (၁၅) ရက်တွင် ဈေးကွက်အတွင်း၌ တစ်ဒေါ်လာ (၃၀၀)...

ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ပြည့်ဖြိုးအောင် အသင်းဖြင့် နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂိုးသမားပြည့်ဖြိုးအောင်တို့ ယခုလ ဇန်နဝါရီ (၁၃) ရက်မှစတင်၍ နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က တရားဝင် အသိပေးထုတ်ပြန်ထားသည်။ ၎င်းအနေဖြင့် ရန်ကုန်အသင်းဖြင့် ယခုဘောလုံးရာသီကုန်သည်အထိ စာချုပ်ချုပ်ဆိုထားသည်ဟု သိရှိထားသော်လည်း ပြိုင်ပွဲကာလအတွင်း ယခုကဲ့သို့ စာချုပ်ဖျက်သိမ်းရခြင်းနှင့်ပတ်သက်၍ အသင်းက ထုတ်ဖော်အသိပေးခြင်းမရှိသေးပေ။ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄ ခုနှစ် ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုအဖြစ် ဟံသာဝတီယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်ကို (၂) စာချုပ်ဖြင့် ခေါ်ယူထားခြင်းလည်းဖြစ်သည်။ အသက် (၃၃)နှစ်ရှိပြီဖြစ်သည့် ဝါရင့်ဂိုးသမား ပြည့်ဖြိုးအောင်သည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ပေါ် ထွန်းခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး...

မကာအိုအသင်းကို (၁၈) ဂိုး ဂိုးမရှိဖြင့် တရုတ်အသင်းအနိုင်ယူ

ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC Women's Futsal Asian Cup ခြေစစ်ပွဲ အုပ်စု(D)ပွဲစဉ်ကို မကာအိုနှင့် တရုတ် (တိုင်ပေ)အမျိုးသမီး ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တရုတ်(တိုင်ပေ)အသင်းက (၁၈) ဂိုးသွင်းယူခဲ့ပြီး ပြိုင်ဘက် မကာအိုအသင်းမှာ ပွဲပြီးဆုံးချိန်အထိ ချေပဂိုး သွင်းယူနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ ယနေ့ နောက်ထပ် အုပ်စု(D)ပွဲစဉ်တစ်ခုကိုလည်း ညနေ(၅) နာရီအချိန်၌ မြန်မာနှင့် ဗီယက်နမ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071