Monday, December 8, 2025

ဝါရှင်တန်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် အမေရိကန်ရောက်မြန်မာများ ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ (၆) ရက်နှင့် (၇)...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့မှ...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံး ပြုခဲ့၍ သိမ်းဆည်းရမိခဲ့သောပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရန် ဒီဇင်ဘာ ၇ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ကိုရီးယားရောက်မြန်မာများ ကြိုတင်မဲပေးနိုင်ရန် မဲရုံးဖွင့်လှစ်မည်ရက် တိုးမြှင့်သတ်မှတ်

ကိုရီယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံးဖွင့်လှစ်မည်နေ့ရက်ကို ဒီဇင်ဘာ (၁၂) ရက်ထိ တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ (၇) ရက်နေ့ ၌...

မြန်မာ-တရုတ် AI ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ...

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား ညဏ်ရည်တုနည်းပညာ(AI) ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာ မြှင့်တင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး...
HomeNewsLocal Newsနိုင်ငံတော် ယာယီသမ္မတမှ မြန်မာအားကစားအဖွဲ့ကို...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာအားကစားအဖွဲ့ကို အောင်နိုင်ရေးအလံအပ်နှင်း

ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းပွဲကို ယနေ့ နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းက နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ကျင်းပရာ နိုင်ငံ တော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တက်ရောက်ပြီးနောက် ယခုပြိုင်ပွဲကြီးသည် နိုင် ငံတော်အတွက်ဆုတံဆိပ်များဆွတ်ခူးပြီး အားကစားလူချွန်လူကောင်းများဖြစ်သည်ကို လက်တွေ့ပြသနိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်လည်းဖြစ်၍ ယင်း အခွင့် အလမ်းကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်သွားနိုင်ကြမည်ဟု နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးကယုံကြည်မျှော်လင့်လျက်ရှိသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်နှင့် မိဘပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်များကို အကောင်အထည်ဖော်ရန် ရေ ကုန်ရေခမ်းအားထုတ်ကြိုးပမ်းသွားကြမည်ကိုလည်း အလေးအနက်ယုံကြည်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ယာယီသမ္မတအား (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ဝင်များက အသင်းအလိုက်ဂါရ ဝပြုမိတ်ဆက်ပြီး ယာယီသမ္မတမှ အားကစားနှင့်လူ ငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ထံအောင်နိုင်ရေးအလံအဖြစ် မြန် မာနိုင်ငံတော်အလံကိုအပ်နှင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ယာယီသမ္မတသည် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား နှုတ်ဆက်အားပေးစကား ပြောကြားပြီးနောက် အားကစားအဖွဲ့များအသုံးပြုမည့် အားကစားနည်းများအလိုက် အသုံးအဆောင်ပစ္စည်းများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝါရှင်တန်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် အမေရိကန်ရောက်မြန်မာများ ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ (၆) ရက်နှင့် (၇) ရက်တို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မဲရုံကို နံနက် (၁၀) နာရီမှ ညနေ (၅) နာရီထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲဖြူက မဲရုံမှူးအဖြစ် ဆောင်ရွက်ကာ ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းများက မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့အတူ ၂၀၂၅ ခုနှစ်၊...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့မှ သိမ်း ဆည်းရမိပစ္စည်းများကိုမီးရှို့ဖျက်ဆီး

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံး ပြုခဲ့၍ သိမ်းဆည်းရမိခဲ့သောပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရန် ဒီဇင်ဘာ ၇ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင် KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အပိုင်း (၃)နယ်မြေမှ တရားမဝင်အဆောက်အအုံ(၁၂)လုံးကိုလည်းထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေရှိ တရားမဝင်အဆောက်အအုံ(၆၃၅)လုံးအနက် (၃၃၃) လုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ခဲ့သည့် အဆောက်အအုံ (၁၆၉)လုံးအားပြန်လည်အသုံးချမှုမရှိစေရေးအတွက် ချိပ်ပိတ်သိမ်းဆည်းမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက်အထိ (၁၆၁)လုံးကိုချိပ်ပိတ်သိမ်း ဆည်းပြီးဖြစ်ကြောင်း သိရသည်။

ကိုရီးယားရောက်မြန်မာများ ကြိုတင်မဲပေးနိုင်ရန် မဲရုံးဖွင့်လှစ်မည်ရက် တိုးမြှင့်သတ်မှတ်

ကိုရီယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံးဖွင့်လှစ်မည်နေ့ရက်ကို ဒီဇင်ဘာ (၁၂) ရက်ထိ တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ (၇) ရက်နေ့ ၌ မြန်မာသံရုံး (ဆိုးလ်မြို့) က အသိပေးထုတ်ပြန်ထားသည်။ ပုံစံ (၁၅) ဖြည့်စွက်ပြီး ပေးပို့ထားသည့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအတွက် မဲရုံးဖွင့်လှစ်မှုရက်ကို တိုးမြှင့်သတ်မှတ်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။ မဲရုံးကို မနက် (၁၀) နာရီမှ ညနေ (၄) နာရီထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး ကြိုတင်မဲလာရောက်ပေးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း သို့မဟုတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071