မွန်ပြည်နယ်၊ ကျိုက်ထို့မြို့နယ်အတွင်း၌ သွေးတိုးဆီးချို ရောဂါအပါအဝင် အရေပြားရောဂါများကို နိုင်ငံတော်စရိတ်ဖြင့် မေလ (၅) ရက်မှ (၁၆) ရက်အထိ အခမဲ့စစ်ဆေးမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံက သိရသည်။
ထို့ပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် အဆုတ်ဓာတ်မှန်ရိုက်စစ်ဆေးခြင်းကိုလည်း စစ်ဆေးဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
အဆိုပါ အစီအစဉ်အတွက် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ကျွမ်းကျင်ဆေးဘက်ဆိုင်ရာများ ပါဝင်သောအဖွဲ့မှ လာရောက် စစ်ဆေးပေးသွားမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စုရပ်နေရာသို့ လာရောက်စစ်ဆေးမှုခံယူကြရန် နှိုးဆော်ထားသည်။