Saturday, September 5, 2026

ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ်...

ကလော၊စက်တင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် MAI Career Fair...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းဖြစ်လာမည့် MAI Career Fair 2026 ကို ရန်ကုန်မြို့ရှိ International Business Center (IBC)၌ လာမည့်...

မီးခိုးမြူထူထပ်မှုကြောင့် မလေးရှား ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန်ခရိုင်တွင်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၅ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ မြင့်တက်လာပြီးနောက် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ရှိ...

နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ Van Phuc...

ဟနွိုင်း၊ စက်တင်ဘာ ၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ဇနီး...
HomeMoviesနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော်၊ စက်တင်ဘာ ၅

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံသမ္မတရုံး၊ တုံကင်နန်းတော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုညစာစားပွဲကျင်းပမည့်နေရာသို့ ရောက်ရှိလာကြရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး အတူတကွ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို စတင်ကျင်းပရာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းတို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြသည်။

ယင်းနောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီး၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို ခင်မင်ရင်းနှီးစွာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ် ပြန်လည်တည်ဆောက်မည်

ကလော၊စက်တင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကလောမြို့နယ်၊ အင်းပြင်ကျေးရွာအနီးရှိ ပျက်စီးသွားသည့် အဆိုပါတံတားနေရာတွင် ရာသီမရွေး သွားလာနိုင်ရေးအတွက် အမြဲတမ်းတံတားသစ် ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းနှင့် ယာယီတံတား တည်ဆောက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ လက်ရှိတွင် ဒေသခံများ သွားလာရေး အဆင်ပြေစေရန် ယာယီတံတားဖြင့် ထိန်းသိမ်းဆောင်ရွက်ထားပြီး ဒေသထွက်...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် MAI Career Fair 2026 ကို IBC ၌ကျင်းပမည်

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းဖြစ်လာမည့် MAI Career Fair 2026 ကို ရန်ကုန်မြို့ရှိ International Business Center (IBC)၌ လာမည့် စက်တင်ဘာ ၁၂ ရက်နှင့် စက်တင်ဘာ ၁၃ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် MAI Career Fair 2026 ကာလအတွင်း MAI ၏ HR Partner ဖြစ်သော JobNet ၏...

မီးခိုးမြူထူထပ်မှုကြောင့် မလေးရှား ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန်ခရိုင်တွင် အရေးပေါ်အခြေအနေကြေညာ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၅ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ မြင့်တက်လာပြီးနောက် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန် (Serian) ခရိုင်တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။ ဆီရီယန်ခရိုင်၌ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီတွင် လေထုညစ်ညမ်းမှုအညွှန်း (API) ၅၂၁ အထိ မြင့်တက်ခဲ့ပြီး ယင်းသည် ၂၀၂၆ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ မလေးရှားနိုင်ငံကို သက်ရောက်မှုရှိလာချိန်မှစ၍ အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရသည်။ ဆီရီယန်ခရိုင်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071