Home Movies နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် တွေ့ဆုံဆွေးနွေး

0
110

ဟနွိုင်း၊ စက်တင်ဘာ ၅

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် ယနေ့ စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ အစိုးရအဖွဲ့ရုံး Grand Hall ၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိရာ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရာ နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာတိုးတက်စေရေး၊ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်သွားရောက်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးယန္တရားများ ပိုမိုအားကောင်းစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့နှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။