Saturday, September 5, 2026

ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ်...

ကလော၊စက်တင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် MAI Career Fair...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းဖြစ်လာမည့် MAI Career Fair 2026 ကို ရန်ကုန်မြို့ရှိ International Business Center (IBC)၌ လာမည့်...

မီးခိုးမြူထူထပ်မှုကြောင့် မလေးရှား ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန်ခရိုင်တွင်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၅ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ မြင့်တက်လာပြီးနောက် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ရှိ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား...

နေပြည်တော်၊ စက်တင်ဘာ ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...
HomeMoviesနိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ Van...

နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ Van Phuc ပိုးထည်ရွာသို့ သွားရောက်လေ့လာ

ဟနွိုင်း၊ စက်တင်ဘာ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှသည် ယနေ့နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ Van Phuc ပိုးထည်ရွာ (Silk Village) သို့ သွားရောက်လေ့လာခဲ့သည်။

ဦးစွာ နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ Van Phuc ပိုးထည်ရွာသို့ ရောက်ရှိရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၏ဇနီး မဒမ် ငိုဖုန်လီနှင့် ပိုးထည်ရွာမှ တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှသည် ဗီယက်နမ်နိုင်ငံ သမ္မတ၏ဇနီးနှင့်အတူ Van Phuc ပိုးထည်ရွာအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက ဗီယက်နမ်ရိုးရာ ပိုးထည်ယက်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်၊ ရိုးရာရက်ကန်းပညာရပ်များနှင့် ပိုးထည်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို လိုက်လံရှင်းလင်းပြသကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှနှင့် ဗီယက်နမ်နိုင်ငံ သမ္မတ၏ဇနီး မဒမ် ငိုဖုန်လီတို့သည် ပိုးထည်ရွာအတွင်း ခင်းကျင်းပြသထားသည့် ဗီယက်နမ်ရိုးရာ ပိုးထည်အမျိုးမျိုးနှင့် ရိုးရာလက်မှုပညာပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

Van Phuc ပိုးထည်ရွာသည် ဗီယက်နမ်နိုင်ငံ၏ ထင်ရှားသည့် ရိုးရာပိုးထည်ယက်လုပ်ရာ ကျေးရွာများအနက် တစ်ခုဖြစ်ပြီး ပိုးထည်ယက်လုပ်သည့် ရိုးရာအမွေအနှစ်မှာ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိကာ ဗီယက်နမ်ရိုးရာရက်ကန်းလုပ်ငန်း၏ အရေးပါသည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းထားရှိသည်။

အဆိုပါ ပိုးထည်ရွာတွင် ပိုးမွေးမြူခြင်းမှစတင်၍ ပိုးချည်မျှင်ထုတ်လုပ်ခြင်း၊ ချည်မျှင်ပြင်ဆင်ခြင်း၊ ရိုးရာရက်ကန်းစင်များဖြင့် ယက်လုပ်ခြင်း၊ အရောင်ဆိုးခြင်းနှင့် ပိုးထည်အချောထည်များ ထုတ်လုပ်ခြင်းအထိ လုပ်ငန်းအဆင့်ဆင့်ကို လေ့လာနိုင်သည့်အပြင် ရိုးရာလက်မှုပညာရှင်များက ရက်ကန်းပညာကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းထိန်းသိမ်းလာပုံနှင့် ရိုးရာလက်မှုပညာကို ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်ဖွံ့ဖြိုးဆောင်ရွက်ထားမှုတို့ကိုလည်း လေ့လာနိုင်သည်။

ထို့ပြင် Van Phuc ပိုးထည်ရွာသည် ဗီယက်နမ်ရိုးရာပိုးထည်လုပ်ငန်း၏ သမိုင်းကြောင်း၊ ရိုးရာရက်ကန်းပညာနှင့် လက်မှုပညာအမွေအနှစ်များကို ထိန်းသိမ်းဖော်ထုတ်ထားသည့် ထင်ရှားသော ယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခုလည်း ဖြစ်သည်။

ဆက်လက်၍ ဗီယက်နမ်နိုင်ငံ သမ္မတ၏ဇနီး မဒမ် ငိုဖုန်လီက နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှအား ဗီယက်နမ်ရိုးရာရေနွေးကြမ်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ခင်မင်ရင်းနှီးစွာ စကားပြောဆိုခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှနှင့် Van Phuc ပိုးထည်ရွာမှ တာဝန်ရှိသူတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှသည် Van Phuc ပိုးထည်ရွာအတွင်း လှည့်လည်ကြည့်ရှုလေ့လာပြီးနောက် ပြန်လည်ထွက်ခွာရာ ဗီယက်နမ်နိုင်ငံ သမ္မတ၏ဇနီး မဒမ် ငိုဖုန်လီနှင့် ပိုးထည်ရွာမှ တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ် ပြန်လည်တည်ဆောက်မည်

ကလော၊စက်တင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကလောမြို့နယ်၊ အင်းပြင်ကျေးရွာအနီးရှိ ပျက်စီးသွားသည့် အဆိုပါတံတားနေရာတွင် ရာသီမရွေး သွားလာနိုင်ရေးအတွက် အမြဲတမ်းတံတားသစ် ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းနှင့် ယာယီတံတား တည်ဆောက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ လက်ရှိတွင် ဒေသခံများ သွားလာရေး အဆင်ပြေစေရန် ယာယီတံတားဖြင့် ထိန်းသိမ်းဆောင်ရွက်ထားပြီး ဒေသထွက်...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် MAI Career Fair 2026 ကို IBC ၌ကျင်းပမည်

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းဖြစ်လာမည့် MAI Career Fair 2026 ကို ရန်ကုန်မြို့ရှိ International Business Center (IBC)၌ လာမည့် စက်တင်ဘာ ၁၂ ရက်နှင့် စက်တင်ဘာ ၁၃ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် MAI Career Fair 2026 ကာလအတွင်း MAI ၏ HR Partner ဖြစ်သော JobNet ၏...

မီးခိုးမြူထူထပ်မှုကြောင့် မလေးရှား ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန်ခရိုင်တွင် အရေးပေါ်အခြေအနေကြေညာ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၅ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ မြင့်တက်လာပြီးနောက် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန် (Serian) ခရိုင်တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။ ဆီရီယန်ခရိုင်၌ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီတွင် လေထုညစ်ညမ်းမှုအညွှန်း (API) ၅၂၁ အထိ မြင့်တက်ခဲ့ပြီး ယင်းသည် ၂၀၂၆ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ မလေးရှားနိုင်ငံကို သက်ရောက်မှုရှိလာချိန်မှစ၍ အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရသည်။ ဆီရီယန်ခရိုင်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071