နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ H.E. Mr. Xi Jinping ၏ ဖိတ် ကြားချက်အရ အလုပ်သဘောခရီးစဥ်အဖြစ် ယနေ့ သြဂုတ်လ (၃၀) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့စတင်ထွက်ခွာသွားခဲ့သည်။
ခရီးစဥ်အတွင်း၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့တွင်ကျင်းပမည့် နိုင်ငံပေါင်း(၂၆)နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ အကြီးအကဲများတက်ရောက်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးနှင့် ပေကျင်းမြို့တွင် စက် တင်ဘာ ၃ ရက်၌ကျင်းပမည့် တရုတ်ပြည်သူများ ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းနှစ်(၈၀)ပြည့်အ ထိမ်းအမှတ်စစ်ရေးပြအခမ်းအနားများကိုတက်ရောက်မည်ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံသမ္မတ H.E. Mr. Xi Jinping ၊ အခမ်းအနားတက်ရောက်လာသည့် အခြားနိုင်ငံ့ခေါင်းဆောင်များ၊ တရုတ်နိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိအထင်ကရနေရာများ၊ ပညာ ရေးကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ စီးပွား ရေးကဏ္ဍတို့ကိုလည်း ကြည့်ရှုလေ့လာသွားမည်ဖြစ်သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌသည် ခရီးစဥ်အတွင်း၌ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည်။
တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းနှစ်(၈၀)ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား ၌ စနစ်တကျဖွဲ့စည်းထားသည့် စစ်သည်တော်များ၊ လက်နက်များမှာ အလွန်ပမာဏများပြားပြည့်စုံ၍ ခေတ်သစ်ပြည်သူ့တပ်မတော်၏ နိုင်ငံရေးအင်အားနှင့် ခေတ်မီတည်ဆောက်ခြင်းတို့အား စုစည်းဖော် ထုတ်မှုပင်ဖြစ်သည်ဟု အခမ်းအနားဦးဆောင်အဖွဲ့ရုံး ဒု-ဥက္ကဋ္ဌ၊ တရုတ်ဗဟိုစစ်ရေးကော်မရှင် ပူးတွဲစစ်ဦးစီးဌာန စစ်ဆင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ၊ ဗိုလ်ချုပ် Wu Zeke မှ သြဂုတ် ၂၈ ရက်နံနက်ပိုင်းကကျင်းပသည့် အခမ်းအနားအတွက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။
