Wednesday, November 19, 2025

အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး...

အကြိမ်(၆၀)မြောက် အာဆီယံ ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ(၁၇)ရက်၊ မနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အရေးပါသည့် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့်...

နည်းပညာပူဖောင်း စိုးရိမ်မှုများကြောင့် ခရစ်ပ်တိုဈေးကွက်တွင် ခြောက်ပတ်အတွင်း...

စတော့ဈေးကွက်တွင် ဉာဏ်ရည်တု(AI) နည်းပညာပူဖောင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် စိုးရိမ်ပူပန်နေကြပြီး Google ၏ အကြီးအကဲကပင် ယင်းပူဖောင်းပေါက်ပါက...

ကုန်းတွင်းပိတ် လာအိုနိုင်ငံကို ကုန်းတွင်း ချိတ်ဆက်နိုင်သည့်နိုင်ငံအဖြစ်​ပြောင်းလဲ​စေခဲ့​သော...

တရုတ်-လာအိုရထားလိုင်းများကို ၂၀၂၁ ခုနှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။ လာအိုကို 'ကုန်းတွင်းပိတ်' မှ 'ကုန်းတွင်းချိတ်ဆက်' နိုင်ငံ သို့ ပြောင်းလဲ​ပေးခဲ့သည့်ပို့ဆောင်ဆက်သွယ်​​​​ရေးလမ်း​ကြောင်းဖြစ်ခဲ့သည်။ လာအိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ...

အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း...

အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ အမြစ်ပြတ်ရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ လက်ရှိအချိန်တွင် KK Park နယ်မြေကိုရှင်းလင်းလျက်ရှိသကဲ့သို့ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း ဆက်လက်ဖော်ထုတ်ရှင်းလင်းမည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ယနေ့...
HomeNewsLocal Newsနိုင်ငံတော်မှ မသန်စွမ်းသူများအား မတည်ရန်ပုံ...

နိုင်ငံတော်မှ မသန်စွမ်းသူများအား မတည်ရန်ပုံ ငွေကျပ် ၃ ဘီလီယံထုတ်ပေးထားပြီးအကျိုးရှိအောင်အသုံးပြုရန် နစက ဒု-ဥက္ကဋ္ဌမှာကြား

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အ မျိုးသားကော်မတီ ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ် ချုပ်မှူးကြီးစိုးဝင်းက ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ကျင်းပသည့် ၂၀၂၂ ခုနှစ် အ ပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအ မှတ်အခမ်းအနားတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်မှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက်မတည်ရန်ပုံငွေ ကျပ် ၃ ဘီလီယံအား ထုတ်ပေးထားသည်ဟု နစက ဒု-ဥက္ကဋ္ဌကဆိုသည်။

ယင်း မတည်ငွေအား မသန်စွမ်းသူများ၊မသန်စွမ်းအဖွဲ့အစည်းများကို ထိရောက်စွာပံ့ပိုးပြီး တိုးပွား လာသည့် ရန်ပုံငွေဖြင့် မသန်စွမ်းသူများ၏ ပညာ ရေး၊ကျန်းမာရေး၊လူမှုရေးနှင့်မသန်စွမ်းသူများအတွက် အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိအောင် အသုံးပြုရမည်ဟု မှာကြားခဲ့သည်။

ထို့ပြင် မသန်စွမ်းသူများ၏ဘဝအခြေအနေမြင့်မားတိုးတက်စေရေးနှင့်နောက်ကျမကျန်ရစ်စေရေးအတွက် တီထွင်ဆန်းသစ်မှု၊နည်းပညာနှင့်ပြု ပြင်ပြောင်းလဲနိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပြီး လက်လှမ်းမီရယူအသုံးပြုနိုင်မည့် ညီမျှသည့် လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာစေရန် ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။

နစက မှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီက မသန်စွမ်းသူများအတွက် ပညာရေး၊ကျန်းမာရေး၊အသက်မွေးဝမ်း ကျောင်းနှင့်အခြားလုပ်ငန်းစဉ်များမှတဆင့် လေ့ ကျင့်ပျိုးထောင်ပေးမှုများနှင့်စွမ်းဆောင်ရည်ပြည့်ဝစေပြီး မသန်စွမ်းသူများအား ပတ်ဝန်းကျင်နှင့်လူ့အဖွဲ့အစည်းတွင် ပါဝင်ခွင့်ရရှိရန်အလေး ထားဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပ ဒေနှင့်အညီ မသန်စွမ်းသူများကို နိုင်ငံရေး၊စီးပွား ရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေး၊ယဉ်ကျေး မှုပြည်သူ့ရေးရာနှင့်အခြားနယ်ပယ်အသီးသီးမှ လူမှုအဖွဲ့အစည်းများတွင် ဘေးဖယ်ချန်လှပ်ထား ခြင်းမျိုးမဖြစ်စေဘဲ ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန် ကြိုးစားပေးရမည်ဟု မှာကြားသည်။

မသန်စွမ်းသူများအနေဖြင့်လည်း စိတ်ဆင်းရဲအား ငယ်မှုများမဖြစ်ဘဲ ဘဝကို ကြံ့ကြံ့ခံရင်ဆိုင်၍ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းအောင် လေ့ ကျင့်နေထိုင်ပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် ကြိုးစားလုပ် ဆောင်ပေးစေလိုသည်ဟု တိုက်တွန်းမှာကြားခဲ့သည်။

ASEAN Enabling Master Plan(2025)အရ လုပ် ငန်းများအကောင်အထည်ဖော်ရာတွင် မသန်စွမ်းသူများ လူမှုအဖွဲ့အစည်းအတွင်းပါဝင်နိုင်စေရန် အတားအဆီးကင်းသည့် ပတ်ဝန်းကျင်(Barrier Free Environment)၊အလွယ်တကူလက်လှမ်းမီရယူအသုံးပြုနိုင်မှု(Accessibility)တို့အား ထည့် သွင်းစဉ်းစားပြီး သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရမည်ဟုဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ပထမဆုံးအနေဖြင့် မသန် စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း ကနဦးစီမံကိန်းအား နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းရှိ လှိုင်သာယာမြို့ နယ်၊ ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ်နှင့်ရှမ်းပြည်(တောင်ပိုင်း)ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ

အကြိမ်(၆၀)မြောက် အာဆီယံ ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ(၁၇)ရက်၊ မနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အရေးပါသည့် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့သည်။ ထိုပြင် အာဆီယံ အသိုက်ဝန်း ၂၀၄၅ နှင့် အာဆီယံ ပေါင်းစည်းဆက်သွယ်မှု ၂၀၃၀ နှင့်အညီ အာဆီယံ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစီမံကိန်း(၂၀၂၆-၂၀၃၀) ဖော်ဆောင်နိုင်ရေးကိုလည်း ကြိုဆိုကြောင်း၊ အာဆီယံဒေသတွင်း ရေရှည်တည်တံသော ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်ရေး၊...

နည်းပညာပူဖောင်း စိုးရိမ်မှုများကြောင့် ခရစ်ပ်တိုဈေးကွက်တွင် ခြောက်ပတ်အတွင်း ဒေါ်လာ ၁ ထရီလီယံကျော် ဆုံးရှုံး၊ လိမ်လည်မှုများ ပေါ်ပေါက်လာ

စတော့ဈေးကွက်တွင် ဉာဏ်ရည်တု(AI) နည်းပညာပူဖောင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် စိုးရိမ်ပူပန်နေကြပြီး Google ၏ အကြီးအကဲကပင် ယင်းပူဖောင်းပေါက်ပါက "မည်သည့်ကုမ္ပဏီမျှ ကင်းလွတ်မည်မဟုတ်" ဟု သတိပေးခဲ့သည်။ အဆိုပါ နည်းပညာပူဖောင်းနှင့် လာမည့်လတွင် အမေရိကန်နိုင်ငံတွင် အတိုးနှုန်းဖြတ်တောက်မှု မျှော်လင့်ချက်များ မှေးမှိန်လာမှုတို့ကြောင့် လွန်ခဲ့သည့် ရက်သတ္တခြောက်ပတ်အတွင်း ခရစ်ပ်တိုငွေကြေးဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံ (ပေါင် ၇၆၀ ဘီလီယံ) ကျော် ကျဆင်းသွားခဲ့သည်။ ထို့အတူပင် ခရစ်ပ်တို လိမ်လည်မှုများလည်း များစွာ ပေါ်ပေါက်လာခဲ့သည်။ CoinGecko...

ကုန်းတွင်းပိတ် လာအိုနိုင်ငံကို ကုန်းတွင်း ချိတ်ဆက်နိုင်သည့်နိုင်ငံအဖြစ်​ပြောင်းလဲ​စေခဲ့​သော ရထား​လမ်း

တရုတ်-လာအိုရထားလိုင်းများကို ၂၀၂၁ ခုနှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။ လာအိုကို 'ကုန်းတွင်းပိတ်' မှ 'ကုန်းတွင်းချိတ်ဆက်' နိုင်ငံ သို့ ပြောင်းလဲ​ပေးခဲ့သည့်ပို့ဆောင်ဆက်သွယ်​​​​ရေးလမ်း​ကြောင်းဖြစ်ခဲ့သည်။ လာအိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ တိုးလာ​နေပြီး ကူမင်းမှသည် စင်ကာပူထိ သွားနိုင်​အောင် လုပ်မည်ဖြစ်သည်။ ပုံများမှာ လာအို  ၊ ဗီယန်ကျန်း ဘူတာရုံမှ ထွက်ပြီး လန်ဖရာဘန် ဘူတာ အဆိုက်ပုံများဖြစ်သည်။။ ဗီယန်ကျန်းမှ လန်ဖရာဗန်သို့ တစ်နာရီခွဲသာကြာမြင့်သည်။ပုံမှန်ဘတ်စ်ကားဖြင့် ၉ နာရီ၊ လေယာဉ်ဖြင့် တစ်နာရီ၊ရိုးရိုးရထားဖြင့်နှစ်နာရီခွဲသွားရသည့် ခရီးကို  အမြန်ရထားဖြင့်တစ်နာရီခွဲသာကြာသည်။ လန်ဖရာဗန်မြို့ သည် ကမ္ဘာ့လှည့်ခရီးသွားများ ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071