Saturday, February 8, 2025

၂၀၂၅ ဆီးဂိမ်း ယူ -၂၂...

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း...

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့်...

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍...

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို...

ဂွမ်းဒွမ်တွင်ကုန်းတွင်းဆိပ်ကမ်းဆောက်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်နေ

ဖေဖော်ဝါရီ ၆ သင်္ဘောလုပ်ငန်းအကြံပေး ဗိုလ်မှူးချုပ်ဒေါက်တာ မိုဟာမက် ဆခါဝပ် ဟော့စိန်း (ငြိမ်း) က အစိုးရအနေနင့် ရခိုင်ပြည်နယ် အခြေအနေကို ထည့်စဉ်းစားကာ တက်နပ်ဖ်ရှိ...
HomeNewsLocal Newsနိုင်ငံတော်မှအလုံးစုံကျခံဝယ်ယူခဲ့သည့် ကလေ-းငယ်များအတွက် ပြင်းထန်တီဘီရောဂါကာကွယ်ဆေး(၈)သိန်း...

နိုင်ငံတော်မှအလုံးစုံကျခံဝယ်ယူခဲ့သည့် ကလေ-းငယ်များအတွက် ပြင်းထန်တီဘီရောဂါကာကွယ်ဆေး(၈)သိန်း doses ရောက်ရှိလာ

နိုင်ငံတော်မှအလုံးစုံကျခံဝယ်ယူခဲ့သည့် ကလေ-းငယ်များအတွက် ပြင်းထန်တီဘီရောဂါကာကွယ်ဆေး(၈)သိန်း doses သည် ဒီဇင်ဘာ ၂၇ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ဝယ်ယူထားသော ပြင်းထန်တီဘီရောဂါကာကွယ်ဆေးတစ်ပုလင်းလျှင် က-လေးငယ် (၂၀)ဦးစာပါဝင်သည့် ဘီစီဂျီကာကွယ်ဆေး (BCG vaccine)ဆေးပုလင်း(၄၀၀၀၀) စုစုပေါင်း ကာကွယ်ဆေး(၈၀၀၀၀၀) doses အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲ၊ ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း(ရန်ကုန်)သို့ အအေးလမ်းကြောင်းမပျက်ပို့ဆောင်၍ သတ်မှတ်အပူချိန်အတွင်းထိန်းသိမ်းထားကြောင်း သိရသည်။

ယင်း ဘီစီဂျီကာကွယ်ဆေး(BCG vaccine)များကို ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းအစီအစဉ်တွင် အသက်(၁)နှစ်အောက်ကလေ-းငယ်များအား သတ်မှတ်အရွယ်တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးချိန်၌ ဗဟိုကာကွယ်ဆေးသို လှောင်အအေးခန်း(ရန်ကုန်)မှ လေယာဉ်လမ်း ကြောင်း၊ ကားလမ်းကြောင်းများဖြင့် လိုအပ် ချက်နှင့်အညီ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲ သည် နိုင်ငံတစ်ဝန်းလုံးရှိ ကလေ-းငယ်များ အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေး(၁၃)မျိုးနှင့် ဆက်စပ်ပစ္စည်းများကို ပြတ်လပ်မှုမရှိစေရန်ဝယ်ယူ၍ နေပြည်တော်နှင့် တိုင်း/ပြည်နယ်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၅ ဆီးဂိမ်း ယူ -၂၂ အမျိုးသား ဘောလုံးအသင်း ကစားသမားများ ရွေးချယ်မည်

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရွေးချယ်ရာ၌ လက်ရှိ မြန်မာ ယူ- ၂၂ ကစားသမားများအပါအဝင် (၅)ကြိမ်မြောက် အမျိုးသားအား ကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းနှင့် ပြည်နယ် ၊ ဝန်ကြီး ဌာနအသင်းများမှ ကစားသမားများကိုပါ ထည့်သွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ (၅) ကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အတွင်း ပါဝင်ခဲ့သည့် တိုင်းနှင့် ပြည်နယ်ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ရှမ်း၊...

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေမည်

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို အစားထိုး အသုံးပြုပြီး တစ်ရက်အကြာ တာချီလိတ်မြို့တွင် လာအိုဘက်က (၁၃)မဂ္ဂါဝပ်သာ ရောင်းချပေးမည်ဟု အကြောင်းပြန်လာခြင်းကြောင့် ယင်းသို့အုပ်စု(၂)စုခွဲ၍ အလှည့်ကျပေးဝေခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ "ကော်မတီက ဝယ်ထားတာ(၃၀) မဂ္ဂါဝပ်ဗျ။ အခု (၁၃)မဂ္ဂါဝပ်ပဲ ရတော့မယ်ဆိုတော့ ပမာဏနည်းသွားတော့ အချိန်နဲ့ဖြစ်သွားတာပေါ့"ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် တာချီလိတ်တွင် ယမန်နေ့ ဖေဖော်ဝါရီ (၇)ရက်မှစတင်၍ မီးပေးဝေရာတွင် လာအို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍ လူ ၁၁,၀၀၀ ကျော်ကို တရုတ်ရဲက ဖမ်းဆီးခဲ့

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထု‌ကြေငြာခဲ့သည်။ တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်သူ့လုံခြုံရေးအာဏာပိုင်များသည် ပြီးခဲ့သည့်နှစ်တွင် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုနှင့် ဆက်စပ်ရာဇဝတ်မှုများနှင့် ပတ်သက်သည့် စုစုပေါင်း အမှုပေါင်း ၇၃,၀၀၀ ကို စုံစမ်းစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်တွင် အွန်လိုင်းလောင်းကစားပလက်ဖောင်း ၄,၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။ ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံအတွင်း နိုင်ငံရပ်ခြား လောင်းကစားအဖွဲ့ကြီးများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071