အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ ပုဒ်မခွဲ(ခ)အရ ဒေါ် ဥမ္မာအေး အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲံ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း ယနေ့ (အောက်တိုဘာ ၂၁)ရက်နေ့ အသိပေးထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက က အမိန့်ထုတ်ပြန်ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။
ယခင်က ခန့်အပ်ထားသည့် ခုံရုံးအဖွဲ့ဝင် ဒေါက်တာမာလာအောင် ကို ကျန်းမာရေးအရ တာဝန်မှ နားခွင့်ပြုလိုက်ကြောင်းလည်း ယနေ့ တွင် အသိပေးထုတ်ပြန်ထားသည်။
