အိန္ဒိယနိုင်ငံသို့လေ့လာရေးခရီးစဥ်ရောက်ရှိနေကြသော မြန်မာနိုင်ငံ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ကိုယ်စားလှယ်များကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဦးမှ အောက်တိုဘာ ၂၁ ရက်နံနက်ပိုင်းကတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံပြီးနောက် နှုတ်ခွန်းဆက်စကားပြောကြားပြီး အထွေထွေဆွေးနွေးရှင်းလင်းပြောကြားမှုများပြုလုပ်ပြီးနောက် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ဒု-ကျောင်းအုပ်ကြီးဦးဆောင်ကာ သင်တန်းအမှတ်စဉ်(၂၄/၂၀၂၅)မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများသည် အိန္ဒိယနိုင်ငံသို့လေ့လာရေးခရီးစဥ်အဖြစ်ရောက်ရှိနေကြသည်။
