Tuesday, January 13, 2026

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒိုနှင့် ထရမ့်ပ် တွေ့မည်

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကရာကတ်စ်ရှိ ယာယီအစိုးရခေါင်းဆောင်ပိုင်းအပေါ် ဖိအားများတိုးမြင့်လာချိန်တွင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုသည် ယခုသီတင်းပတ်တွင် သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsနိုင်ငံတစ်ဝန်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့်...

နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၈) ဘီလီယံခန့် ဆုံးရှုံးလျက်ရှိ

တစ်ဧက ပန်းတိုင်အထွက်နှုန်းအတိုင်းရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလို

စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နှင့် နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီမှုကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၈) ဘီလီယံခန့် ဆုံးရှုံးလျက်ရှိ ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကို တွေ့ဆုံစဉ် ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်ဧက ပန်းတိုင်း အထွက်နှုန်းအတိုင်းရရှိစေရေးကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်တွင်ဝယ်လိုအားရှိသည့် သီးနှံများကို စိုက်ပျိုးသွားကြရန်လိုကြောင်း လည်း ယာယီသမ္မတ ကပြောသည်။

ထို့ပြင် ကန်ကြီးထောင့်မြို့နယ်အတွင်း ပေါ်ဆန်းမွှေစပါးစိုက်ပျိုးသည်ဟု သိရှိရပြီး ပေါ်ဆန်းမွှေးဆန်သည် တန်ဖိုးမြင့်သည့်အမျိုးစားဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်ကြောင်း ပေါ်ဆန်းမွှေးစပါးထုတ်လုပ်မှုများ တိုးတက်အောက်ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်းလည်း ယာယီသမ္မတ က‌ပြောသည်။

ထို့အတူ နွားမွေးမြူရေးကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် ဇီဝမြေဩဇာများရရှိနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

ကျေးလက်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအားပေးဆောင်ရွက်သွားမည်ဖြ်ကြောင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်တွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စက်မှုအခြေခံပညာအထက်တန်းကျောင်းများကို နိုင်ငံတဝှမ်းရှိ ခရိုင်များအလိုက် ဖွင့်လှစ်သင်ပေးလျက်ရှိပြီး ထပ်မံတိုးချဲဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ ရရှိမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ 

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် လူငယ်ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝအတွက် အခြေခံအကျဆုံးဖြစ်ကာ တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အနှုတ်လက္ခဏာဆောင်ပြီး နိုင်ငံတည်ငြိမ်မှုကိုထိခိုက်စေနိုင်သဖြင့် မငြိမ်းချမ်းပါက ဆိုးကျိုးများနှင့်သာတွေ့ကြုံရမည်ကိုသိထားရကြမည်ဟု ပြောသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား သာသနာပြုလုပ်ငန်းများအတွက်ရည်စူးကာ သီတဂူဆရာတော်ကြီးထံသို့ လှူဒါန်းခြင်းဖြစ်ကာ အင်းစိန်ရွာမဆရာတော်ကြီး (ကိုယ်စား) ဆရာတော်ကြီး၏တပည့်များမှ သီတဂူဆ ရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ ဆန်တန်ချိန်(၅၀၀)လှူဒါန်း

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊ Asia World Port Terminal ၌လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဆန်တန်ချိန် (၅၀၀)ပေးပို့လှူဒါန်းမည့် စာရွတ်စာတမ်းများအား မြန် မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Mrs .Prabashini Ponnamperuma ထံပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာသန်းစိုး၊ မြန်မာနိုင်ငံဆိုင် ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Mrs...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071