နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံတည်း ကြိုးစားနေရုံဖြင့် မရဘဲ နယ်နိမိတ်ချင်း ထိစပ်နေသ ည့် နိုင်ငံများအနေဖြင့်လည်း အိမ်နီးချင်းကောင်း ပီသရန် လိုအပ်ကြောင်း နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ ဇန်နဝါရီ (၂၁) ရက် ညပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားရုံ (၁) တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲ တော်တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လူတစ်ယောက်ရဲ့ ဘဝလမ်းခရီး ကောင်းမွန်စွာလျှောက်လှမ်းနိုင်ဖို့အတွက် ကာယကံရှင်တစ်ဦး တစ်ယောက် တ ည်း ကောင်းနေရုံနဲ့မရပါဘူး။ အဲဒီလူနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတွေလည်း ကောင်းဖို့ လိုအပ်ပါတယ်။ဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်လည်း အဲဒီနိုင်ငံက ကောင်းအောင် ကြိုးစားနေရုံမက သူ့နိုင်ငံရဲ့နယ်နမိတ်နဲ့ထိစပ်နေတဲ့ အိမ်နီးချင်းတွေဟာလည်း အိမ်နီးချင်းကောင်းဖြစ်ဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
” မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ တရုတ်လူမျိုးများ၊တရုတ်နွယ်ဖွားမြန်မာနိုင်ငံသားများအတွက်မျက်နှာနှစ်ဖက်ဆက်ဆံရေးမျိုးမရှိတဲ့ ယုံကြည်စိတ်ချရတဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပါတယ်။တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အိမ်နီးခြင်းနိုင်ငံတစ်ခုဖြစ်သလို ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ကြောင်း”ပြောကြားရင်း တရုတ်နွယ်ဖွားအားလုံး အတွက်နှစ်သစ်ဆုမွန်ကောင်းများတောင်းပေးခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ (၁)ရက်တွ င် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအား အသိအမှတ်ပြုသည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၀ ဇွန်လ (၈) ရက်တွင် စတင်ခဲ့ကြောင်းလည်း နိုင်ငံတော် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ယင်းကဲ့သို နှစ်နိုင်ငံ သံတမန်နည်းအရ ဆက်ဆံခဲ့သည် မှာ လာမည့် ၂၀၂၃ ခုနှစ် ဇွန်လ (၈) ရက်တွင် နှစ်ပေါင်း (၇၃) နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ၂၀၂၂ သြဂုတ်လ (၁၀) ရက်တွင် ထုတ်ပြန်ခဲ့သည့် ထိုင်ဝမ်နှင့် ပတ်သက်သည့် တတိယအကြိမ် စက္ကူဖြူစာတမ်းပါ One China Policy ကို ထောက်ခံကြောင်း နိုင်ငံတော် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့အပြင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် မြန် မာနိုင်ငံကို ဆွေးနွေးဖက်အဖြစ် သတ်မှတ်ပေးခဲ့ခြင်းကိုလည်း ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားသွားသည်။




