Tuesday, January 13, 2026

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...
HomeNewsLocal Newsနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း...

နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ကြရန် ကုလ တာဝန်ရှိသူများကို မြန်မာအစိုးရ တုံ့ပြန်

နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ကြရန် ကုလ တာဝန်ရှိသူများကို မြန်မာအစိုးရ တုံ့ပြန်

မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ တာဝန်ရှိသူ များ၏ ပြောကြားချက်များအပေါ် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ကြရန် မြန်မာအစိုးရက တုံ့ပြန်စကား ပြောကြားလိုက်သည်။

ဂျီနီဗာမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၃) ရက်မှ ဇူလိုင်လ (၈)ရက်အထိ ကျင်းပနေသည့် ကုလသမဂ္ဂ လူ့အခွင့်အ ရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အ ရေးဆိုင်ရာမဟာမင်းကြီး အပါအဝင် မြန်မာ့အရေးအထူး အစီရင်ခံစာ တင်သွင်းသူများ၏ ပြောကြားချက်များ အ ပေါ် ယခုလို ပြန်လည် တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဂျနီဗာမြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ လူ့အခွင့်အ ရေးကောင်စီအစည်းအဝေးမှ ထုတ်ပြန်ချက် များသည် မြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိဘဲ ချဲ့ကားထားသော ကိန်းဂဏန်းများ၊ သိမ်းကျုံးစွပ်စွဲချက်များနှင့် နိုင်ငံရေး သွတ်သွင်းမှုများ ပါဝင်‌ နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အခြေအမြစ်မရှိ သည့် တစ်ဖက်သတ်ပြောကြားချက်များကို လက်မခံဘဲ ပယ်ချသည်ဟု နစက၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာ့အရေး အထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် ၎င်းတို့ထုတ်ပြန်မည့် သတင်းတွင် သက်ဆိုင်ရာနိုင်ငံမှ ပေးပို့လာသောအချက်များကို မျှတစွာထည့်သွင်း ထုတ်ပြန်ရမည့် တာဝန်ရှိသော်လည်း ၎င်းတို့ထုတ်ပြန်ခဲ့သည့်သတင်းတွင် မြန်မာနိုင်ငံဘက်မှ ပေးပို့ခဲ့သောအချက်များကို ထည့်သွင်းဖော်ပြရန် ထင်ရှားစွာ ပျက်ကွက်ခဲ့သည်ဟုလည်း မြန်မာဘက်က ပြန်လည်ချေပထားသည်။

ထို့အပြင် ဇွန်လ ၁၄ ရက်က လူ့အခွင်းအရေး ကောင်စီသို့ တင်သွင်းသည့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အ စီရင်ခံစာတွင်လည်း သိမ်းကျုံးစွပ်စွဲချက်များနှင့် တာဝန်မဲ့ ကောက်ချက်ချမှုများဖြင့် အထင်အမြင် မှားစေသည့်မိန့်ခွန်းကို ၎င်း၏လုပ်ပိုင်ခွင့်ထက်ကျော်လွန် ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဘက်က ပြန်လည် ပြောကြားထားသည်။

ကုလသမဂ္ဂ တာဝန်ရှိသူများ၏ အစီရင်ခံချက်များတွင် ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် ဗုံးဖောက်ခွဲတိုက်ခိုက်မှုများ၊ အရပ်သား ၊ ကျောင်းသားနှင့်၊ ဆရာ ဆရာမများသတ်ဖြတ်ခံရမှု၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ သတ်ဖြတ်ခံရမှု၊ ဆက်သွယ်ရေး ယန္တရား မလည်ပတ်နိုင်အောင် နှောင့် ယှက်ဖျက်ဆီးမှုများအပါအဝင် မြေပြင်အခြေအနေများကို ထိန်ချန်ထားကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

ထို့အပြင် သက်ဆိုင်ရာကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်း တာဝန်များကို ဂုဏ် သိက္ခာရှိရှိပညာရှင်ဆန်စွာနှင့် တိကျစွာဆောင်ရွက် ကြရန် အကြံပြုသည်ဟုလည်း ဖော်ပြထားသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ ၁၃ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကင်ညာနိုင်ငံသား(၅၉)ဦး၊ ယူဂန်ဒါနိုင်ငံသား(၂၀)ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား(၁၃)ဦး၊ ကင်မရွန်းနိုင်ငံသား(၃) ဦး၊ ဂါနာနိုင်ငံသား(၃)ဦး၊ ဆီရီရာလီယွန်နိုင်ငံသား(၂) ဦး၊ လိုင်ဘေးရီးယားနိုင်ငံသား(၁)ဦး၊ မာလာဝီနိုင်ငံ သား(၁)ဦးနှင့် ဘူရွန်ဒီနိုင်ငံသား(၁)ဦးတို့အား မြန်မာ- ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ 

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် လူငယ်ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝအတွက် အခြေခံအကျဆုံးဖြစ်ကာ တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အနှုတ်လက္ခဏာဆောင်ပြီး နိုင်ငံတည်ငြိမ်မှုကိုထိခိုက်စေနိုင်သဖြင့် မငြိမ်းချမ်းပါက ဆိုးကျိုးများနှင့်သာတွေ့ကြုံရမည်ကိုသိထားရကြမည်ဟု ပြောသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား သာသနာပြုလုပ်ငန်းများအတွက်ရည်စူးကာ သီတဂူဆရာတော်ကြီးထံသို့ လှူဒါန်းခြင်းဖြစ်ကာ အင်းစိန်ရွာမဆရာတော်ကြီး (ကိုယ်စား) ဆရာတော်ကြီး၏တပည့်များမှ သီတဂူဆ ရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071