Looking for something?

Explore the website

Looking for something?

Thursday, May 22, 2025

နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင်...

နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍...

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်‌ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင်...

မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်းရပ်တည်ပေးသော နိုင်ငံများသည်...

မိတ်ဆွေကောင်း၏အရေးပါမှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်...

တောင်အာဖရိက ဂျီ ၂၀ ထိပ်သီးအစည်းအဝေး...

လော့ဆန်းဂျလိစ်၊မေ ၂၁ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယခုနှစ်နှောင်းပိုင်း၌ တောင်အာဖရိကတွင်ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးသို့ သမ္မတထရမ့်ပ်တက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ "သမ္မတရော နိုင်ငံ‌‌ခြားရေးဝန်ကြီးဌာနအဆင့်ပါ တောင်အာဖရိကမှာလုပ်မဲ့ အခုနှစ် ဂျီ...
HomeNewsLocal Newsနိုင်ငံကူးလက်မှတ် ပြုလုပ်သူများပြား၍ ဝက်ဘ်ဆိုဒ်လင့်သို့...

နိုင်ငံကူးလက်မှတ် ပြုလုပ်သူများပြား၍ ဝက်ဘ်ဆိုဒ်လင့်သို့ ဝင်မရသူများရှိနေ၊ပြန်ပြင်ဖို့ ယ​နေ့တရက်နားမည်

Online Booking စနစ်ဖြင့်နိုင်ငံကူးလက်မှတ် ပြုလုပ်သူများပြား၍ ဝက်ဘ်ဆိုဒ်လင့်သို့ ဝင်မရသူများရှိနေကြောင်း သိရသည်။အချို့ကလည်းလွယ်ကူ​စွာတင်နိုင်ခဲ့​ကြောင်း​ပြောသည်။

နှစ်လကျော်ကြာပြီးမှ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်ကို ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းကြောင့် ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်သူများအပါအဝင် လျှောက်ထားသူများပြားနေခြင်းဖြစ်သည်။

ပတ်စ်ပို့ရုံးပြန်လည်ဖွင့်လှစ်သည့် ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၃ ခွဲဝန်းကျင်မှာတင် ရက်ချိန်းရသူ လူ ၈၅၂၉ နီးပါးရှိနေကြောင်း သိရသည်။

“ ပတ်စ်ပို့ရုံးပြန်ဖွင့်တဲ့နေ့မှာတော့ လျှောက်တဲ့သူက အင်မတန်များတယ်။ လျှောက်တဲ့သူတွေ များလိုလားမသိဘူး။နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဝက်ဘ်ဆိုက်ကို တော်တော်နဲ့ဝင်မရဘူး။ ညနေပိုင်းလောက်ကျတော့ ဝင်လို့ရသွားတယ်”ဟု နိုင်ငံကူးလက်မှတ်ပြုလုပ်သူတစ်ဦးက ပြောသည်။

သို့ရာတွင် အချို့သောလျှောက်ထားသူများမှ ငွေပေးချေပြီးသော်လည်း ရရှိမည့်ရက်ချိန်းအတွက် နေ့စွဲနှင့်အချိန်ကို လျှောက်ထားသူထံ အကြောင်းပြန်ကြားချက်များ စနစ်မှထုတ်ပေးမှုကို လက်ခံမရရှိခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့ကြောင်း၊ ယင်းကြောင့် ရက်ချိန်းအချက်အလက်များကို ပြန်လည်ကြည့်ရှု့နိုင်ရန် Website ၏ Home Page ရှိ ရက်ချိန်းစစ်ဆေးရန် ခလုတ်ကိုနှိပ်၍ လျှောက်ထားသူ၏ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို ဖြည့်သွင်း၍  ပြန်လည်ကြည့်ရှုနိုင်ကြောင်း အသိပေးထားသည်။

ယင်းအပြင် Online Appointment System စနစ်ကို လိုအပ်ချက်အနည်းငယ်ရှိသည့်အတွက် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန်ရှိပြီး ရက်ချိန်းအသစ်လျှောက်ထားခြင်းအား တစ်ရက်ရပ်နားထားမည် ဖြစ်ကာ ရက်ချိန်းအသစ်လျှောက်ထားခြင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

ပတ်ပို့စ်စာအုပ်တွင်ပါမည့် ​မိမိနာမည်စာလုံးပေါင်းအမှန်ဖြင့် ဘွတ်ကင်ရ​အောင်အရင်ယူပြီးမှသာ၊ တွဲရက်ဖြည့်ရသည့်ဖိုင်ကို ​ဒေါင်းလုပ်လုပ်ပြီး ​အေး​အေး​ဆေး​ဆေးဖြည့်ဖို့ ကြိုးစားကြည့်ခဲ့သူတစ်ဦးကအကြံပြုသည်။

ရန်ကုန်တွင် Online Appointment System ဖြင့် ရက်ချိန်းရယူရာတွင်လည်း လျှောက်ထားခ ၃၅၀၀၀ ကျပ်ကို အွန်လိုင်းပေးချေမှုစနစ်ဖြင့် တစ်ပါတည်းပေးသွင်းရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်မှစပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ယင်းအပြင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုပြီး အလုပ်ခေါ်စာနှင့်စေလွှတ်မည့် အလုပ်သမားများအပါအဝင် နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်ကို ဇန်နဝါရီ ၁၇ ရက်က ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင် ဦးဆောင်လူငယ်များအဖြစ်ပါဝင်ကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် မျိုးဆက်သစ်လူငယ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ " ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းခဲ့ကြသူတွေပီပီ အမိနိုင်ငံတော်ကြီးရဲ့ သမိုင်းကြောင်းအစဉ်အလာတွေကိုကောင်းစွာသိရှိနားလည်ထားရပါမယ်။ မိမိတို့နိုင်ငံရဲ့ လွတ်လပ်ရေးဟာ မျိုးချစ်လူငယ်တွေက ခေတ်မီတပ်မတော်တစ်ရပ်ထူထောင်ပြီး ပြည်သူလူထုရဲ့ တစ်စိတ်တစ်ဝမ်းတည်းပူးပေါင်းကြိုးပမ်းမှုတွေကြောင့်ရရှိခဲ့တာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။ ထို့ပြင် နစက အနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်နှင့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာတွင် နိုင်ငံသားတိုင်းသည်...

လွတ်လပ်စွာကုန်သွယ်မှုအဆင့်မြှင့်တင်ရေး တရုတ်၊ အာဆီယံစေ့စပ်မှုပြီးစီး

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် အခြား လုပ်ငန်းနယ်ပယ်အသစ်များ ပါဝင်လာမည့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်ကို ထပ်မံပြင်ဆင်‌ေရးကိုစေ့စပ်ဆွေးနွေးမှုသည်အောင်မြင်ပြီးမြောက်ခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၄ ဘီလျံအထိ ရှိခဲ့သည်ဟု တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။ ၃.၀ ဗားရှင်းဟု ခေါ်ဆိုသော လွတ်လပ်စွာကုန်သွယ်မှုနယ်ပယ်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အားသစ်လောင်းပေးမည်ဖြစ်ကာ ပွင့်လင်းမှု၊ အားလုံးပါဝင်မှုနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတို့ကို...

မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်းရပ်တည်ပေးသော နိုင်ငံများသည် နိုင်ငံတော်၏ မိတ်ဆွေကောင်းများဖြစ်သည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

မိတ်ဆွေကောင်း၏အရေးပါမှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ " လူရယ်လို့ဖြစ်လာရင် မိတ်ကောင်းဆွေမွန်ရှိဖို့လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးနားလည်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာဖေးမမှု၊ အမှားတွေ့ရင် စေတနာနဲ့ဝေဖန်ထောက်ပြမှုတွေဟာ မိတ်ဆွေအချင်းချင်းပြုမူပေးတတ်တဲ့ အလေ့အကျင့်ကောင်းတွေဖြစ်ပါတယ်။ အဲ့လို မိတ်ဆွေကောင်းတွေကိုပိုင်ဆိုင်ခြင်းအားဖြင့် မိမိတို့ဖြတ်သန်းရမယ့် အနာဂတ်ဘဝကို ဖြောင့်တန်းအောင်လျှောက်လှမ်းနိုင်ကြမှာပဲဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။ ထို့အတူ လူတိုင်းတွင်မိတ်ဆွေကောင်းရှိရန်အရေးကြီးသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့ စည်းတည်ဆောက်ထားသည့် မိမိတို့နိုင်ငံတော်ကြီးသည်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071