Friday, January 17, 2025

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင်...

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ...

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး...

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...
HomeInternationalနိုင်ဂျာအာဏာသိမ်းမှုကို ဝက်ဂနာတပ်ဖွဲ့ပိုင်ရှင်က ချီးကျူးပြီး၊...

နိုင်ဂျာအာဏာသိမ်းမှုကို ဝက်ဂနာတပ်ဖွဲ့ပိုင်ရှင်က ချီးကျူးပြီး၊ သူ၏ဝန်ဆောင်မှုများကို ကမ်းလှမ်း

ပြီးခဲ့သည့်လက ရုရှားတွင် မအောင်မြင်သည့် ပုန်ကန်မှုကို ဦးဆောင်ခဲ့သော်လည်း တက်ကြွစွာ လှုပ်ရှားနေဆဲဖြစ်သည့် ဝက်ဂနာတပ်ဖွဲ့ပိုင်ရှင် ပရီဂိုဇင် က နိုင်ဂျာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို သတင်းကောင်းအဖြစ် ချီးကျူးပြီး ဝက်ဂနာတိုက်ခိုက်ရေးသမားများ၏ ဝန်ဆောင်မှုများကိုလည်း ကမ်းလှမ်းခဲ့သည်။

ပရီဂိုဇင်သည် ယင်းအာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း သူသည် အနောက်နိုင်ငံကိုလိုနီနယ်ချဲ့သမားများအောက်မှ လွတ်မြောက်လာသည့် နိုင်ဂျာကိုမူ သူ၏တပ်ဖွဲ့များနှင့် ကူညီလိုသည့် သဘောရကြောင်း ပရီဂိုဇင် နှင့်ဆက်စပ်နေသည့် တယ်လီဂရမ်ချယ်နယ်များတွင် ပြောဆိုနေကြသည်။

“နိုင်ဂျာမှာ ဖြစ်ပျက်ခဲ့တာက သူတို့ရဲ့ ကိုလိုနီနယ်ချဲ့သမားတွေနဲ့ နိုင်ဂျာပြည်သူတွေရဲ့ တိုက်ပွဲကလွဲလို့ တခြား ဘာမှမဟုတ်ပါဘူး” ဟု ကြာသပတေးနေ့ညနေတွင် လွှင့်တင်ထားသည့် သတင်းစကားတွင် ဖော်ပြထားသည်။ တယ်လီဂရမ်မှ အဆိုပါအသံ သတင်းစကားအားပြောသူသည် ရုရှားဘာသာဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သော်လည်း ပရီဂိုဇင်ပြောကြားခြင်းဟုမူ အတည်ပြု၍မရနိုင်ချေ။

“ဒီနေ့တော့ ဒါဟာ သူတို့ရဲ့ လွတ်လပ်ရေးကို ထိထိရောက်ရောက် ရယူနိုင်နေပါပြီ။ ကျန်တာတွေက နိုင်ဂျာနိုင်ငံသားတွေအပေါ် သံသယကင်းကင်းနဲ့ ထိရောက်တဲ့ အုပ်ချုပ်မှုဖြစ်လိမ့်မယ်၊ ဒါပေမယ့် အဓိကကတော့ ကိုလိုနီနယ်ချဲ့သမားတွေကို ဖယ်ရှားလိုက်ပါပြီ” ဟု လည်း ယင်း အသံသတင်းစကားတွင် ဆိုထားသည်။

နိုင်ဂျာနိုင်ငံတွင် ဗုဒ္ဓဟူးနေ့ ညနေက စစ်တပ်မှအာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး သမ္မတ မိုဟာမက် ဘဇိုမ်အား သမ္မတအိမ်တော်တွင် ထိန်းသိမ်းထားကာ နိုင်ငံကို မည်သူက ဦးဆောင်မည်ဆိုခြင်းကိုမူ ယခုအချိန်အထိ အတိအကျ မသိရသေးချေ။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်သော်လည်း ကမ္ဘာတွင် အကြီးဆုံး ယူရေနီယံသတ္တုသိုက်အချို့ကို ရှိနေသည့် နိုင်ဂျာ နိုင်ငံသည် ၁၉၆၀ တွင် ကိုလိုနီအုပ်စိုးသူဟောင်း ပြင်သစ်ထံမှ အပြည့်အဝ လွတ်လပ်ရေးရရှိခဲ့ကြေညာခဲ့သည်။

ရုရှားတွင် လက်နက်ကိုင်ပုန်ကန်မှုတစ်ရပ်ကို ပြီးခဲ့သည့်လအတွင်းက ဦးဆောင်ခဲ့သော ဝက်ဂနာတပ်ဖွဲ့ပိုင်ရှင် ပရီဂိုဇင်ကို မကြာသေးမီက စိန့်ပီတာစဘတ်တွင် ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတစ်ခုတွင် မြင်တွေ့ခဲ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင် ၅ ခု၌ အက်ကြောင်းထင်မှုများအပါအဝင် အပြစ်အနာအဆာများ တွေ့ရှိခဲ့သည်ဟု အရေးပေါ်ဌာန အရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဆည်ငါးခုအနက် သုံးခုကို ပြင်ဆင်ထိန်းသိမ်းမှုများလုပ်ဆောင်ပြီးဖြစ်ကြောင်း တိဘက်ဒေသ အရေးပေါ်စီမံခန့်ခွဲရေးအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ငလျင်ဗဟိုချက်ဖြစ်ခဲ့သော Tingri စီရင်စုရှိ ရေအားလျှပ်စစ်ဆည်တစ်ခု၏ နံရံများသည် နိမ့်ဆင်းသွားခဲ့သဖြင့် ဆည်အောက်ပိုင်းရှိ ကျေးရွာခြောက်ရွာမှ လူ ၁,၅၀၀ ခန့်ကို အမြင့်ပိုင်းနေရာများသို့...

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀)ကျော်ကို ထပ်မံငှားရမ်းမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏ လျှပ်စစ်မီတာများကို လျှောက်ရန်ပြင်ဆင်နေပြီး မီတာရရှိပါက ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း (၂၆၀၀)ကျော်နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် သက်သာသော အိမ်ခန်းငှားရမ်းခနှုန်းထားများဖြင့် နိုင်ငံတော်က စနစ်တကျတည်ဆောက်ပေးထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် (၁၁၆၈) ခန်း၊ ၂၀၂၄ ခုနှစ်တွင်...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဟုဆို

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေးစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည်နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့် ပတ်သက်၍ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်စေရန် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ပြည်တွင်း၌ လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071