Friday, December 6, 2024

ဒေသအသီးသီးသို့ စစ်ရှောင်နေကြသည့် ရှမ်း/မြောက် စစ်ဘေးရှောင်အချို့...

ရှမ်း/မြောက် တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ဒေသအသီးသီးသို့ စစ်ဘေးရှောင်နေကြသည့်သူအချို့ ယခု ဒီဇင်ဘာလအတွင်း နေရပ်ပြန်လာခြင်းများ ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယခုလ ဒီဇင်ဘာ (၃)ရက်တွင်...

ဖီဖာမှ မြန်မာကလေ-းများကို ဘောလုံးပညာသင်ကြားပေးမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် မြန်မာနိုင်ငံ၌ (Football For School) ပရိုဂရမ် စီမံကိန်းအဖြစ် မြန်မာကလေ-းငယ်များကို ဘောလုံးပညာသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်း ပရိုဂရမ်စီမံကိန်းကို လာမည့်...

တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့်...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား (၄၅)ဦးကို ဒီဇင်ဘာ ၂ ရက်နေ့လည် ၁ နာရီ...

တောင်ကြီးမြို့တွင် စစ်‌ဘေးရှောင်ကလေးငယ်များအတွက် ကလေ-းပျော် စင်တာ(၂)ခု...

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြိုသို့ လာရောက်ခိုလှုံနေထိုင်ကြရသည့် ယာယီနေရပ်စွန့်ခွာ စစ်ဘေးရှောင် ကလေ-းငယ်များအတွက် ကလေ-းပျော်စင်တာ (၂)ခု ကို မြန်မာ နိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနက...
HomeInternationalနာမည်ကြီးတေးသံရှင် ဂျက်စတင်ဘီဘာ လေဖြန်း၍ဖျော်ဖြေရေးများရပ်နားထားရ

နာမည်ကြီးတေးသံရှင် ဂျက်စတင်ဘီဘာ လေဖြန်း၍ဖျော်ဖြေရေးများရပ်နားထားရ

နာမည်ကြီးတေးသံရှင် ဂျက်စတင်ဘီဘာ လေဖြန်း၍ဖျော်ဖြေရေးများရပ်နားထားရ

မနေ့က သောကြာနေ့တွင် အဆိုတော် ဂျက်စတင်ဘီဘာက မျက်နှာတစ်ခြမ်းလေဖြန်းသွားကြောင်း ၎င်း၏ပရိသတ်များအားအသိပေးပြောကြားခဲ့သည်။အင်စတာဂရမ်ပေါ်တွင် တင်လိုက်သော ဗီဒီယိုတစ်ခုတွင် ဂျက်စတင်ဘီဘာက ၎င်းအနေဖြင့် Ramsey Hunt Syndrome ဟုခေါ်သော ရောဂါခံစားနေရကြောင်းဆိုခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ပေါ့ပ်အဆိုကျော် ဂျက်စတင်က သူ၏ Justice World ခရီးစဉ်အား ကျန်းမာရေးကြောင့် ခေတ္တရပ်နားထားသည်ဟုကြေငြာခဲ့သည်။တိုရန်တို တွင်ပထမဆုံးကျင်းပရန် လျာထားသော သူ၏ဖျော်ဖြေပွဲမတိုင်ခင်နာရီပိုင်းအလိုတွင်ယခုလိုဖြစ်သွားရခြင်းအား​ပြောကြားခဲ့ခြင်းဖြစ်သည်။

Ramsey Hunt Syndrome ဆိုသည်မှာ ရေယုန်ရောဂါ၏နောက်ဆက်တွဲရောဂါတစ်မျိုးဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် နားရွက်နောက်ရှိ အာရုံကြောယောင်ယမ်းလာကာ မျက်နှာတစ်ခြမ်းအလုပ်မလုပ်တော့သည့်ရောဂါမျိုးဖြစ်သည်။၎င်း၏နောက်ဆက်တွဲအနေဖြင့် အကြားအာရုံဆုံးရှုံးသည်အထိပါဖြစ်နိုင်သည်။

ဘီဘာကသူ၏ဗီဒီယိုတွင် ပရိသတ်များအား “အခု အားလုံးတွေ့တဲ့အတိုင်းပဲ ကျွန်တော့်ညာဖက်မျက်လုံးက အလွယ်တကူမှိတ်မရတော့ပဲ ညာဖက်မျက်နှာတစ်ခြမ်းကလဲ လှုပ်မရတာကြောင့် ပြုံးဖို့ရယ်ဖို့ခက်နေပါတယ်၊ကျန်းမာရေးကြောင့် လက်ခံထားပြီးသား ပွဲတွေနားလိုက်ရတဲ့အတွက် ပရိသတ်များနားလည်ပေးဖို့တောင်းဆိုပါတယ်” ဟု ဆိုခဲ့သည်။

လက်ရှိအချိန်တွင် မျက်နှာလေ့ကျင့်ခန်းများလုပ်နေပြီး ပကတိပြန်ကောင်းအောင် ကြိုးစားနေကြောင်းလည်းပြောကြားခဲ့ပြီး မည်သည့်အချိန်ပြန်ကောင်းနိုင်သည်ဆိုသည့်အချက်ကိုတော့ တိတိကျကျထည့်ပြောသွားခြင်းမရှိပေ။ယခုတစ်ကြိမ်သည် ဘီဘာ၏ ခရီးစဉ်တတိယအကြိမ်မြောက် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပြီး ရှေ့နှစ်ကြိမ်သည် ကပ်ရောဂါကြောင့်ဖြစ်သည်။

Source – WionNews

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသအသီးသီးသို့ စစ်ရှောင်နေကြသည့် ရှမ်း/မြောက် စစ်ဘေးရှောင်အချို့ နေရပ်ပြန်လာ

ရှမ်း/မြောက် တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ဒေသအသီးသီးသို့ စစ်ဘေးရှောင်နေကြသည့်သူအချို့ ယခု ဒီဇင်ဘာလအတွင်း နေရပ်ပြန်လာခြင်းများ ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယခုလ ဒီဇင်ဘာ (၃)ရက်တွင် နေရပ်ပြန်လာသူ (၁၉)ဦးနှင့် (၄)ရက်တွင် နေရပ်ပြန်လာသူ (၈)ဦး တို့အား နောင်ပိန်မြို့နယ် ကမ်းလင့်လက်လူမှုကူညီရေးအသင်းရုံး၌ တစ်ညတာ ယာယီတည်းခိုခွင့်ပြုခဲ့ရကြောင်း သိရသည်။ " အပစ်ရပ်ပြီးနှစ်ဘက်ညှိနှိုင်းမှုတွေလုပ်ဖို့ သတင်းတွေထွက်လာတာရယ်၊ လက်ရှိ ဒီဘက် တိုက်ပွဲဖြစ်လာတာအရှိန်လျော့လာတယ်လို့ ကြားတာကြောင့် ပြန်ကြတယ်လို့မြင်ပါတယ်။ မပြန်လို့လည်းမရဘူး။ ကုန်ဈေးနှုန်းတွေကြီး၊ အိမ်ငှားခတွေက မြင့်နေတော့ အားလုံးက ကိုယ့်ရပ်ကိုယ်ရွာပဲပြန်ချင်ကြတာ။ နောက်ပိုင်းပြန်မယ့်သူတွေလည်း အခြေအနေစောင့်ကြည့်နေတာမျိုးတွေရှိနေပြီ"ဟု...

ဖီဖာမှ မြန်မာကလေ-းများကို ဘောလုံးပညာသင်ကြားပေးမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် မြန်မာနိုင်ငံ၌ (Football For School) ပရိုဂရမ် စီမံကိန်းအဖြစ် မြန်မာကလေ-းငယ်များကို ဘောလုံးပညာသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်း ပရိုဂရမ်စီမံကိန်းကို လာမည့် (၂၀၂၅) ခုနှစ်၌ စတင်မည်ဖြစ်ကာ အခြေခံပညာကျောင်းများရှိ ကလေ-းများကို ဘောလုံးပညာ သင်ကြားခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။ အထက်ပါ ပရိုဂရမ် စီမံကိန်းကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကာ ယင်းအစီစဉ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း...

တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား (၄၅)ဦးကိုဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား (၄၅)ဦးကို ဒီဇင်ဘာ ၂ ရက်နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေး ရွာရှိ နေအိမ်တစ်လုံး၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းအရဝင်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာ နေအိမ်အတွင်း၌ Online အ သုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၁၈)ဦးနှင့် မြန်မာနိုင်ငံသား အမျိုး သား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071