Descendants of the Sun ဒရာမာဇာတ်လမ်းဖြင့် နာမည်ကြီးလာသူ သရုပ်ဆောင်မင်းသား ဆောင်ဂျွန်ကီးသည် ယခုလက်ရှိ ဗြိတိန်သူတစ်ဦးဖြင့် တွဲနေကြောင်းကို အတည်ပြုလာခဲ့သည်။
ဆောင်ဂျွန်ကီး၏ အေဂျင်စီဖြစ်သည့် ဟိုက်ဇီရမ် စတူဒီယိုက ကိုရီးယား စံတော်ချိန် ဒီဇင်ဘာလ ၂၆ ရက် တနင်္လာနေ့တွင် ၎င်း၏ မင်းသားသည် ဗြိတိန်အမျိုးသမီး တစ်ဦးနှင့် ချိန်းတွေ့နေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သော ၇ ကြိမ်မြောက် သတင်းရှင်းလင်းပွဲတွင် ဆောင်ဂျွန်ကီးသည် သူ၏ ချစ်သူကောင်မလေးအား ဝန်ထမ်းများနှင့် မိတ်ဆက်ပေးခဲ့သည်ဟူသော သတင်းများလည်း တနင်္လာနေ့ နံနက်ပိုင်းကတည်းက ထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
ဆောင်ဂျွန်ကီး၏ ကောင်မလေးမှာ ဆယ်လီတစ်ဦး မဟုတ်ကြောင်းနှင့် ပြီးခဲ့သည့်နှစ်က သူငယ်ချင်းတစ်ဦးက ကြားခံ မိတ်ဆက်ပေးခဲ့ကြရာမှ သိကျွမ်းလာခြင်းဖြစ်ကြောင်း သိရသည်။
ဆောင်ဂျွန်ကီးသည် Descendants of the Sun ဇာတ်လမ်းမှ အဓိက သရုပ်ဆောင် မင်းသမီးဖြစ်သော ဆောင်ဟေကို နှင့် လက်ထပ်ခဲ့ဖူးပြီး ၂၀၁၉ ဇူလိုင် ၂၂ ရက်နေ့တွင် တရားဝင်ကွာရှင်းခဲ့သည်။
Source: allkpop

