Tuesday, February 17, 2026

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ...

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်...

ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတ နှင့်...
HomeCelebrities' Newsနာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာထက် ကိုယ်ဖန်တီးတဲ့ ဇာတ်ကားပေါ်မှာ...

နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာထက် ကိုယ်ဖန်တီးတဲ့ ဇာတ်ကားပေါ်မှာ နောင်တမရအောင် ရိုက်ကူးသွားမယ် ထူးနွယ်အိမ်

htoo

ဒါရိုက်တာမောင်မျိုးမင်းရဲ့သမီးတစ်ဦးဖြစ်တဲ့ ဒါရိုက်တာထူးနွယ်အိမ်က ၂ဝဝ၇ခုနှစ်ကစတင်ပြီး ဇာတ်ညွှန်းလောကထဲကို ဝင်ရောက်ခဲ့ကာ သူ့အနေနဲ့ ဇာတ်ညွှန်းတွေ အများကြီးရေးခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ တော့ ဒါရိုက်တာစလုပ်ဖြစ်ခဲ့ပါတယ်။ “ကိုယ်ကလည်း ဝါသနာပါတယ်။ အဖေ့ရဲ့အမွေကို ဆက်ခံတယ်ဆိုလည်း မှန်ပါတယ်။ အခက်အခဲတွေရှိတယ်။ ပိုဆိုးတာက ကိုယ့်ပုံစံက တော်တော်လေးကို ကလေးပုံစံပေါက်နေတော့ လူကြီးတွေကို ပြောရဆိုရတဲ့အခါကျရင် သတိထားရတာပေါ့နော်။ အရာရာကို ကိုယ်သိ၊ ကိုယ်တတ်လုပ်လို့ မရဘူး။ တချို့ဟာတွေ သူတို့ဆီက ပြန်သင်ရတာတွေရှိတယ်။ ပြန်သင်ရတယ်ဆိုတာ အလုပ်လုပ်နေရင်းမှ အတွေ့အကြုံတွေ ယူရတာပေါ့။ ကိုယ်က သမ္ဘာမရှိသေးဘူး လေ။ ရိုက်တဲ့အခါမှာလည်း အဆင်မပြေတာတွေ၊ ပြီးတော့ ကိုယ်ဖြစ်ချင်သလို မဖြစ်ရတာတွေ၊ Actor တွေနဲ့ တအားအငြင်းအခုံလုပ်ရတာတွေပေါ့” လို့ ရိုက်ကွင်းမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။ ဒီလိုအခက် အခဲတွေ ကြုံတွေ့ရတဲ့အခါမှာ ဖခင်ဆီကရရှိတဲ့ အကူအညီကို ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ထူးနွယ်အိမ်က…….

“တခြားတော့ အဖေက ဘာအကူအညီမှမပေးဘူး။ သူပေးတာ က စိတ်ဓာတ်၊ ခွန်အားပဲပေးတယ်။ သမီးဒါရိုက်တာ စလုပ်ရင်တော့ ဒါမျိုး ကြုံရမှာပဲ။ အဖေဒါရိုက်တာ စလုပ်တုန်းကလည်း ဒါမျိုးကြုံခဲ့ရတာပဲလို့ ပြောတယ်။ ဒါကိုခံနိုင်ရမယ်။ ဖြေရှင်းနိုင်ရမယ်။ ဘယ်လိုပုံစံနဲ့ ဖြေရှင်း ရမယ်၊ ဘယ်လိုမျိုး ဖြေရှင်းရမယ်ဆိုတာကို အရိပ်အမြွက်လောက်ပဲ ပြောပြ တယ်”လို့ ပြောပါတယ်။

ZAW_2693
ဒီလိုအခက်အခဲတွေ ရှိနေပေမယ့်လည်း ဖခင်နာမည် ကြီး ဒါရိုက်တာတစ်ယောက်လုံးက အနောက်မှာ မားမားမတ် မတ်ရှိနေတဲ့အတွက် ဒီအလုပ်လုပ်ရတာ နည်းနည်းများ လွယ်ကူ နိုင်မလားလို့ မေးကြည့်တဲ့ အခါမှာတော့ ထူးနွယ်အိမ်က “မလွယ်ကူပါဘူး။ ဘာ background မှ မရှိတဲ့သူကတော့ သူ့ဟာသူ ရုန်းကန်ရတယ်။ သူ့ဟာ သူကြိုးစားရတယ်။ အဲဒီအတွက် သူ့ရဲ့အခက်အခဲက အဲဒါပဲ။ မျက်နှာငယ် ရရင်ငယ်ရမယ်။ အောက်ကျို့တဲ့အခါ အောက်ကျို့ရ မယ်။ ဒါပဲပေါ့။ Background ရှိနေတဲ့သူ၊ အရှိန် အဝါရှိနေတဲ့သူရဲ့ အောက်ကဖြစ်နေတဲ့သူ့ရဲ့ အခက် အခဲက ဘာလဲဆိုတော့ စစပြီး ရိုက်ကူးတဲ့အခါမှာ ကိုယ် ရိုက်တယ်လို့ မထင်တာ၊ အဖေကပဲ နောက်ကလိုက်ရိုက်ပေးပြီး ကိုယ်ကနာမည်ခံနေတယ်လို့ ထင်နေတာပဲ။ အဲဒီလိုအထင်ခံရမှာ တအားနာတယ်။ ထင်လည်း မထင်စေချင်ဘူး။ ဒါမျိုးကို မဖြစ်ကို မဖြစ်စေချင်တာ။ ပထမဆုံး ဇာတ်ကားရိုက်ကူးတုန်းကဆို အဖေက လည်း ရှုတင်ကို မလာချင်ဘူး။ ကိုယ်ကလည်း လာကို မလာစေချင် တာ။ အခက် အခဲရှိတော့မှပဲ ဖုန်းဆက်ပြီး တိုင်ပင်တယ်။ အဖေ ကိုယ်တိုင် ရှုတင်လာပြီး ရိုက်ကူးပေးတယ်လို့ ထင်မြင်မှာတအား စိုးရိမ်ပါတယ်။ ဇာတ်ကားရိုက်ကူးရင်း မိုးချုပ်နေမှ အဖေစိတ်ပူပြီး လိုက်လာတယ်။ လိုအပ်တာတွေ အကြံဥာဏ်ပေးတယ်။ ဒါလောက် ပဲ။ ဒါပေမဲ့ အရှိန်အဝါကြီး သူရဲ့ သမီးဖြစ်တဲ့အတွက် ကိုယ်လုပ်တဲ့ လုပ်ရပ် တွေက ကိုယ်လုပ်တယ်လို့ မထင်ဘူး။ အဖေကပဲ Support လုပ်ပေးနေတယ်လို့ မြင်ကြတယ်။ အဲဒါက ဆိုးဝါးတဲ့ အခက်အခဲပါ။ ကိုယ်လုပ်တယ်ဆိုတာ ယုံဖို့ကို ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားပြခဲ့ပါတယ်” လို့ ပြောပါတယ်။

ခေတ်လူငယ်တစ်ဦးဖြစ်တဲ့ ထူးနွယ်အိမ်က ဖခင်လို နာမည်ကြီး ဒါရိုက်တာတစ်ဦးဖြစ်အောင် ကြိုးစားသွားဖို့ဆိုတာထက် သူဖန်တီးတဲ့ အနုပညာအပေါ်မှာ နောင်တမရအောင်သာ ဖန်တီး ရိုက်ကူးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“အဖေဆုံးမထားတဲ့ စကားတစ်ခွန်း ရှိတယ်။ “အောင် မြင်ချင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အောင် မြင်ချင်တဲ့စိတ်ကို အရင် သတ်ရမယ်”တဲ့။ အဲဒါမှန်တယ်။ ငါ အောင်မြင်အောင် လုပ်မယ် ဆိုပြီး အောင်မြင်မှုလမ်းကြောင်းနောက်ပဲ လိုက်မယ်။ ဘယ်လိုလုပ် ရင် လူသိပြီး ကျော်ကြားနိုင်မလဲ။ ဘယ်လိုဇာတ်ကားမျိုး ရိုက်ရင် တအားကို လူသိသွားနိုင်မလဲ။ အခုနောက်ပိုင်းမှာဆို လုပ်စား လို့ရတဲ့ လမ်းတွေ အများကြီးပဲ။ ဒါပေမဲ့ အဲဒီလိုမလုပ်ချင်တာ။ နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာထက် ကိုယ်လုပ် တဲ့ အနုပညာ၊ ကိုယ်ဖန်တီးတဲ့ ဇာတ်ကားပေါ်မှာ နောင်တမရ အောင် ရိုက်ကူးသွားမယ်လို့ပဲ ပရိသတ်ကို ပြောချင်ပါတယ်” လို့ ပြောပါတယ်။

အခုအချိန်မှာတော့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ထူးနွယ် အိမ်က ဇာတ်လမ်း၊ ဇာတ်ညွှန်းများ ခွဲဝေပေးခြင်းနဲ့ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးနေပြီး ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာတော့ ‘ဖုန်းဆိုးမြေ’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို စတင်ရိုက် ကူးသွားဖို့ရှိကြောင်းပြောပါတယ်။

ဇင်မာနွယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071