Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeArticlesနာကျင်ကြေကွဲ

နာကျင်ကြေကွဲ

(၁) ကြေကွဲခြင်းဟာ

တောင်ပံတွေတပ်ကာ

ရောက်လာပါသလား

မြန်ဆန်လိုက်တာ…

ဆိုပါစို့

ကမ္ဘာရဲ့တစ်နေရာမှာ

အပူရှိန်ပြင်းလွန်းတဲ့အတွက်

ပန်းတစ်ပွင့်

အကြွေမြန်ရတာကအစ

သီချင်းတစ်ပုဒ်

နားထောင်နေရင်း

မယ်မယ်ရရမရှိဘဲ

ကြေကွဲလာရတာအဆုံး

အားလုံးလောက်နီးနီးဟာ

သူနဲ့ပတ်သက်လာရတာပေါ့

မိမိရဲ့ကဗျာတစ်ပိုင်းတစ်စကို သတိရမိသည်။

အမည်က ကြေကွဲခြင်း။

ကဗျာအဆုံး မှာ…

အလို… အမေတဲ့

ကလေးတစ်ယောက်ရဲ့

သူ့အမေခေါ်သံကြားရင်ပဲ

အမေ့ကိုသတိရ

အလိုလို ကြေကွဲမိပြန်တော့ တယ်…လို့ ရေးဖွဲ့ခဲ့ပါသည်။

အမေလို့ ခေါ်သံကြားလိုက်ရင် ပင် အမေ့ကို သတိရမိတော့တယ်။ အမေကိုသတိရတာနဲ့ တစ်ပြိုင်နက် အမေနဲ့အတူနေခဲ့ရတာတွေ ပြန် လည် သတိရမိပါတော့တယ်။ မိမိ ငယ်ငယ်က လေတံခွန်လိုက်တာ အ လွန်ဝါသနာပါသည်။ စွန်တွေ တစ် စွန်နဲ့ တစ်စွန်ဖြတ်ကြ။ ပြတ်ပြီဆိုရင် လိုက်ကြ။ တစ်ခါတော့ စွန်လိုက်ရင်း ဗွက်ထဲနင်းမိလို့ ဖိနပ်တစ်ဘက် ရှာမ ရေတော့ပါဘူး။ အမေကရိုက်ပါ တယ်။ အမေ့ပုံရိပ် တစ်ချို့တလေပေါ့။ နောက်ပြီး အမေက ဟင်းချက် အလွန်ကောင်းပါတယ်။ အမေ့လက် ရာကို စားပြီးရင် စားတဲ့လူတွေ မချီး မွှမ်းဘဲ မနေနိုင်ပါဘူး။ တကယ်တော့ အမေကကျွန်တော်နဲ့ နေချင်ရှာတာပါ။  ကျွန်တော်ကလည်း ကိုယ့်မိသားစု လေး ရပ်တည်ရေးကို အချိန်မရှိ အချိန်ရှိ လုပ်ခဲ့ရတော့ အမေ့ကို ခေါ် မထားနိုင်ခဲ့ပါဘူး။ အမေဆုံးတော့ အမေ့ရွာမှာပါ။ အသက်မီရုံပဲ မီပါ တော့တယ်။ စဉ်းစားမိရင် အမေ့ အတွက် စိတ်မကောင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း မကျေနပ်ပါ ဘူး။ ဝမ်းနည်းစိတ်သာ တဖြေးဖြေး ရစ်နှောင်လာပါတော့တယ်။

(၂) အချစ်

ဘာရယ်မဟုတ်

ရောက်တတ်ရာရာ

ပြောဆိုခြင်းများနဲ့

တို့ရဲ့လ္ဘက်ရည်များ

အချစ်လှေငယ်ကလေး

တရွေ့ရွေ့မျော

ဘယ်သောင်တင်လို့

ဘယ်ကမ်းဆိုက်မှာလဲ

မင်းရဲ့အကြည့်တစ်ချက်

မင်းရဲ့မျက်တောင်တစ်ခတ်

ကိုယ့်ကမ်းစပ်ကို

ရိုက်ခတ်ခဲ့ပြီလား

ဓာတ်ကြိုးပေါ်က

ငှက်ကလေးနှစ်ကောင်

အတိတ်တဘောင်အဖြစ်

စဉ်းစားနေစဉ်

နာကျင်ခြင်း

မြားတစ်စင်း

ကိုယ့်ရင်ကိုစိုက်ခဲ့ပေါ့

ဘဝက

အဲဒီလောက်  ခွင့်ပြုမျာ

မဟုတ်ဘူး

စည်းပေါင်းများစွာ

ခြားနေတဲ့အဖြစ်တွေ

ဘယ်လိုပဲဖြစ်ဖြစ်

မင်းရဲ့ ကြည်လင်နေတဲ့

မျက်ဝန်းလေး

မှိုင်းညို့ညို့ဖြစ်သွားမှာ

မဆီမဆိုင် စိုးရိမ်နေမိ

မရေမရာထဲမှာ

 

မရေမရာခဲ့ပေမယ့်

သေသေချာချာ

လွမ်းလို့ နေပြန်ရော

(၃)
ကိုသျှိုင်းရဲဝံ့ ပြန်သွားပြီ။ ကိုယ် သစ်ဦး ပြန်သွားပြီ။ ကိုဟိန်းထက်လွင် ပြန်သွားပြီ။ ရဲရင့်ပိုင်အောင် ပြန်သွား ပြီ။ ကိုအောင်ခန့်မိုး ပြန်သွားပြီ။ လ္ဘက်ရည်ဆိုင်မှာ  မိမိတစ်ယောက် တည်း။ မိုးကရွာနေသည်။  စိတ်တွေ က ဟိုရောက် ဒီရောက်။ အတိတ်မှာ လည်း တဝဲလည်လည်။ ပစ္စုပ္ပန်လည်း ကူးလူးသွားလာ။ မိမိကဗျာများ မိမိကို နှိပ်စက်နေသည်။ ကြကွဲခြင်း ကဗျာက ကြေကွဲခြင်း စကားလုံး အချစ်ကဗျာက နာကျင်စကားလုံး။ နာကြင်ကြေကွဲ…။

တကယ်တော့ အခုအချိန် မိမိဘဝမှာ လိုအပ်ချက်တွေ သိပ်မလို အပ်တော့ဘူးလို့ ထင်မိသည်။ စား ဝတ်နေရေး သိပ်မပူပင်ရ။ စာပေ လည်း ကျေနပ်လောက်အောင် မ ဟုတ်ပေမယ့် အထိုက်အလျောက် တော့ ရေးနိုင်သည်။ စာလည်း ဖတ် နိုင်သည်။ အဝေးကြီး မသွားနိုင်ပေ မယ့် လမ်းထိပ်ဂျာနယ်ဆိုင်ကို သွားရင်း ဂျာနယ်တွေ တစ်စောင်ပြီး တစ်ဆောင်ဖတ်နိုင်သည်။ ဆီးချို ရောဂါ နှလုံးရောဂါတွေ ရှိပေမယ့် ဆေးတွေသောက်ပြီး ထိန်းနိုင် သည်။ ဆေးဖိုးဝါးခလည်း သားသမီး တွေက စီစဉ်ပေးသည်။ ဘာတွေ လို အပ်နေပါသလဲ။
မခုတလော အလိုလို နေရင်း ဝမ်းနည်းစိတ်ဝင်နေသည်။ ဘာ မဟုတ်တာလေးနဲ့ ဝမ်းနည်းတတ် သည်။ ဝမ်းသာစရာ စကားတစ်ခွန်း ပြောချင်တာ ပြောရမယ့်လူ မရှိ။ မိသားစုထဲက တစ်ယောက်ယောက် ကို ပြောလိုက်ချင်သည်။ သူတို့ကိစ္စ သူတို့အလုပ်တွေနဲ့ ရှုပ်နေတော့ မိမိစကားကို နားထောင်မည့်သူမရှိ။

မိုးကမစဲသေး။ သဲသဲမဲမဲရွာနေ ၏။ ပြောစရာစကားမပြောရတာနဲ့ ဒီလောက်နာကျင်ကြေကွဲစရာလား။ မိမိကိုယ် မိမိပြန်မေးခွန်း ပြန်မေးမိ ပေမယ့် တိကျရေရာတဲ့ အဖြေကို မိမိမရှာတတ်။ “ဘဝက အဲဒီလောက် ခွင့်ပြုမှာ မဟုတ်ဘူး။စည်းပေါင်းများစွာ ခြားနေတဲ့ အဖြစ်တွေ” အဲဒီကဗျာတစ်ပိုဒ်ကလည်း အခုအချိန်မှာ အကျုံးဝင်သေးတယ်လို့ ပြောလို့ရပါဦးမည်လား။ပြည့်စုံမှုနဲ့ မပြည့်စုံမှုဟာ ဘဝ မှာ ဘယ်လောက်အရေးကြီးသလဲ။ ရုပ်ဝတ္ထုပြည့်စုံမှုနဲ့ စိတ်ပိုင်း အခြေ အနေပြည့်စုံမှု ဘယ်ဟာက ပိုအရေး ကြီးသလဲ။

မိမိမှာသားတစ်ယောက်နှင့် သမီး သုံးယောက် ရှိသည်။ စာပေဝါသနာ တစ်ယောက်လောက်တာ့ ပါစေ့ချင် သည်။ သမီးလေးနှင့် စာအကြောင်း ပေအကြောင်း ဖောင်ဖွဲ့ချင်သည်။ တောအကြောင်း တောင်အကြောင်း စကားပြောချင်သည်။ ဤကိစ္စနှင့် ကော နာကျင်ကြေကွဲက ဆက်စပ် ပါသလား။ မိမိ သေသေချာချာ မသိပါ။ သေချာတာက မိုးတိတ်လျှင် အိမ်ပြန်ရမည်။ ဘယ်သူမှမရှိသည့် အိမ်ကို တံခါးဖွင့်ဝင်ရမည်။ သမီး လေးချက်ပေးသည့် ဟင်းနဲ့ တစ် ယောက်တည်း ထမင်းစားရမည်။ အဲဒါက ပိုပြီးသေချာသည်။
နောက်ထပ်ပိုပြီး သေချာတာက နာကျင်ကြေကွဲစရာတွေ အချိန်မရွေး ဘဝထဲဝင်လာနိုင်တာကို မိမိ၏ ဘဝအတွေ့အကြုံအရ သိနေတာပဲ ဖြစ်သည်။

မောင်ကြည်သာ(တောင်တွင်း)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071