Tuesday, January 20, 2026

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀)...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယခုလ (ဇန်နဝါရီ ၃၀) က စတင်ကာ ပြုလုပ်မည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားကိုမူ (ဇန်နဝါရီ ၃၁) ရက်တွင်...
HomeInternationalနယ်မြေကိစ္စနှင့်ပတ်သက်၍တနင်္ဂနွေနေ့တွင်ထရမ့်ပ်နှင့် ဆွေးနွေးမည်--ဇလန်းစကီး

နယ်မြေကိစ္စနှင့်ပတ်သက်၍တနင်္ဂနွေနေ့တွင်ထရမ့်ပ်နှင့် ဆွေးနွေးမည်–ဇလန်းစကီး

စစ်ပွဲအဆုံးအသတ်ရေး ဆွေးနွေးပွဲများတွင် အဓိကအဟန့်အတားဖြစ်နေသော နယ်မြေဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တနင်္ဂနွေနေ့တွင် ဖလော်ရီဒါ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဆွေးနွေးရန်လိုလားလျှက်ရှိသည်။ လက်ရှိတွင် အချက် ၂၀ ပါ ငြိမ်းချမ်းရေးမူဘောင်နှင့် လုံခြုံရေးအာမခံချက်ဆိုင်ရာ သဘောတူညီချက်တို့သည် ပြီးစီးလုနီး အခြေအနေရောက်နေသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အ‌ေ-သအပျေ-ာက်အများဆုံး ပဋိပက္ခဖြစ်သော ယူကရိန်းစစ်ပွဲကို အဆုံးသ-တ်ရန်အတွက် ဝါရှင်တန်က တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး “နှစ်သစ်ကူးမတိုင်မီ အရာများစွာကို ဆုံးဖြတ်ရနိုင်ပါတယ်” ဟု ထရမ့်ပ်နှင့် ဆွေးနွေးပွဲအကြောင်း ကြေညာရာတွင် ဇလန်းစကီးက ပြောဆိုခဲ့သည်။

ယူကရိန်းနှင့် အမေရိကအကြား လုံခြုံရေးအာမခံချက်ဆိုင်ရာ သဘောတူညီချက်သည် အသင့်ဖြစ်လုနီးပါးဖြစ်နေကာ အချက် ၂၀ ပါ အစီအစဉ်မူကြမ်းသည် ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဟု ဇလန်းစကီးက WhatsApp chat တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ငါ အတည်မပြုမချင်းတော့ သူ့မှာ ဘာသဘောတူညီချက်မှမရှိသေးပါဘူး” ဟု ထရမ့်ပ်က သောကြာနေ့က ထုတ်လွှင့်ခဲ့သည့် Politico သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပြီး “သူ့မှာဘာရှိနေပြီလဲဆိုတာ ကြည့်ကြတာပေါ့” ဟု ဆိုခဲ့သည်။

အမေရိကသည် ၁၅ နှစ်သက်တမ်းရှိ သက်တမ်းတိုးနိုင်သော လုံခြုံရေးအာမခံချက်ကို ကမ်းလှမ်းထားပြီး ကိဗ်ဘက်ကမူ ပိုမိုသက်တမ်းရှည်သော သဘောတူညီချက်ကို လိုချင်ကြောင်း ဇလန်းစကီးက Axios ကို ပြောကြားခဲ့သည်။

ယူကရိန်းသည် အတိတ်ကာလက မဟာမိတ်များထံမှ အလုပ်မဖြစ်သော လုံခြုံရေးအာမခံချက်များကို သတိထားဆင်ခြင်ကာ ရုရှား၏ နောက်ထပ်ကျူးကျော်မှုမှ ကာကွယ်ပေးမည့် ခိုင်မာပြီး ဥပဒေကြောင်းအရ ဆောင်ရွက်ခွင့်ရှိသော သဘောတူညီချက်မျိုးရရန် ကြိုးပမ်းနေသည်။

ထရမ့်ပ်နှင့် ၎င်း၏ ဆွေးနွေးပွဲသည် မူကြမ်းများတွင် ပိုမိုကောင်းမွန်သောအရာများအတွက် လုပ်ဆောင်ရန်နှင့် ယူကရိန်း၏ စီးပွားရေးနှင့်ဆက်စပ်သော အလားအလာရှိ သဘောတူညီချက်များအတွက် ဆွေးနွေးရန်ရည်ရွယ်ကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။

Ref: ကေအက်စ်အယ်လ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့် ကားများ သည် နှင်းအောက်သို့ မြုပ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရို-က်တာသတင်းဌာန၏ မှတ်တမ်းများနှင့် မိုးလေဝသစောင့်ကြည့်ရေးစခန်းများအရ သိရသည်။ မိုးလေဝသစခန်းများ၏ အဆိုအရ အချို့ဒေသများတွင် ဒီဇင်ဘာလအတွင်း နှင်းထု ၃.၇ မီတာအထိ ကျခဲ့ပြီးနောက် ယခု ဇန်နဝါရီလ ပထမလဝက်အတွင်းမှာပင် နှင်း ၂ မီတာ (၆.၅ ပေ) ကျော် ထပ်မံကျခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071