မြောက်ကိုရီးယားနှင့် ဗီယက်နမ်တို့သည် ကာကွယ်ရေး၊ နိုင်ငံခြားရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနများအပါအဝင် နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်ဟု မြောက်ကိုရီးယားအစိုးပိုင် ကေစီအင်န်အေသတင်းဌာနက စနေနေ့တွင် သတင်း ရေးသားဖော်ပြလိုက်သည်။
သောကြာနေ့က လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက် အသေးစိတ်ကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။
မြောက်ကိုရီးယား၏ အာဏာရအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ရန်အတွက် ဗီယက်နမ်ကွန်မြူနစ်ပါတီအကြီးအကဲ တူလမ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယခုသီတင်းပတ်တွင် ပြုံယမ်းကို ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
တူလမ်၏ ခရီးစဉ်သည် မြောက်က်ကိုရီးယား နိုင်ငံသို့ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ဗီယက်နမ်ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်ခဲ့သည်။
Ref သည်အီကော်နောမစ်တိုင်းမ်စ်
